ခန့်မှန်းဂိုးရလဒ် ဘုန်းမောက် Vs အာဆင်နယ် [ 30 Sep 23 - 20:30 hrs]

ခန့်မှန်းဂိုးရလဒ် ဘုန်းမောက်အသင်း အခုအချိန်အထိ ခြေစွမ်းမပြနိုင်သေးပါဘူး လိဂ်ပွဲစဉ် ၆ ပွဲကစားပြီး တစ်ပွဲမှမနိုင်သေးပါဘူး ကာရာဘောင်းဖလားပွဲမှာ အနိုင်ရသွားသေးလို့ တော်ပါသေးတယ် ဒီတိုင်းပဲဆိုရင်တော့ နည်းပြရဲ့ထိုင်ခုံက အတော်လေး ပူလောင်သွားလိမ့်မယ် အာဆင်နယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲကမှ စပါးနဲ့ ၂-၂ သရေကျသွားတဲ့အတွက် အမှတ်တွေ ပြုတ်ကျကျန်ခဲ့ပါတယ် ဒါပေမယ့်လည်း အစစအရာရာခြုံကြည့်ရင် နစ်နာမှုတွေမရှိပါဘူး ဒါပေမယ့် ပြိုင်ပွဲတွေ ရက်အရမ်းကပ်နေတာကိုပဲ စိတ်ပူခဲ့ရလိမ့်မယ် နောက်အပတ်ကျရင် ချန်ပီယံလိဂ်ပွဲစဉ်တွေ ရှိနေတယ် အဲ့ဒီတော့ အာတီတာဆိုတဲ့နည်းပြက ကောင်းကောင်းလေး စီမံခန့်ခွဲဖို့လိုပါတယ် အာဆင်နယ်ကစားသမားမှာ ဒဏ်ရာရထားတဲ့သူတွေရှိနေပေမယ့် လက်ရှိစွမ်းဆောင်ရည်နဲ့ အသင်းရဲ့အစွမ်းအစကြောင့် ဘုန်းမောက်ထက်တော့ ခြေစွမ်းပြနိုင်လိမ့်မယ် နောက်ပြီး ဘုန်းမောက်အသင်းက အခုတလော ခြေစွမ်းကောင်းနေတာမဟုတ်ပါဘူး နောက်ဆုံးမှာတော့ အာဆင်နယ်တို့ပဲ တည်ငြိမ်မှုရှိရှိနဲ့ အနိုင်ကောက်ရသွားလိမ့်မယ်။ အာကြီးဘက်က ၃ မှတ်ရဖို့ရှိပေမယ့် လွယ်တော့မလွယ်လောက်ပါဘူး။

