ချန်ပီယံလိဂ်ပြိုင်ပွဲ စဉ်များ

ဘိုင်ယန် Vs လာဇီယို [ 5 Mar 23 - 02:30 hrs]

ချန်ပီယံလိဂ်ပြိုင်ပွဲ စဉ်များ ဘိုင်ယန်အသင်းဟာ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် နည်းနည်းတော့ပြန်ကောင်းလာပါပြီ အစ သူတို့မှာ ဆက်တိုက်ရှုံးနိမ့်ပြီး နောက်ဆုံး ၂ ပွဲရောက်တော့မှ ပုံစံကောင်းပြန်ရသွားပါတယ် ပထမတစ်ပွဲ လိုက်ပ်ဇစ်ကို ၂-၁ နဲ့ အနိုင်ရသွားပြီး နောက်တစ်ပွဲ ဖရိဘာဂ်နဲ့ ၂-၂ သရေကျလာတယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့နောက်ဆုံး တစ်ပွဲတုန်းကကျတော့ လာဇီယိုကို ၀-၁ နဲ့ အရင်ရှုံးလာပါတယ် လာဇီယိုအသင်းကျတော့ အလုနောက်ပိုင်း အခြေနေသိပ်မကောင်းပါဘူး နောက်ဆုံး ၂ ပွဲမှာလည်း ရှုံးထားတယ် သူတို့ရဲ့ခံစစ်ပိုင်းက အားနည်းနေတယ် လာဇီယိုအသင်းက နောက်တစ်ဆင့်အထိ ရည်ရွယ်ထားလို့ရှိရင်တော့ ဒီအဝေးကွင်းနဲ့ပွဲကို ကောင်းသောပုံစံ ပြနိုင်ဖို့လိုပါတယ် ဒီကစားပွဲအနေအထားကတော့ ဘိုင်ယန်အသင်း ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် အခုနောက်ပိုင်း အစစအရာရာ ကျဆင်းပေမယ့် Position တိုင်းမှာတော့ တောင့်တင်းမှုရှိနေတုန်းပါ နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီး ဘိုင်ယန်ဘက်က ပိုသာပါတယ် Harry Kane, Jamal Musiala, Thomas Muller နဲ့ Mathis Tael တို့ရဲ့တိုက်စစ်ဆင်ကစားခြင်းကို အားကိုးပြီး အနိုင်ကောက်ရသွားလိမ့်မယ်။

Bayern Munich : အိမ်ရှင်ဘိုင်ယန်အသင်းဟာ စွမ်းဆောင်ရည်သိပ်မကောင်းသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းကလည်း ဖရိဘာဂ်နဲ့ ၂-၂ သရေကျလာပါတယ် ဒီရာသီ ၂၄ ပွဲကစားပြီး ၅၄ မှတ်နဲ့ အဆင့် ၂ မှာရပ်တည်နေပါတယ် လာဇီယိုနဲ့ ပထမတစ်ပွဲတုန်းက ၀-၁ နဲ့ အရင်ရှုံးထားတဲ့အတွက် ချန်ပီယံလီဂ်ထဲက နောက်တစ်ဆင့် ဆန်ကာတင်ချင်းသေးတယ်ဆိုရင် ဒီပွဲ ကောင်းသောပုံစံရအောင်တော့ စွမ်းဆောင်ဖို့ လိုလိမ့်မယ် အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ အသင်းနည်းပြမှာ ဒဏ်ရာရထားတဲ့ Nousser Mazrauai, Kingsley Coman, Boona Sarr နဲ့ Sasha Boey တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Serge Gnabry နဲ့ Leroy Sane တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် Dayot Upamecano နဲ့တစ်ယောက်မှာလည်း ပွဲပယ်စာရင်းထဲ ပါသွားတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ အသင်းနည်းပြက ခံစစ်ပိုင်းနေရာမှာ Joshua Kimmich, Kim Min-Jae, Matthijs de Ligt နဲ့ Rafael Guerrero တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Aleksandar Pavlovic နဲ့ Leon Goretzka တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Mathis Tell, Thomas Muller နဲ့ Jamal Musiala တို့ကို တာဝန်ပေးပြီး Striker နေရာကျတော့ ဟယ်ရီကိန်းကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Lazio : လာဇီယိုအသင်းကျတော့ စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ် နောက်ဆုံး ၂ ပွဲတုန်းက နှစ်ပွဲလုံးရှုံးလာတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် အေစီကို ၀-၁ နဲ့ ရှုံးနိမ့်လာပါတယ် ဒီရာသီ ၂၇ ပွဲကစားပြီး အမှတ် ၄၀ နဲ့ အဆင့် ၉ မှာရပ်တည်နေပါတယ် ဒီပွဲမှာတော့ ဘိုင်ယန်တို့ရဲ့အိမ်ကွင်းဆိုပေမယ့် တစ်မှတ်လေးလောက်တော့ ရအောင်ကြိုးစားချင်လိမ့်မယ် အသင်းရဲ့အဆင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Patrick နဲ့ Nicolo Rovella တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အသင်းနည်းပြက သူ့အသင်းရဲံခံစစ်ပိုင်းနေရာမှာ Elseid Hisai, Alessio Romagnoli, Mario Gila နဲ့ Adam Marousic တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Luis Alberto, Matteo Guendouzi နဲ့ Danilo Capaldi တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းအတွက် Gustav Isaksen, Felipe Anderson နဲ့ Ciro Immobile တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Player

