ချန်ပီယံလိဒ်ပွဲစဥ်များ

မန်စီးတီး Vs ကိုပါဟက်ကင် [6 Mar 24 - 02.30 hrs]

ချန်ပီယံလိဒ်ပွဲစဥ်များ  မန်စီးတီးအသင်းဟာ အခုမှ တစ်မြို့တည်းသောရန်သူကို ၃-၁ နဲ့ ထောင်းလွှတ်လာပါတယ် အဲ့ဒီတော့ ဒီပွဲ အချို့ Position အတွက် Rotation ရှိလိမ့်မယ် ဒါပေမယ့် တောင့်တင်းမှုတော့ ရှိနေတုန်ပါပဲ တနင်္ဂနွေနေ့ကရင် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ တိုက်ခိုက်ဖို့ရှိနေသေးတဲ့အတွက် အဓိကကစားသမား တော်တော်များများကို အနားပေးထားလိမ့်မယ် နောက်ပြီး ဒီပွဲ မန်စီးတီးဘက်က အစစအရာရာပဲ ပိုသာနေတယ် အရမ်းပိုသာနေတယ် အခြေခံခြေစွမ်းကစ အိမ်ရှင်အသင်းပါဖြစ်နေတယ် အဲ့တော့ မန်စီးတီးမှာ စိတ်ဖိစီးမှုမရှိပဲ ဆင်းကစားခဲ့ရလိမ့်မယ် ဧည့်သည်အသင်းကျတော့ ခံစစ်ပိတ်ပြီးစောင့်နေလို့မရပါဘူး ဘာလို့လဲဆိုတော့ မန်စီးတီးရဲ့ နောက်ကနေ ၂ ဂိုးတောင်လိုက်ရမှာမလို့ပါ ကစားပွဲအနေအထားကတော့ ဒီပွဲ မန်စီးတီးဘက်က ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ကိုပါဟက်ကင်အသင်းက ခံစစ်ပိတ်ပြီး သွက်လက်တဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားပေမယ့် မန်စီးတီးကို ခံနိုင်မယ်မထင်ပါဘူး မန်စီးတီးဘက်က ဖိုဒန်း၊ ဒီဘရိုင်း၊ ဒိုကူနဲ့ ဟာလန်းတို့ရဲ့ ပြတ်သားမှုနဲ့သွက်လက်ချက်ကို အားကိုးပြီး ဂိုးဝင်သွင်းသွားလိမ့်မယ် နောက်ဆုံးမှာတော့ မန်စီးတီးဘက်ကပဲ နောက်ဆုံး ၈ သင်းအဆင့် တက်ရောက်သွားလိမ့်မယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း ပြီးခဲ့တဲ့အပတ်အတွင်း တနင်္ဂနွေနေ့တုန်းကမှ တစ်မြို့တည်းသောရန်သူကို ၃-၁ နဲ့ တက်ထောင်းလာပါတယ် အဲ့တာနဲ့ပဲ မန်စီးတီးမှာ လောလောဆယ် တော်တော်တက်ကြွနေကြလောက်တယ် ချန်ပီယံလိဂ်ထဲမှာ အခြေနေတော်တော်လည်းကောင်းနေတယ် ပထမကျော့တုန်းကဆိုရင် ကိုပါဟက်ကင်ကို ၃-၁ နဲ့ အရင်နိုင်ထားတယ် ဒီပွဲအတွက် အဆင်သင့်ဖြစ်မှုကတော့ ဒဏ်ရာရထားတဲ့ Jack Grealish ကိုပဲ အသုံးပြုလို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပထမတစ်ပွဲ ၂ ဂိုးတောင် အရင်ဦးထားနိုင်တဲ့အတွက် ပက်က လီဗာပူးလ်နဲ့ပွဲမှာကိုင်တွယ်ဖို့ အချို့အဓိကကစားသမားကို သိမ်းထားလိမ့်မယ် ဒီပွဲ ခံစစ်ပိုင်းနေရာမှာ Ruben Dias, Manuel Akanji တို့နှစ်ယောက်ကို ကွင်းလယ်ခံစစ်နေရာမှာတာဝန်ပေးပြီး ဘယ်နဲ့ညာဘက်မှာကျတော့ Kyle Walker, Nathan Age တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် Rodri, Mateo Kovacic တို့ကိုကျတော့ ကွင်းလယ်ပိုင်းကနေ ကစားပွဲထိန်းချုပ်ဖို့စီးစဉ်ထားပြီး Kevin De Bruyne joins forces with Phil Foden, Jeremy Dogu တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Striker နေရာကနေ ဂိုးသွင်းဖို့ ဟာလန်းကိုပဲ တာဝန်ပေးထားလိမ့်မယ်။