Bournemouth : ဘုန်းမောက်အသင်း လိဂ်ထဲကအခြေနေတွေ သိပ်မကောင်းသေးပါဘူး ရာသီစတင်လာကစားက တစ်ပွဲမှမနိုင်သေးပါဘူး ၆ ပွဲကစားပြီး ၃ ပွဲသရေ ၃ ပွဲရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲကမှ ဘရိုက်တန်ကို ရှုံးနိမ့်လာပါတယ် အဆင့်ဇယားထဲ အဆင့် ၁၇ မှာရပ်တည်နေပါတယ် ကာရာဘောင်းဖလားပွဲတုန်းကကျတော့ စတုတ်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး စတုတ္ထအဆင့်ထဲ ဆန်ကာတင်သွားခဲ့ပါပြီ အဲ့ပွဲကြောင့် ယုံကြည်မှုတွေ တော်တော်ပြန်ရကြလောက်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် Ryan Fredericks, Alex Scott, Emiliano Marcondes, Chris Mepham နဲ့ Lloyd Kelly တို့အားလုံး ဒီပွဲမပါနိုင်သေးပါဘူး ဒီပွဲ အသင်းနည်းပြက Max Aarons, Illiya Zabarnyi, Marcos Senesi နဲ့ Milos Kerquez တို့ ၄ ယောက်ကို ခံစစ်ပိုင်းမှာ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းမှာကျတော့ Lewis Cook နဲ့ Philip Billing တို့နှစ်ယောက်ကို အဓိကတာဝန် ပေးထားလောက်ပါတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Marcos Tavernier, Ryan Christie, Danko Ottara နဲ့ Dominic Solanke တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Arsenal : အာဆင်နယ်အသင်းကျတော့ စွမ်းဆောင်ရည်တွေ တက်ကြွနေပါတယ် စပါးနဲ့ ၂-၂ သရေကျသွားပေမယ့် အခြေနေမဆိုးပါဘူး လက်ရှိ လက်ထဲမှာ ၁၄ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၅ မှာရပ်တည်နေပါတယ် ကာရာဘောင်းဖလားပွဲတုန်းက ဘရန်ဖိုဒ့်နဲ့တွေ့ပြီး ၁-၀ နဲ့ ကပ်နိုင်လာသေးတယ် အသင်းရဲ့အဆင်သင့်ပိုင်း ဒီပွဲမှာတော့ Urrian Timber မရှိသေးပါဘူး အကြာကြီးပဲ အနားယူဖို့ရှိပါတယ် Thomas Partey နဲ့တစ်ယောက်မှာလည်း ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး Gabriel Martinelli, Leandro Trossard, Declan Rice နဲ့ Bukayo Saka တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ အာတီတာမှာ Ben White, William Saliba, Gabriel Magalhaes နဲ့ Oleksandr Zinchenko တို့ကို ခံစစ်ပိုင်းအတွက် တာဝန်ဆင်းယူခိုင်းလိမ့်မယ် ကွင်းလယ်ပိုင်းမှာကျတော့ Martin Odegaard, Jorginho နဲ့ Fabio Vieira တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာကျတော့ Gabriel Jesus, Rhys Nelson နဲ့ Eddie Nketiah တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Bournemouth (4-2-3-1) : Neto; Aarons, Zabarnyi, Senesi, Kerkez; Cook, Billing; Tavernier, Christie, Ouattara; Moore

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Vieira; Nelson, Nketiah, Jesus

Missing Players

Bournemouth – Tyler Adams (Hamstring Injury),R.Fredericks (Calf Injury), Emiliano Marcondes (Foot Injury), Lloyd Kelly( Calf Injury), Chris Mepham (Muscle Injury), Alex Scott(Knee Injury)

Arsenal – Thomas Partey (Groin Injury), Jurrien Timber (Cruciate Ligament Rupture), Leandro Trossard (Muscle Injury), Declan Rice (Calf Injury), Martineli (Hamstring Injury), Bukayo Saka (Knock Injury)