Bayern Munich (4-2-3-1) : Neuer; Kimmich, De Ligt, Kim, Davies; Pavlovic, Goretzka; Tel, Muller, Musiala; Kane

Lazio (4-3-3) : Provedel; Marusic, Gila, Romagnoli, Hysaj; Guendouzi, Cataldi, Alberto; Anderson, Immobile, Zaccagni

Missing Players

Bayern Munich – Dayot Upamecano (Red card suspension), Noussair Mazraoui (Torn muscle fiber), Daniel Peretz (Inner ligament injury), Sacha Boey (Torn muscle fiber), Kingsley Coman (Internal ligament tear), Bouna Sarr (Cruciate ligament tear), Tarek Buchmann (Torn muscle bundle)

Lazio – Nicolò Rovella (Inflammation of pubic bone), Luigi Sepe (influenza), Patric (Ankle injury)

Facebook

အိမ်ရှင်အသင်းရဲ့အခြေနေကသိပ်မကောင်းပါဘူး အပယ်ခံထိမယ့်အနေအထားတော်တော်များပါတယ် နောက်ပြီး ဒီပွဲ ၂ ဂိုးမှအထက် သွင်းနိုင်အောင် ကြိုးစားရမှာ ဒါပေမယ့် လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင် မလွယ်ပါဘူး PSG အသင်းကျတော့ စိတ်ဖိစီးမှုသိပ်မရှိပါဘူး ဂိုးအရင်ဦးထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ စဉ်များ ဂိုးအပြတ်နဲ့မရှုံးရင် အဆင်ပြေပါပြီ ဒီလို ရှုံးထွက်အဆင့်မှာ ကိုယ့်အိမ်ကွင်းနဲ့ ဒုတိယကျော့ကစားရတဲ့အသင်းအတွက် အကျောပိုရတယ်လို့ထင်မြင်ထားကြပါတယ် ဒါပေမယ့် ဆိုစီဒက်ကျတော့ အဲ့လိုမဟုတ်ဘူး သူတို့ရဲ့ အိမ်ကွင်းစံချိန်ကလည်း ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် အစစအရာရာယှဉ်ကြည့်တဲ့အခါမှာလည်း PSG ကိုမမှီသေးပါဘူး PSG ဘက်က စွမ်းဆောင်ရည်ကစ ကစားသမားအရည်အသွေးတွေပါ ပိုသာနေတယ် ဆိုစီဒက်က ကိုယ့်အိမ်ကွင်းဆိုပေမယ့် ခြေစွမ်းတော်တော်ကျဆင်းနေတယ် နောက်ပြီး ဒီပွဲ PSG ကို တိုက်စစ်ဆင်ကစားတဲ့စနစ်နဲ့ တိုက်ခိုက်ရမှာဆိုတော့ PSG ရဲ့ သွက်လက်မှုရှိတဲ့ တိုက်စစ်မှူးတွေရဲ့ တန်ပြန်ထိုးဖောက်မှုကို ခံရမယ်ထင်တယ် ဒီပွဲ PSG ဘက်ကပဲ အနိုင်ထပ်ရသွားမှာဖြစ်ပြီး နောက်ဆုံး ၈ သင်းအဆင့်အထိ တက်ရောက်သွားမယ်ထင်ပါတယ်။