FC Copenhagen : ကိုပါဟက်ကင်အသင်းကျတော့ အခုမှ ဒိန်းမတ်လိဂ်ထဲမှာ Midtjylland ကို ၀-၂ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့အနေအထားနဲ့ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဆိုတော့ တော်တော်ပင်ပန်းလိမ့်မယ် နောက်ပြီး သူတို့က အီတီဟတ်ကွင်းနဲ့ ၂ ဂိုးမှအထက်တောင် သွင်းယူရမှာဆိုတော့ မထင်မှတ်တဲ့ အံဖွယ်ရာတွေ ဖြစ်ပေါ်မှ ဖြစ်နိုင်မယ်ထင်တယ် ကိုပါဟက်ကင်မှာ ဒီပွဲ အရေးကြီးသော ကွင်းလယ်ကစားသမား Lucas Lerager မရှိသေးပါဘူး အခုမှ ပွဲပယ်စာရင်းကနေ လွတ်မြောက်လာတာကို ဒဏ်ရာထပ်ရသွားလို့ပါ Viktor Classon နဲ့ Davit Kosholova တို့မှာလည်း ဒဏ်ရာရထားကြပါတယ် ကြားထဲ Theo Sander နဲ့ Emile Hojlund တို့မှာလည်း အခြေနေသိပ်မကောင်းပါဘူး ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့ ခံစစ်ပိုင်း‌နေရာမှာ Kevin Dicks, Denis Vavro တို့နှစ်ယောက်ကို ကွင်းလယ်ခံစစ်အနေနဲ့ တာဝန်ပေးပြီး Diogo Gonsalves ကျတော့ Rasmus Falk, Magnus Mattson တို့ကိုပဲ ကစားပြွလှုပ်ရှားဖို့တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Mohamed Elyounoussi, Mohamed Ashouri, Victor Classon တို့ ၃ ယောက်ကိုပဲ တွဲထားပြီး ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester City (4-1-4-1) : Ederson; Walker, Dias, Ake, Gvardiol; Kovacic, Rodri; Foden, Alvarez, Doku; Haaland

FC Copenhagen (4-3-3) : Grabara; Jelert, Vavro, McKenna, Diks; Goncalves, Falk, Mattsson; Elyounoussi, Larsson, Achouri

Missing Players

Manchester City – Jack Grealish (Muscle Injury)

FC Copenhagen – Davit Khocholava (Knee problems), Lukas Lerager (unknown injury), Theo Sander (Knee surgery), Viktor Claesson

Facebook

ပထမကျော့တုန်းကရီးရဲလ်ဘက်က အရင်ကပ်နိုင်ထားထားတော့ အကျောလေးတော်တော်ရသွားပါတယ် နောက်ပြီး ဒီရာသီမှာ ရီးရဲလ်အသင်းရဲ့အခြေနေက အရမ်းပဲကောင်းနေတယ် ချန်ပီယံလိဒ်ပွဲစဥ်များ  လိုက်ပ်ဇစ်အသင်းကျတော့ စွမ်းဆောင်ရာ တိကျမှုမရှိပေမယ့် ၁ ဂိုးထဲပဲ လိုက်ရမှာဆိုတော့ နောက်တစ်ဆင့်အတွက် ရင်ခုန်လို့ရပါသေးတယ် နှစ်သင်းစလုံးရဲ့အင်အားကို ယှဉ်ကြည့်ရင် ကျွဲရိုင်းမြို့တော်မှအသင်း နည်းနည်းပိုသာပါတယ် ဒါပေမယ့်လည်း လိုက်ပ်ဇစ်ဘက်က လွယ်လွယ်လေးနဲ့ စိတ်လျှော့မယ်မထင်ပါဘူး ဒီပွဲ တော်တော်လေးကြည့်ကောင်းမယ့် တိုက်ခိုက်ပွဲလေးဖြစ်လိမ့်မယ် နောက်ဆုံးမှာတော့ ရီးရဲလ်ဘက်ကိုပဲ ပိုယုံပါတယ် ရီးရဲလ်အသင်းကပဲ ၈ သင်းအဆင့် တက်ရောက်သွားမယ်လို့ ယုံကြည်ထားပါတယ်။