Facebook

ဒီပွဲမတိုင်ခင် ကာရာဘောင်းဖလားမှာ ရင်ဆိုင်ခဲ့ဖူးပါတယ် အဲ့ပွဲ မန်ယူဘက်က ၃-၀ နဲ့ အပြတ်နိုင်သွားပါတယ် နှစ်သင်းစလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့စံချိန်တွေမှာကတော့ ၆၄ ပွဲ ကစားပြီး မန်ယူဘက်က ၄၁ ပွဲတောင် အနိုင်ကောက်ရသွားပါတယ် ၁၃ ပွဲသရေကျပြီး ပဲလေစ့်ဘက်က ၁၀ ပွဲသာ အနိုင်ရရှိခဲ့တယ် အရင်ရာသီတုန်းက တွေ့ဆုံပြီး မန်ယူဘက်ကပဲ ၂-၁ နဲ့ အနိုင်ရသွားတယ် ဒီပွဲမှာတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးမှာသေချာတယ် ပဲလေစ့်တို့ကျတော့ ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ် နှစ်သင်းစလုံးက ကိုယ့်မှာရှိတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ အသုံးပြုဖို့ရှိပါတယ် ခန့်မှန်းဂိုးရလဒ် အဲ့ဒီအတွက်ကြောင့် အတော်လေးကြည့်ကောင်းမယ်ထင်တယ် သရဲနီတို့မှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေပေမယ့် သူတို့အင်အားက ကြီးမားတဲ့အတွက်ကြောင့် ကစားသမားအသီးသီး လဲလှယ်အစားထိုးဆင်းနိုင်ကြပါတယ် ပဲစေလ့်တို့မှာလည်း Eberechi Eze နဲ့ Joachim Anderson ဆိုတဲ့ အထူးခြေစွမ်းကောင်းကစားသမားတွေရှိနေတယ် ကာရာဘောင်းဖလားတုန်းက ဒီနှစ်ယောက် ဒုတိယကစားသမားနေနဲ့ ဆင်းကစားခဲ့ကြပါတယ် အဲ့ဒီတော့ နည်းပြဟာ သူတို့ဆီက တစ်ခုခုတော့ ရသွားမယ်ထင်တယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ကစားသမားအသီးသီးရဲ့ခြေစွမ်းကိုကြည့်ပြီးပြောရင် မန်ယူဘက်က ပိုသာပါတယ် နောက်ပြီး ပရိသတ်တွေရှေ့မှာ ကစားရမှာဆိုတော့ အနိုင်ရအောင် အသက်ကုန်ကြိုးစားလိမ့်မယ် ဒီပွဲ မန်ယူတို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

