ခန့်မှန်းချက် ဝက်စ်ဟမ်း Vs ချယ်လ်ဆီး [ 20 Aug 23 - 22:00 hrs]

ခန့်မှန်းချက် ဒီလန်ဒန်ဒါဘီတိုက်ပွဲဟာ ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ လန်ဒန်အားကစားကွင်းအထိ ခရီးစဉ်ရမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း အခုမှ ခြေစွမ်းကောင်းဒီဂရန်ရိုက်စ်ကို ဆုံးရှုံးသွားပါတယ် ဒါပေမယ့် ကစားသမားသစ်နှစ်ယောက် ပြန်ဝယ်လိုက်ပါပြီ။ ပထမတစ်ယောက်က Free kick ကျွမ်းတဲ့ ဆောက်သန်တန်မှ James Ward Prowse ဖြစ်ပြီး နောက်တစ်ယောက်ကျတော့ အေဂျက်စ်အသင်းမှ Edson Alvarez ပဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ သဘောကျစရာ မကောင်းပါဘူး။ နောက်ဆုံးပွဲစဉ်များစွာထဲမှာ အနိုင်တစ်ပွဲမှမရသေးဘူးဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲကစားပြီး ၁၀ ဂိုးတောင် သွင်းခံထိခဲ့သေးတယ်။ ချယ်လ်ဆီးအသင်းကျတော့ ဘရိုက်တန်မှ ကွင်းလယ်ကစားသမားဖြစ်တဲ့ Moise Caiseido ကို ပိုင်ဆိုင်သွားပါတယ်။ ချယ်လ်ဆီးအသင်း လီဗာပူးလ်နဲ့ပွဲတုန်းက ခြေစွမ်းပြပြီး သရေကျလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က အခြေနေတော်တော်ကောင်းပါတယ်။ ကစားသမားတွေ ရင်းနှီးမှုသိပ်မရှိသေးပေမယ့် ကွင်းလယ်ကစားသမားတွေက ရုန်းပေးနိုင်နေတုန်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဝက်စ်ဟမ်းတို့ လုပ်တတ်တဲ့ ခံစစ်ပိတ်ခြင်းနဲ့ ကစားလိမ့်မယ်။ ချယ်လ်ဆီးတို့ကျတော့ ဘောလုံးပိုင်ဆိုင်ပြီး တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက ဝက်စ်ဟမ်းရဲ့ တောင့်တင်းမှုကို ချိုးဖောက်နိုင်မလားမသိသေးပါဘူး။ ဒီနှစ်သင်း အချင်းချင်း ၁၂၀ ပွဲ ရင်ဆိုင်ခဲ့ဖူးပြီး ချယ်လ်ဆီးဘက်က ၅၄ ပွဲ အနိုင်ရရှိသွားပါတယ်။ သရေ ၂၃ ပွဲနဲ့ ဝက်စ်ဟမ်းဘက်က ၄၃ ပွဲ နိုင်သွားတယ်။ ဒါ့အပြင် အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ အခုနောက်ပိုင်းတွေကျတော့ ချယ်လ်ဆီးဘက်က ပိုသာပါတယ်။ အဓိက နောက်ဆုံး  ၆ ပွဲတုန်းကဆိုရင် ချယ်လ်ဆီးဘက်က ၄ ပွဲတောင် အောင်ပွဲခံခဲ့ရပါတယ်။ သရေ ၁ ပွဲလေးနဲ့ ဝက်စ်ဟမ်းဘက်က ၁ ပွဲနိုင်သွားပါတယ်။ ဒီပွဲ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် နှစ်သင်းစလုံး အပီကစားဖို့ရှိလောက်ပါတယ်။ ရာသီသစ်ထဲက ပထမဦးဆုံး အနိုင်ရရှိမှုကို လိုချင်တာချင်းလည်းတူတယ်။ ဒါပေမယ့် ဒီလန်ဒန်ဒါဘီတိုက်ပွဲဟာ အပြာရောင်ဘက်ကနိုင်ဖို့တော်တော်များပါတယ်။