Real Madrid : စပိန်လာလီဂါအဆင့် ၁ မှ အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတလော စွမ်းဆောင်ရည်တွေ အရမ်းကောင်းနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက လိဂ်ပွဲဖြစ်ပြီး ဗလင်စီယာနဲ့ ၂-၂ သရေကျလာပါတယ် အဲ့ပွဲ Jude Bellingham ရဲ့ ခေါင်းတိုက်ချက်ကြောင့် ဂိုးဖြစ်သွားပေမယ့် ဒိုင်လူကြီးက ပွဲအရင်ဖြတ်လိုက်လို့ အပြောအဆို တော်တော်ဖြစ်သွားသေးတယ် ဒီအစီစဉ်ထဲမှာ ပထမကျော့တုန်းက လိုက်ပ်ဇစ်ကို ၁-၀ နဲ့ အရင်ဦးထားပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ David Alaba, Thibaut Courtois နဲ့ Eder Militao တို့ မရှိသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Jude Bellingham ကျတော့ ဗလင်စီယာနဲ့ ၂-၂ သရေကျသွားတဲ့ပွဲမှာ အနီကဒ်ရသွားပေမယ့် ချန်ပီယံလိဂ်နဲ့မဆိုင်တော့ ဆင်းကစားနိုင်ပါတယ် ဒီပွဲ အသင်းနည်းပြက သူ့အသင်းအချို့နေရာကို ပြောင်းလဲလိမ့်မယ် ဒုတိယကစားသမားတွေကို အသုံးပြုဖို့ရှိတယ် ဒီပွဲ ၄-၃-၁-၂ စနစ်နဲ့ ခံစစ်ပိုင်း ၄ ယောက်အတွက် Dani Carvajal, Aurelien Chouameny, Antonio Rudiger နဲ့ Ferland Mendy တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Federico Valverde, Toni Kroos နဲ့ Luka Modric တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Jude Bellingham က Rodrygo Goes နဲ့ Vinicius Jr. တို့အတွက် ဂိုးသွင်းဖို့ အခွင့်အရေး ဖန်တီးပေးလိမ့်မယ်။

 

RB Leipzig : ဂျာမနီဘွန်ဒက်လီဂါမှာ နာမည်ကြီးလိုက်ပ်ဇစ်အသင်းကျတော့ စွမ်းဆောင်ရည် တိကျမှုမရှိသေးပါဘူး နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် နောက်တစ်ပွဲတုန်းက လိဂ်ပွဲစဉ်ဖြစ်ပြီး ဘိုချန်ကို ၄-၁ နဲ့ အနိုင်ရလာပါတယ် အဲ့တာနဲ့ပဲ သူတို့ အမှတ်ဇယားအတွင်း အဆင့် ၅ မှာရပ်တည်နေပါတယ် ဒီအစီစဉ်ထဲမှာကျတော့ ပထမကျော့တုန်းက ရီးရဲလ်ကိုမှားပြီ ၀-၁ နဲ့ အရင်ရှုံးထားပါတယ် ဒီပွဲ ဒဏ်ရာရထားတဲ့ Lucas Gloucester ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဘိုချန်နဲ့တစ်ပွဲတုန်းက ဆင်းကစားခဲ့တဲ့ အချို့ကစားသမားရဲ့ Position လောက်ပဲ ပြောင်းလဲတာရှိမယ် လိုက်ပ်ဇစ်အသင်းက ဒီပွဲ ၄-၂-၂-၂ စနစ်နဲ့ ခံစစ်နေရာမှာ Benjamin Henrikhs, Willy Orban, Castello Luqueba နဲ့ David Rom တို့ကိုတာဝန်ပေးထားပြီး  Amadou Edara နဲ့ Schaver Schlager တို့ကိုကျတော့ ကစားပွဲဖြတ်ချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာမှာကျတော့ Dani Olmo နဲ့ Xabi Simons တို့ကိုပဲ အခွင့်အရေးဖန်တီးဖို့တာဝန်ပေးပြီး Benjamin Cesco နဲ့ Luis Openda တို့ကိုကျတော့  ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Real Madrid (4-3-1-2) : Lunin; Carvajal, Tchouameni, Rudiger, Mendy; Valverde, Camavinga, Kroos; Bellingham; Rodrygo, Vinicius Jr

RB Leipzig (4-2-2-2) : Gulacsi; Henrichs, Orban, Lukeba, Raum; Olmo, Haidara, Schlager, Simons; Openda, Sesko

Missing Players

Real Madrid – Éder Militão (Cruciate ligament tear), Thibaut Courtois (Cruciate ligament tear), David Alaba (Cruciate ligament tear)

RB Leipzig – Lukas Klostermann (Hamstring injury),M.Simakan

Facebook