Manchester United : မန်ယူအသင်း နောက်ဆုံးနှစ်ပွဲတုန်းက လိဂ်ပွဲစဉ်တစ်ပွဲနဲ့ ဖလားပွဲတစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရရှိသွားတဲ့အတွက် အခြေနေပြန်ကောင်းနေပါတယ် ဖိအားတွေနည်းလာပြီး အခုလက်ရှိ အဆင့် ၉ မှာရပ်တည်နေတယ် အချို့အဓိကကစားသမားတွေ ပြန်လာလို့ အခြေနေကောင်းသွားတာနေမယ် ကစားပုံကစားနည်းတွေက အကောင်အထည်ဖော်နိုင်တယ် Sofiane Amrabat နဲ့ Mason Mount တို့က ကွင်းလယ်ပိုင်းနေရာကို အဆင်ပြေအောင်လုပ်ပေးနိုင်တယ် စွမ်းအင်တွေ ဖြည့်ဆီးပေးနိုင်သလို ဖြစ်သွားတယ် အခု မန်ယူတို့ရဲ့ပြသာနာကတော့ ခံစစ်မှူးတွေ ဒဏ်ရာရထားကြလို့ ခံစစ်ပိုင်းမှာပဲအားနည်းနေလိမ့်မယ် တိုက်စစ်ပိုင်းကတော့ အခြေနေကောင်းပေမယ့် ဂိုးသွင်းတဲ့ နောက်ဆုံးကန်ချက်ကိုပဲ ပြုပြင်စရာရှိပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် Luke Shaw, Tyrell Malasia, Aaron Wan-Bissaka, Cobby Mainu နဲ့ Ahmad Diallo တို့အားလုံး ဒဏ်ရာရထားကြတယ် ကြားထဲမှာ အန်တိုနီနဲ့တစ်ယောက်ကျတော့ ကျူးလွန်မှုအမှုကို ဖြေရှင်းနေရတုန်းဖြစ်တယ် အင်္ဂလန်တောင်ပံကစားသမားဖြစ်တဲ့ ဆန်ချိုကတော့ ဒီပွဲဆင်းဖို့မရှိပါဘူး တန်ဟက်နဲ့ ပြသာနာတက်နေလို့ပါ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် တန်ဟက်နည်းပြက ဒီပွဲ Diogo Dalot, Victor Lindelof, Raphael Varane နဲ့ Sergio Reguilon တို့ကို ခံစစ်ပိုင်းနေရာ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနှစ်ယောက်ကျတော့ Casemiro နဲ့ Christian Eriksen တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Marcus Rashford, Bruno Fernandes နဲ့ Mason Mount တို့ ၃ ယောက်ကို ကစားပွဲဖန်တီးဖို့တာဝန်ပေးပြီး အဓိက ဂိုးသွင်းမယ့်နေရာကျတော့ Rasmus Højlund ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Crystal Palace : အဆင့် ၁၀ မှာရှိတဲ့ ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ အရင်အပတ်တုန်းက အိမ်ကွင်းလေးနဲ့ ဖူဟမ်ကို ၀-၀ သရေကျအောင်ပဲ လုပ်နိုင်ခဲ့တယ် နောက်ဆုံးတစ်ပွဲတုန်းက ကာရာဘောင်းဖလားပွဲထဲက အိုထရက်ဖိုဒ်ကွင်းအထိ ခရီးစဉ်ပြီး ကျွေးခံထိလာပါတယ် အဲ့တာနဲ့ပဲ သူတို့မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ အဓိက သူတို့တိုက်စစ်မှူးတွေ ဘယ်လိုအခွင့်ရေးမျိုးဖန်တီးပြီး ဂိုးဝင်သွင်းရမလဲဆိုတာ ကြောင်ပျောက်နေတယ် အခွင့်ရေးနည်းနေရင်းနဲ့ ပြတ်သားမှုပါမရှိတော့ အဆင်မပြေခဲ့ပါဘူး နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် ၁ ဂိုးလေးပဲသွင်းနိုင်ကြတယ် Jefferson Lerma မရှိတော့တဲ့နောက်ပိုင်း ကွင်းလယ်နေရာနဲ့ လုံးဝထိခိုက်မှုရှိသွားပါတယ် အဲ့တာကြောင့် ကွင်းလယ်တာဝန်တွေက ခံစစ်ပိုင်းကို အကုန်ပဲ ပုံချသွားပါတယ် အကြိမ်ကြိမ်ဖောက်ခံထိတော့ ဘယ်ခံနိုင်မလဲ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Michael Olise, Matheus Franca, Jefferson Lerma, James Tomkins, Odsonon Eduard, Dean Henderson နဲ့ Nathan Ferguson တို့မရှိသေးပါဘူး အားလုံးမှာ ဒဏ်ရာရထားကြပါတယ် Nauru Ahamada နဲ့ Jairo Ridewald တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ သူတို့အသင်းနည်းပြက ခံစစ်ပိုင်းအတွက် Joel Ward, Joachim Andersen, Marc Guehi နဲ့ Tyrik Mitchell တို့ကိုပဲ တာဝန်ပေးထားပြီး Cheikh Doucoure နဲ့ Will Hughes တို့ကိုကျတော့ ကွင်းလယ်ပိုင်းနေရာ အတူတူဆင်းထိန်းလောက်တယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Jordan Ayew, Eberechi Eze နဲ့ Jeffrey Schlupp တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် နောက်ဆုံး ဂိုးသွင်းဖို့နေရာကျတော့ Jean Philippe Mateta ကိုပဲ အားကိုးမယ်ထင်တယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Lindelof, Reguilon; Casemiro, Amrabat; Fernandes, Mejbri, Rashford; Hojlund.

Crystal Palace (4-2-3-1) : Johnstone; Ward, Holding, Guehi, Mitchell; Doucoure, Hughes; Ayew, Eze, Schlupp; Edouard.

Missing Players

Manchester United – Sergio Reguilon (Illness), Luke Shaw (Muscle Injury), Kobbie Mainoo (Ankle Injury), Aaron Wan-Bissaka (Hamstring Injury), Tyrell Malacia (Unknown Injury),Lisandro Martinez (Foot Injury), Amad Diallo (Knee Injury)

Crystal Palace – Michael Olise (Hamstring Injury), J.Tomkins (Unknown), J.Lerma (Hamstring Injury), O.Edouard (Hamstring Injury), Nathan Ferguson (Muscle Injury), N.Ahamada (Ankle Injury), Matheus Franca (Unknow).