အိမ်ရှင်ဝက်စ်ဟမ်းအသင်း ပထမဆုံးတစ်ပွဲတုန်းက ဘုန်းမောက်နဲ့တွေ့ပြီး ၁-၁ သရေကျလာခဲ့ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့် ၁၆ ကြိမ်တောင် ရရှိခဲ့ပေမယ့် ဂိုးဘောင်နဲ့တည့်တာ ၃ ခါလေးပဲရှိပါတယ်။ အခွင့်ရေးတော်တော်ဖန်တီးနိုင်ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် နှမြောစရာကောင်းပါတယ်။ အခုလက်ရှိ အဆင့် ၁၂ မှာရပ်တည်နေပါတယ်။ ရာသီဈေးတုန်းက အဓိကကစားသမားဖြစ်တဲ့ ဒီဂရန်ရိုက်စ်ကို ဆုံးရှုံးသွားပေမယ့် James Ward Prowse နဲ့ Edson Alvarez ဆိုတဲ့ကစားသမားသစ်နှစ်ယောက်ကိုတော့ ခေါ်ထားနိုင်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဘန်းခံထိတဲ့ကစားသမားနဲ့ ဒဏ်ရာရထားတဲ့ကစားတွေ မရှိပါဘူး။ Jarrod Bowen၊ Said Benrahma နဲ့ Lucas Paqueta တို့ ပြီးတော့ အသစ်ရောက်လာတဲ့နှစ်ယောက် အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Michael Antonio ကိုတာဝန်ပေးထားပြီး Jarrod Bowen, Lucas Paqueta နဲ့ Said Benrahma တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခဲ့ကြလိမ့်မယ်။

ချယ်လ်ဆီးအသင်းကျတော့ စွမ်းဆောင်ရည်မဆိုးပါဘူး။ အိမ်ကွင်းဖြစ်ပြီး လီဗာပူးလ်နဲ့ ၁-၁ သရေကျလာပေမယ့် အနိုင်ရခါနီးဖြစ်သွားသေးတယ်။ အခုတလော အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ခန့်မှန်းချက် လီဗာပူးလ်နဲ့ပွဲတုန်းက သူတို့ရဲ့ ကစားပုံကစားနည်း ပိုကြည့်ကောင်းပါတယ်။ အဲ့တာကြောင့် သူတို့စွမ်းဆောင်ရည်က ကောင်းတယ်လို့ယူဆလိုက်ပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ဟာ ဗြိတိန်သမိုင်းတစ်လျှောက် အမြင့်ဆုံးကြေး ပေါင် ၁၁၅ သန်းဖြင့် ဘရိုက်တန်မှ ကွင်းလယ်လူ Moise Caicedo ကိုသာ ခေါ်ယူခဲ့ပါတယ်။ ဒီပွဲ ချယ်လ်ဆီးအသင်းမှာ Christoph Nkuncu၊ Armando Broya နဲ့ Wesley Fofana တို့ မရှိသေးပါဘူး။ ၃ ယောက်စလုံးက ဒူးခေါင်းဒဏ်ရာရထားကြပါတယ်။ Benoit Badilchil နဲ့ Trevoh Chalobah တို့ ပြီးတော့ ပေါင်ဒဏ်ရာရသွားတဲ့ အသင်းကပ္ပတိန်ရိစ်ဂျိမ်းတို့ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ပဲကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ နီကိုးလပ်စ်ဂျက်ဆင်ကိုတာဝန်ပေးထားပြီး Cairney Chukwuemega နဲ့ Raheem Sterling တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းမယ် ထင်ပါတယ်။

11 Players

West Ham United (4-2-3-1) : Areola; Coufal, Zouma, Aguerd, Emerson; Alvarez, Ward-Prowse; Bowen, Paqueta, Benrahma; Antonio

Chelsea (3-4-2-1 ) : Sanchez; Disasi, Silva, Colwill; Gusto, Fernandez, Caicedo, Chilwell; Gallagher, Sterling; Jackson

Missing Players

West Ham United – အသင်းအခြေနေ ပြည့်စုံမှုရှိသည်။

Chelsea – Marcus Bettinelli (Unknown Injury), Reece James (Hamstring Injury), Wesley Fofana (Cruciate Ligament Rupture), Benoît Badiashile (Hamstring Injury), Christopher Nkunku (Knee Injury) trev chalobah , A. Broja(Knee Injury), Moises Caicedo (Hamstring Injury)

Facebook