ချန်ပီယံလိဒ်ပွဲစဥ်

ချန်ပီယံလိဒ်ပွဲစဥ်  နှစ်သင်းစလုံးမှာ ဦးတည်ချက်မရှိတာချင်းတူပါတယ် အဓိက မန်စီးတီးအသင်းဆိုရင် နောက်တစ်ဆင့် ဆန်ကာတင်သွားခဲ့ပါပြီ Red Star Belgrade အသင်းရဲ့အစစအရာရာ မန်စီးတီးကို ယှဉ်လို့မရပေမယ့် ကိုယ့်အိမ်ကွင်းဖြစ်ပြီး ပြိုင်ဘက်က အပီကစားဖို့လည်းမရှိပါဘူး အစစအရာရာကြည့်ပြီးပြောရင် Red Star Belgrade အသင်းက မန်စီးတီးကို မခံနိုင်လောက်ပါဘူး နည်းနည်းကံကောင်းရင်တော့ တစ်ယောက်တစ်မှတ် ခွဲယူသွားနိုင်ရင်နိုင်လိမ့်မယ် သူတို့ရဲ့ ဒီအစီစဉ်ထဲကအခြေနေ အပယ်ခံထိသွားပါပြီ ကစားခဲ့သမျှတွေထဲမှာ တစ်ပွဲမှလည်း အနိုင်မရခဲ့သေးပါဘူး ဒီပွဲ ကစားသမား Rotation ရှိမယ့်မန်စီးတီးနဲ့ ကစားရမှာဆိုပေမယ့် အရည်သွေးပိုင်းကတော့ မန်စီးတီးဘက်က အရမ်းပဲ ပိုသာနေတုန်းဖြစ်ပါတယ် အဲ့ဒီလိုနဲ့ပဲ အနိုင်ရသွားမယ့်အသင်းကို ရွေးရမယ်ဆိုရင် မန်စီးတီးဖြစ်ဖို့ ပိုများပါတယ်။

Red star belgrade : Barak Bakhar နည်းပြလက်ထဲက Red Star Belgrade အသင်းဟာ နောက်ဆုံးတစ်ပွဲကမှ Mladost Lusani ကို ၃-၁ နဲ့ ရှုံးနိမ့်လာပါတယ် သူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ ခြေစွမ်းတွေပြနိုင်ပြီး ၅ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် ၁၃ ဂိုးသွင်းနိုင်ပြီး ၅ ဂိုးထဲပဲ ပြန်သွင်းခံထိခဲ့တယ် အိမ်ကွင်းသီးသန့် နောက်ဆူံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ အရှုံးဖြစ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိထားတဲ့ ကစားသမားတွေ မရှိပါဘူး အဓိကကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ Red Star Belgrade အသင်းက ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ် ပထမကျော့တုန်းက မန်စီးတီးဂိုးကို သွင်းခဲ့တဲ့ Osman Bugari က ဦးဆောင်လာမှာဖြစ်ပြီး အသင်းရဲ့ဖန်တီးရှင် Jean-Philippe Crasso လည်း ပါဝင်ကစားခဲ့ကြလိမ့်မယ် Hwang In-beom, Mirko Ivanic နဲ့ Marko Stemenik တို့ကိုကျတော့ ကွင်းလယ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ်။

 

Manchester City : ပက်ဂွါဒီယိုလာနည်းပြလက်ထဲကမန်စီးတီးအသင်းကျတော့ အခုမှလူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ၁၃ ဂိုးသွင်းနိုင်ပြီး ၁၂ ဂိုးတောင် ပြန်သွင်းခံထိခဲ့တယ် အဝေးကွင်းသီးသန့်ကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် ၁၂ ဂိုးသွင်းနိုင်ပြီး ၇ ဂိုးပြန်သွင်းခံထိခဲ့ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ နောက်နှစ်မှပဲ ပြန်ဆင်းကစားနိုင်တဲ့ Kevin de Bruyne အပြင် Jeremy Dogu နဲ့ Erling Haaland တို့လည်း မရှိသေးပါဘူး နှစ်ယောက်လုံး ဒဏ်ရာရထားကြတော့ ဒီပွဲပါဖို့ မရှိလောက်သေးပါဘူး ပ်ကက ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် Striker နေရာ ဟာလန်းမရှိသေးတော့ Julian Alvarez ကိုပဲ တာဝန်ပေးထားလောက်တယ် တိုက်စစ်ပိုင်းနေရာ Matheus Nunes, Jack Grealish ပြီးတော့ Oscar Bobb တို့ကိုပဲ ကစားပြွဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် ကွင်းလယ်ပိုင်းနေရာကျတော့ Mateo Kovacic နဲ့ Calvin Phillips တို့ပဲ ဖြစ်မယ်ထင်တယ်။