Facebook

တောခွေးလေးက အခုထိအခြေနေဆိုးနေတုန်းဖြစ်ပါတယ် သူတို့စွမ်းဆောင်ရည်က ၃ ရက်ကောင်း ၄ ရက်ဆိုးဖြစ်နေတယ် နောက်ပြီး အသင်းထဲမှာ ပြုပြင်စရာတွေလည်း အများကြီးရှိသေးတယ် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ ပြင်ဆင်ဖို့လိုပါတယ် ဒီရာသီ ၆ ပွဲကစားပြီး ၄ မှတ်ထဲပဲ ကောက်သိမ်းနိုင်တယ် အတန်းဆင်းမယ့်ဇုံထက် ၂ ဆင့်ပဲ ပိုသာပြီး ၃ မှတ်ပဲ ပိုသာနေပါတယ် ဒီပွဲ ခန့်မှန်းဂိုးရလဒ် အနိုင်မရလို့ရှိရင် ဒီအပတ်ပြီးသွားတဲ့အခါမှာ အတန်းဆင်းမယ့်ဇုံထဲ ကျရောက်သွားမှာ တော်တော်သေချာလိမ့်မယ် မန်စီးတီးအသင်းကျတော့ လိဂ်ထဲကအခြေနေ ၁၀၀% ပဲလို့ပြောချင်ပါတယ် တစ်လိဂ်လုံးကိုမှ ပွဲတိုင်းပဲ နိုင်ထားတဲ့အသင်းဖြစ်နေတယ် နောက်ပြီး ဂိုးသွင်းခံထိတဲ့စံချိန်ကလည်း အနည်းဆုံးဖြစ်နေတယ် ဒီဘရိုင်းနဲ့ ရိုဒရီတို့မရှိတာတောင် သူတို့ဒုတိယကစားသမားတွေ လှုပ်ရှားနိုင်တယ် ပက်ရဲ့နည်းဗျူဟာက ကစားသမားတိုင်းအတွက် အရမ်းအဆင်ပြေတယ် ဒီပွဲမှာတော့ ဘာမှစဉ်းစားစရာမလိုပါဘူး မန်စီးတီးဘက်က အစစအရာရာပိုသာပြီးသားပါ အဓိက တိုက်စစ်ပိုင်းဆိုရင် ပြိုင်ဘက်ကို ပိုးစိုးပက်စက်ကျွေးပြီးပြီ နောက်ပြီး အခုမှအရှုံးရလာတဲ့အတွက် ပေါက်ကွဲတဲ့အနေနဲ့ အပီကစားလိမ့်မယ် ဒီပွဲမှာတော့ မန်စီးတီးရဲ့ ၇ ပွဲမြောက် အနိုင်ရမှု ဖြစ်သွားမှာ တော်တော်သေချာပါတယ်။