Real Sociedad : စပိန်လာလီဂါမှ နာမည်ကြီးအိမ်ရှင်ဆိုစီဒက်အသင်း ပထမကျော့တုန်းက အရင်ရှုံးထားတော့ တော်တော်လေးရုန်းကန်ခဲ့ရလိမ့်မယ် သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည် မကောင်းပါဘူး နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဆီဗီလာကို ၂-၃ နဲ့ ကပ်ရှုံးလာတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဓိကခံစစ်မှူးဖြစ်တဲ့ Aritz Elustondo ကို ကိုင်တွယ်လို့မရသေးပါဘူး သူ့မှာ‌ ခြေချင်းဝတ်ဒဏ်ရာရထားတယ် Alvaro Odriozola, Martin Merquelanz, Ayn Muñoz, Carlos Fernandez တို့ရောပဲ ဒီပွဲ မပါနိုင်ကြသေးပါဘူး Ander Barrenesia ဆိုတဲ့ ဘယ်တောင်ပံကစားသမားကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ဆီဗီလာကို ရှုံးသွားတုန်းကပွဲမှာ ကစားခဲ့တဲ့အဓိကကစားသမားတွေ ဒီပွဲအတွက် အဆင်သင့်ပြန်ဖြစ်သွားပါပြီ Miguel Merino, Robin Le Nordmand, Hamari Traore, အသင်းကပ္ပတိန် Miguel Oyarzabal နဲ့ ဂျပန်လက်ရွေးစဉ် ကစားပွဲဖန်တီးသူ Takefusa Kubo ကစ အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့ တိုက်စစ်နေရာမှာ Andre Silva, Miguel Oyazarbal နဲ့ Takefusa Kubo တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Brais Mendez နဲ့ Miguel Merino တို့ကိုပဲ ကစားပွဲလှုပ်ရှားဖို့ တာဝန်ပေးထားလိမ့်မယ် ခံစစ်နေရာမှာကျတော့ Robin Le Nordmand နဲ့ Igor Zubeldia တို့ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ်။

 

PSG  : ပြင်သစ်လီဂူးမှ နာမည်ကြီး PSG အသင်းကျတော့ နောက်တစ်ဆင့်ဆန်ကာတင်ဖို့အနေအထားကောင်းတယ် ဘာလို့လဲဆိုတော့ ပထမကျော့တုန်းက ၂ ဂိုးအရင်ဦးထားနိုင်လို့ပါ ဒီပွဲ သရေကျသွားတာပဲဖြစ်ဖြစ် ၁ ဂိုးထက်ပိုရှုံးတာပဲဖြစ်ဖြစ် အဆင်ပြေတယ် သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ မဆိုးပါဘူး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက မိုနာကိုအသင်းနဲ့ ၀-၀ သရေကျလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အသင်းကပ္ပတိန်ဖြစ်တဲ့ Marquinhos နဲ့ ခံစစ်ရွေးချယ်မှုအဖြစ် Danilo Pereira လည်း ပြန်လာပါပြီ Marco Asensio နဲ့တစ်ယောက်ကျတော့ မိုနာကိုနဲ့တစ်ပွဲတုန်းက ပထမပိုင်းမှာ ပေါင်ဒဏ်ရာရထားလို့ မပါနိုင်လောက်သေးပါဘူး Milan Skriniar, Sergio Rico, Layvin Gurczawa နဲ့ Presnel Kimpembe တို့မှာလည်း အားလုံးက ဒဏ်ရာရထားကြပါတယ် ဂိုးဖန်တီးရှင်ဖြစ်တဲ့ Kylian Mbappe ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ပထမပိုင်းပဲ ကစားလိုက်ရပြီး အရန်ထိုင်ခုံမှာဆင်းမထိုင်ပဲ ပွဲကြည့်စင်အထိ တက်သွားတဲ့နေရာ ဘာပြသာနာမှမရှိပါဘူး အဓိက ကစားစနစ်ကိုပဲ ဂရုစိုက်ရမယ် ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့တိုက်စစ်ပိုင်းနေရာအတွက် Kylian Mbappe, Ousmane Dembele နဲ့ Bradley Barcola တို့ ၃ ယောက်ကိုပဲ တာဝန်ပေးပြီး Vitinha နဲ့ Manuel Ugarte တို့ကိုကျတော့ ကွင်းလယ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ခံစစ်ပိုင်းအတွက် Danilo Pereira နဲ့ Achraf Hakimi တို့ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ်။

11 Players

Real Sociedad (4-3-3) : Remiro; Traore, Zubeldia, Le Normand, Galan; Mendez, Zubimendi, Merino; Kubo, Silva, Oyarzabal

PSG (4-3-3) : Donnarumma; Hakimi, Pereira, Hernandez, Mendes; Zaire-Emery, Ugarte, Vitinha; Dembele, Mbappe, Barcola

Missing Players

Real Sociedad – Aritz Elustondo (Toe injury), Álvaro Odriozola (Inner ligament stretch of the knee), Carlos Fernández (Meniscus damage), Aihen Muñoz (Cruciate ligament tear)

PSG – Sergio Rico (Fitness), Presnel Kimpembe (Achilles tendon rupture), Milan Skriniar (Ankle injury)

Facebook