11 Players

Red star belgrade (4-2-3-1) : Glazer; Nedeljkovic, Djiga, Dragovic, Mijailovic, Rodic; In-Beom, Stamenic, Ivanic; Krasso, Bukari

Manchester City (4-2-3-1) : Ortega; Lewis, Stones Akanji, Gomez; Phillips, Kovacic; Bobb, Nunes, Grealish; Alvarez

Missing Players

Red star belgrade – ဒဏ်ရာရထားသောကစားသမားမရှိပါ

Manchester City –  Zack Steffen (Knee surgery), Kevin De Bruyne (Partial muscle tear), E.Haalan (Foot Injury), Jeremy Doku (Leg Injury)

Facebook

နယူးကာဆယ် vs အေစီ [13 Dec 23 - 02:30 hrs]

နှစ်သင်းစလုံးမှာ အနိုင်လိုချင်တာချင်းတူနေတဲ့အတွက် အပီဝင်လုံးကြမှာသေချာတယ် နှစ်သင်းစလုံးမှာ နောက်တစ်ဆင့် ချန်ပီယံလိဒ်ပွဲစဥ် ဆန်ကာတင်ဖို့အခွင့်ရေး ရှိနေတုန်းဖြစ်တယ် နယူးကာဆယ်အသင်းရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိပါဘူး ဒါပေမယ့်လည်း အိမ်ကွင်းနဲ့ ကစားရတဲ့အခါမှာတော့ ခြေစွမ်းပြတတ်ပါတယ် အေစီအသင်းမှာလည်း အခုနောက်ပိုင်း အခြေနေသိပ်မကောင်းပါဘူး ဒါပေမယ့် ဒီပွဲ အရှက်ပြန်ယူဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ် ကစားသမားအသီးသီးရဲ့ ဒဏ်ရာရထားမှုဟာ နယူးကာဆယ်အတွက် အရမ်းထိခိုက်နေပါတယ် ဘာကြောင့်လဲဆိုတော့ ပထမ ၁၁ ယောက်အဖွဲ့အစုကို ဆက်တိုက် အသုံးပြုနေရလို့ပါ အဲ့တာနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ တော်တော်ဖြစ်နေကြတယ် ဒီပွဲ ကိုယ့်အိမ်ကါင်းနဲ့ ကစားရမှာဆိုပေမယ့် အသင်းအခြေနေက သိပ်မကောင်းတော့ အေစီအသင်းကို အကျောရမနေပါဘူး နောက်ပြီး အေစီအသင်းကလည်း ၃ မှတ်လိုချင်နေတာဆိုတော့ အချင်းချင်း တိုက်စစ်ဆင်ပြီးဝင်လုံးကြမှာသေချာတယ် နောက်ဆုံးမှာတော့ တိုက်စစ်ပိုင်းပြတ်သားမှုပိုရှိတဲ့ နယူးကာဆယ်တို့ပဲ ပျော်ရလောက်တယ် Miguel Almiron, Alexander Isak, Anthony Gordon ဆိုတဲ့တိုက်စစ်မှူးတွေက အခုနောက်ပိုင်း အခြေနေကောင်းတယ် နည်းနည်းပျော့နေတဲ့ အေစီရဲ့ခံစစ်ပိုင်းကိုလည်း ဖောက်ထွင်းနိုင်မယ်ထင်ပါတယ်။