Wolverhampton : အိမ်ရှင်ဝုဗ်ဗာဟန်တန်အသင်း အခုအချိန် အဆင့် ၁၆ မှာရပ်တည်နေပါတယ် ဒီရာသီ ၆ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ ပွဲအရှုံးဖြစ်ပါတယ် ၄ မှတ်ထဲပဲ ကောက်သိမ်းထားနိုင်တယ် နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းနဲ့ ၁-၁ သရေကျလာပြီး ကာရာဘောင်းဖလားတုန်းကလည်း Ipswich Town ကိုရှုံးလာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ လူတန်တောင်းနဲ့ပွဲတုန်းက အနီကဒ်ရသွားတဲ့ Jean Rigner Bellegarg မရှိသေးပါဘူး ၃ ပွဲတိတိ အနားယူခဲ့ရလိမ့်မယ် ကျန်တဲ့ Hwang Hee Chan, Pedro Neto နဲ့ Matheus Cunha တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် Gary Oneila က ဒီပွဲ ၄-၂-၃-၁ စနစ်ကိုပဲ စီစဉ်ထားမယ်ထင်တယ် ဂိုးသမားနေရာ Jose Sa ကိုပဲ တာဝန်ပေးပြီး Nelson Semedo, Craig Dawson, Max Kilman, နဲ့ Rayan Aet-Nouri တို့ကိုကျတော့ ခံစစ်ပိုင်း တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းကျတော့ Joao Gomes, Mario Lemina, Pablo Sarabia နဲ့ Pedro Neto တို့ကိုပဲ တာဝန်ပေးထားပြီး အရှေ့ဆုံးမှာ ဂိုးသွင်းဖို့နေရာကျတော့ Hwang Heechan နဲ့ Matheus Kunya တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ လိဂ်အဆင့် ၁ မှာပဲရပ်တည်နေပါတယ် ဒီရာသီ ၆ ပွဲကစားပြီး ၆ ပွဲလုံးနိုင်ထားတယ် နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်နဲ့တွေ့ပြီး ၂-၀ နဲ့ အနိုင်ကောက်ရလာပါတယ် ကာရာဘောင်းဖလားပွဲ တုန်းကကျတော့ နယူးကာဆယ်ကို ၀-၁ နဲ့ ရှုံးနိမ့်လာပြီး အပယ်ခံထိသွားခဲ့ပါတယ် စီးတီးတို့ရဲ့ နောက်ဆုံး ၅ ပွဲ စံချိန်ထဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် အမှားနည်းနည်းရှိတယ်လို့ ယူဆထားပါတယ် ဒါပေမယ့် ဆက်ပြီး တောင့်တင်းမှုရှိနေတုန်းဖြစ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ ဒီဘရိုင်းမရှိသေးပါဘူး ရိုဒရိုနဲ့တစ်ယောက်မှာလည်း ၃ ပွဲအပယ်ခံထိထားလို့ မပါနိုင်သေးပါဘူး Bernardo Silva နဲ့ John Stones တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ပက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ရောက်လာမယ်ထင်တယ် ဂိုးသမားနေရာ Ederson ကိုပဲ တာဝန်ပေးပြီး နောက်ခံ ၄ ယောက်နေရာကျတော့ Walker, Ruben Dias, Manuel Akanji နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Matheus Nunes နဲ့ Calvin Phillips တို့နှစ်ယောက်ကို တွဲဆင်းခိုင်းမယ် ပြီးရင် Julian Alvarez, Phil Foden နဲ့ Jeremy Doku တို့ကို တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားမယ် နောက်ဆုံး ဂိုးသွင်းဖို့နေရာကျတော့ ဟာလန်းကိုပဲ တာဝန်ပေးထားလောက်တယ်။

11 Players

Wolverhampton (4-2-3-1) : Sa; Semedo, Dawson, Kilman, Ait-Nouri; Gomes, Traore, Lemina; Neto, Cunha, Hwang

Manchester City (4-2-3-1) : Ederson; Walker, Akanji, Dias, Ake; Kovacic, Nunes; Foden, Alvarez, Doku; Haaland

Missing Players

Wolverhampton – Joe Hodge (Hamstring Injury)

Manchester City– John Stones (Hip Injury), Zack Steffen (Knee Surgery), Kevin De Bruyne (Muscle partial avulsion),Rodri, Bernardo Silva

Facebook

ဒီပွဲကြီးပွဲကောင်းဟာ လန်ဒန်မြို့ထဲမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ် စပါးအသင်း လီဗာပူးလ်ကို လက်ခံကစားရမှာဖြစ်ပါတယ် ဒီရာသီ နှစ်သင်းစလုံးမှာ တစ်ပွဲမှမရှုံးကြသေးပါဘူး အဲ့ဒီတော့ ဒီပွဲ တော်တော်ပဲအရေးကြီးလိမ့်မယ် ဂုဏ်သရေပြိုင်ပွဲဖြစ်ခဲ့သလို ချန်ပီယံတက်ယူသွားမယ့်အသင်းကို  ရွေးချယ်ရမယ့်ပွဲလည်း ဖြစ်သွားနိုင်ပါတယ် အရင်ရာသီတုန်းက ၂ ပွဲရင်ဆိုင်ခဲ့ကြပြီး လီဗာပူးလ်ဘက်က ၂ ပွဲစလုံး အနိုင်ရသွားပါတယ် နောက်ဆုံး ၅ ပွဲထဲမှာဆိုရင်လည်း လီဗာပူးလ်ဘက်က စပါးကို ရှုံးတာ တစ်ပွဲမှမရှိသေးပါဘူး ဒါပေမယ့် စပါးအသင်းဟာ လက်ရှိအချိန်မှာ အရင်လိုအသင်းမျိုးမဟုတ်တော့ပါဘူး အရည်သွေးတွေ ပိုကောင်းလာပါပြီ ကစားပုံကစားနည်းတွေလည်း အကောင်အထည်ဖြစ်လာတယ် ဘယ်အသင်းကိုမှမကြောက်တော့ပါဘူး ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ဂိုးလွယ်လွယ်လေးနဲ့ သွင်းခံထိတတ်တာတော့ရှိတယ် လီဗာပူးလ်တို့ကျတော့ အရင်အပတ်ကပြိုင်ပွဲတွေမှာ ဒုတိယကစားသမားတွေနဲ့ပဲ ဖြတ်ကျော်လာပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက အခုတလော ယုံကြည်မှုအပြည့်ရှိနေတယ် နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်ရင် မနိုင်မရှုံးလေးဖြစ်တယ် ဒါပေမယ့် လီဗာပူးလ်ဘက်က အတွေ့အကြုံပိုများပါတယ် နောက်ပြီး ဒီလိုပြိုင်ဖော်ပြိုင်ဘက်တွေ ဖြစ်တိုင်း စပါးဘက်က ကိုယ့်ခြေစွမ်းကို မထိန်းနိုင်တာမျိုးဖြစ်တတ်တယ် ခန့်မှန်းဂိုးရလဒ် နောက်ဆုံးမှာတော့ လီဗာပူးလ်ဘက်က အနိုင်ရသွားရင် ရသွားလိမ့်မယ်။

Tottenham Hotspur : စပါးအသင်း အခုမှလန်ဒန်ဒါဘီတိုက်ပွဲကို ကျော်ဖြတ်လာပါတယ် အဲ့ပွဲ အာဆင်နယ်နဲ့တွေ့ပြီး သရေကျလာတယ် ၁ မှတ်လေးနဲ့ အိမ်ပြန်နိုင်တယ် ကစားပုံကစားနည်းကလည်း မနိုင်မရှုံးလေးဖြစ်ခဲ့တယ် စပါးဘက်က ပိုတောင်ကြည့်ကောင်းတယ်လို့ ယူဆနိုင်တယ် ဂိုးသွင်းခွင့်တွေလည်း အတူတူပဲဖန်တီးနိုင်ကြတယ် သူတို့က ကာရာဘောင်းဖလားမှာ ကစားစရာမလိုတဲ့အတွက် အင်အားတွေ အပြည့်ရှိနေကြတယ် လီဗာပူးလ်ကို လက်ခံကစားဖို့ အဆင်သင့်ပဲဖြစ်နေကြလောက်တယ် စပါးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ ရှိနေပေမယ့် ကိစ္စမရှိပါဘူး အများစုက ဒုတိယကစားသမားတွေ ဖြစ်နေလို့ပါ ဒီပွဲမှာတော့ အသင်းနည်းပြက ဂိုးသမားနေရာ Gujelmo Vicario ကိုပဲ တာဝန်ပေးထားလောက်တယ် ခံစစ်ပိုင်းနေရာကျတော့ Christian Romero နဲ့ Mickey van der Ven တို့နှစ်ယောက်ကို အဓိကနေရာမှာ တာဝန်တွဲယူခိုင်းလောက်တယ် Pedro Porro နဲ့ Destiny Udoghi တို့နှစ်ယောက်ကျတော့ ခံစစ်တောင်ပံအနေနဲ့ ခံစစ်ပိုင်းကနေ တိုက်စစ်ဆင်ဖို့ဖန်တီးလိမ့်မယ် ကွင်လယ်ပိုင်းမှာကျတော့ Pap Sarr, Yves Bissouma နဲ့ Manor Solomon တိုကိုပဲ ထိန်းခိုင်းမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာကျတော့ Dejan Kulusevski နဲ့ Son Heung-min တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကြားထဲမှာ ဂိုးသွင်းတဲ့အပိုင်း ယုံကြည်မှုပြန်ရလာတဲ့ Richarlison လည်း အဆင်သင့်ပဲ ဖြစ်နေပါတယ်။