Newcastel United  : Eddie Howe နည်းပြလက်ထဲက နယူးကာဆယ်အသင်းဟာ အခုမှစပါးကို ၁-၄ နဲ့ ရှုံးနိမ့်လာပါတယ် Nick Pope, Jacob Murphy, Dan Byrne, Suan Boseman နဲ့ Javier Barnes တို့အားလုံး ဒဏ်ရာရထားတုန်း ဖြစ်ပါတယ် ဒါပေမယ့် Callum Wilson နဲ့တစ်ယောက်ကတော့ အဆင်သင့်ပြန်ဖြစ်သွားခဲ့ပါပြီ ဒီပွဲ ခံစစ်ပိုင်းနေရာ Fabian Schar နဲ့ Jamal Lascelles တို့နှစ်ယောက်ကို ကွင်းလယ်ခံအနေနဲ့ အတူတူ ဆင်းခိုင်းလိမ့်မယ် Kieran Trippier နဲ့ Valentino Livramento တို့နှစ်ယောက်ကျတော့ ဘယ်-ညာခံစစ်နေရာ တာဝန်ပေးထားလောက်တယ် ကွင်းလယ်ပိုင်းနေရာကျတော့ Louis Miley နဲ့ Joe Linton တို့နှစ်ယောက်ကို ထိန်းခိုင်းပြီး တိုက်စစ်ပိုင်းနေရာ Alexander Isak ကိုပဲ Miguel Almiron နဲ့ Anthony Gordon တို့နဲ့အတူ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

 

AC Milan : Stefano Pioli နည်းပြလက်ထဲက အေစီအသင်းကျတော့ အခုမှ အတ္တလန္တာကို ၂-၃ နဲ့ ရှုံးနိမ့်လာပါတယ် သူတို့ဆီမှာလည်း ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် Pierre Kalulu, Simon Kjaer, Noah Okafor နဲ့ Malik Teo တို့လိုကစားသမားတွေအားလုံး ဒဏ်ရာရထားကြပါတယ် Rafael Leao ဆိုတဲ့တိုက်စစ်မှူး ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ကွင်းလယ်ပိုင်းအတွက် ရွေးချယ်မှုတစ်ခုဖြစ်တဲ့ Yunus Musah လည်း ဘန်းစာရင်းမှ လွတ်မြောက်လာပါပြီ Center Half နေရာ Fikayo Tomori လောက်ပဲ အဆင်သင့် ဖြစ်နေတယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ကစားကြမယ်ထင်တယ် ခံစစ်ပိုင်းနေရာ Davide Calabria, Fikayo Tomori, Theo Hernandez နဲ့ Alessandro Florenzi တို့ကိုတာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာ Ruben Loftus-Cheek က Tiyani Reiders, Yunus Musah တို့နဲ့အတူ ဆင်းထိန်းမယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Rafael Leao က Christian Pulisic နဲ့အတူ ကစားပွဲဖန်တီးမယ် Striker မေရာကျတော့ Olivier Giroud ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Newcastel United (4-3-3) : Dubravka; Trippier, Lascelles, Schar, Livramento; Joelinton, Guimaraes, Longstaff; Almiron, Isak, Gordon

 

AC Milan (4-3-3) : Maignan; Calabria, Tomori, Hernandez, Florenzi; Loftus-Cheek, Reijnders, Musah; Chukwueze, Giroud, Leao

Missing Players

Newcastel United – Matt Ritchie (No eligibility), Javier Manquillo (No eligibility), Mark Gillespie (No eligibility), Emil Krafth (No eligibility), Nick Pope (Shoulder injury), Harvey Barnes (Foot injury), Joe Willock (Achilles tendon problems), Jacob Murphy (Shoulder injury), Elliot Anderson (Back injury), Dan Burn (Back injury), Sven Botman (Knee injury), Matt Targett (Hamstring injury)

 

AC Milan – Noah Okafor (Hamstring muscle injury), Marco Sportiello (muscular problems), Mattia Caldara (Ankle surgery), Malick Thiaw (Hamstring muscle injury), Pierre Kalulu (Patellar tendon problems)

Facebook