Liverpool : လီဗာပူးလ်အသင်းကျတော့ အခုတလောခြေစွမ်းတွေတက်ကြွနေပါတယ် ဖလားပွဲတုန်းက လက်စတာနဲ့တွေ့ပြီး ၃-၁ နဲ့ အနိုင်ရလာတယ် လိဂ်ထဲကကျတော့ အဆင့် ၂ မှာရပ်တည်နေတယ် သူတို့ကျတော့ ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး တစ်ပွဲမှမရှုံးသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းနဲ့တွေ့ပြီး ၃-၁ နဲ့ အနိုင်ရလာပါတယ် သူတို့ကစားသမားတွေက ခြေစွမ်းပြနိုင်နေပါတယ် ခံစစ်ပိုင်းက စောစောစီးစီး ဂိုးသွင်းခံထိပေမယ့် တစ်လုံးထက်တော့ ပိုသွင်းခံမထိခဲ့ပါဘူး သူတို့ရဲ့ကွင်းလယ်ပိုင်းက အဓိကဆုံးဖြစ်ပါတယ် ကွင်းလယ်ကစားသမားတွေက တော်တော်ပဲအားကောင်းတယ် တိုက်စစ်မှူးတွေကလည်း တော်တော်လေး ထိရောက်ပါတယ် တစ်ပွဲကို ဂိုး ၃ လုံးပုံမှန်သွင်းနေတာ ၅ ပွဲရှိသွားပါပြီ ဆာလာနဲ့တစ်ယောက်က အရင်ထက်ပိုပြီး ကောင်းလာတယ် ဂိုးသွင်းမှုကစ အကုန်ကောင်းတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Trent Alexander Arnold ပဲ အခြေနေစစ်ဆေးဖို့လိုပါတယ် ကလော့ပ်က ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် ဂိုးသမားနေရာ Alisson Becker ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာကျတော့ Virgil van Dijk, Joel Matip နဲ့ Andrew Robertson တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် ကွင်းလယ်ပိုင်းမှာ Dominic Szoboszlai, Alexis Mac Allister နဲ့ Cody Gakpo တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားတယ် ကွင်းလယ်ပိုင်းမှာ ဆင်းကူနိုင်တဲ့ Wataru Endo လည်း ရှိပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Luis Diaz နဲ့ Mohamed Salah ပြီးတော့ Darwin Nuñez တို့ ဒီပွဲ ဆင်းကစားရလောက်ပါတယ်။

11 Players

Tottenham Hotspur (4-2-3-1) : Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Son; Richarlison

Liverpool (4-3-3) : Alisson; Gomez, Matip, Van Dijk, Robertson; Szoboszlai, Mac Allister, Jones; Salah, Nunez, Diaz

Missing Players

Tottenham Hotspur – Ivan Perisic (Cruciate Ligament Rupture), Bryan Gil (Pubitis), Rodrigo Bentancur (Cruciate Ligament Rupture), Alfie Whiteman (Ankle Injury), Ryan Sessegnon (Surgery), Giovani Lo Celso (Hamstring Injury), Hugo Lloris (Hip Injury)

Liverpool – Ibrahima Konaté (Muscle Injury), Thiago (Fitness), Trent Alexander-Arnold (Hamstring Injury)

Facebook