ကြည့်လိုကောင်းမဲ့ ယူရိုပွဲစဥ်များ

တူရကီ Vs ဂျော်ဂျီယာ [18 Jun 24 - 22:30 hrs]

ကြည့်လိုကောင်းမဲ့ ယူရိုပွဲစဥ်များ ဒီပွဲမှာတော့ ဒီနှစ်သင်းဟာ တစ်အုပ်စုထဲမှာရှိတဲ့ နောက်ထပ်နှစ်သင်းထက် ညံ့ကြပါတယ် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ဂျော်ဂျီယာဘက်က ပိုကြည့်ကောင်းပါတယ် ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် တူရကီကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲရှုံး ၂ ပွဲသရေဖြစ်ပါတယ် တစ်ပွဲမှမနိုင်ခဲ့ဘူး အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ တူရကီဘက်က နည်းနည်းပိုသာပြီး ၃ ပွဲ အနိုင်ရရှိသွားပါတယ် သရေ ၁ ပွဲလေးနဲ့ ၁ ပွဲရှုံးသွားပါတယ် ဒီပွဲမှာတော့ ကြက်ဆင်အသင်းရဲ့ အင်အားတွေက ပိုသာပါတယ် ဥပမာ Hakan Calhanogluဆိုတဲ့ အသင်းကပ္ပတိန်ကစ Arda Guler ဆိုတဲ့ Playmaker လေးလည်း Top form ဖြစ်နေတယ် ဂျော်ဂျီယာတို့ကျတော့ ပိုညံ့ပါတယ် ခံစစ်ပိုင်းမှာဆိုရင် လွယ်လွယ်လေးနဲ့ ဂိုးသွင်းခံထိတတ်တယ် ဒါပေမယ့် လက်ရှိကစားသမားအဖွဲ့အစုမှာ ခြေစွမ်းကောင်းတဲ့တိုက်စစ်မှူး Kwicha Kvaratskelia ရှိနေသေးတယ် မထင်မှတ်ပဲ တကျော့ပြန်တိုက်ပွဲလေးဘာလေး လုပ်ပေးသွားလိမ့်မယ် ကစားပွဲအနေအထားကတော့ တူရကီဘက်က ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီး ဖိအားတက်ပေးမယ် တူရကီရဲ့ စွမ်းဆောင်ရည်က အရင်လိုပြန်မကောင်းသေးပေမယ့် လက်ရှိတောင့်တင်းမှုလေးနဲ့တင် ဂျော်ဂျီယာဆီက ၃ မှတ်ရသွားနိုင်မယ်လို့ ထင်မြင်ထားပါတယ်။

Turkiye – တူရကီအသင်း အခြေနေသိပ်မကောင်းပါဘူး အီတလီနဲ့ ၀-၀ သရေကျပြီး နောက်တစ်ပွဲ ပိုလန်ကို ၂- နဲ့ ရှုံးနိမ့်လာတယ် ဒါပေမယ့်လည်း ကိုယ့်ထက်သာတဲ့အသင်းနဲ့ သွေးပူလေ့ကျင့်ခန်းလုပ်လိုက်တယ်လို့ ယူဆလိုက်မယ် တူရကီအသင်းနည်းပြရဲ့အသင်းမှာ လောလောဆယ် ခြေစမ်းပွဲကနေ ဒဏ်ရာရသွားတဲ့ အဓိကကစားသမားတွေမရှိပါဘူး ဒိနားမတိုင်ခင် Ozan Kabak၊ Chalar Soyuncu တို့ ဒဏ်ရာရထားသေးတယ် ဖိုင်နယ်ပွဲတုန်းကတောင် မပါလိုက်ရပါဘူး Yusuf Yazizi လည်း နေမကောင်းဖြစ်နေတယ် အခြေနေပြန်စစ်ဆေးဖို့လိုပါတယ် ကျန်တာတော့ အဆင်သင့်ပါပဲ ဒီပွဲမှာတော့ တူရကီအသင်း ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ နံပါတ် ၁ ဖြစ်တဲ့ Mert Goonock ပဲဖြစ်လိမ့်မယ် ခံစစ်ပိုင်းကတော့ Seki Celik, Samet Akaydin, Abdulkelim Baldacci, Mert Muldur တို့ပဲဖဖြစ်ပြီး Hakan Calhanoglu ဆိုတဲ့ အသင်းကပ္ပတိန်က ကွင်းလယ်နေရာမှာ Salih Ozkan နဲ့အတူ တွဲဆင်းမယ် တိုက်စစ်ပိုင်းကျတော့ ရီးရဲလ်မက်ဒရစ်မှ Arda Guler ဆိုတဲ့ Playmaker ကို Irfan Kahvesi, Rerem Aktukoglu တို့နဲ့အတူ ကစားပွဲဖန်တီးလိမ့်မယ် ပြီးရင် Striker နေရာ Kenan Yildiz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Georgia – ဂျော်ဂျီယာအသင်းကျတော့ ဒီယူရိုဖိုင်နယ်အဆင့်ကို နိုင်ငံတည်ထောင်ကတည်းက အခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ် သူတို့ လောလောဆယ် ၃ ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်ဆုံးတစ်ပွဲတုန်းက မွန်တီနီဂရိုးအပေါ် ၃-၁ နဲ့ အနိုင်ရရှိလာတယ် Willy Sagnol ဆိုတဲ့ ပြင်သစ်နိုင်ငံလက်ရွေးစင်ညာနောက်ခံလူက ဂျော်ဂျီယာရဲ့နည်းပြအဖဖြစ်တာဝန်ထမ်းဆောင်နေပါတယ် သူ့အသင်း ဒီပွဲ အဆင်မပြေတာတွေ မရှိပါဘူး ခြေစမ်းပွဲတုန်းက ဒဏ်ရာရသွားတဲ့ Otar Kiteshvili ရဲ့အခြေနေကို စစ်ဆေးဖို့ပဲလိုပါတယ် ဒါပေမယ့်လည်း Georgi Kochorajvili နဲ့အတူ ကွင်းလယ်နေရာမှာ တာဝန်ဆင်းယူနိုင်မယ်ထင်ပါတယ် Kwicha Kvaratskelia ကတော့ တိုက်စစ်ပိုင်းရဲ့ အားကိုးရာကစားသမားဖြစ်ပါတယ် ဒီပွဲ သူတို့ ၃-၅-၂ စနစ်လေးနဲ့ ဂိုးသမားနေရာ Georgi Mamardashvili ပဲဖြစ်ပြီး ခံစစ်ပိုင်းနေရာ Georgi Gweleziani, Ghurram Kachia နဲ့ Lasha Dwali တို့ပဲ ဖြစ်ပါလိမ့်မယ် အလယ်တန်းနေရာကျတော့ Otar Kakabadce, Georgi Koshorajvili, Otar Kiteishvili, Georgi Chakvetadce, Levan Shengelia တို့ပဲဖြစ်ပြီး တိုက်စစ်ပိုင်းနေရာမှာ Kwicha Kvaratskelia နဲ့ Georges Michaudadce တို့နှစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

11 Players

Turkiye (4-2-3-1) : Gunok; Ayhan, Demiral, Bardakci, Kadioglu; Ozcan, Calhanoglu; Guler, Yildiz, Akturkoglu; Yilmaz

Georgia (3-5-2) : Mamardashvili; Kverkvelia, Kashia, Dvali; Kakabadze, Kiteishvili, Kochorashvili, Shengelia, Chakvetadze; Kvaratskhelia, Mikautadze

Missing Players

Turkiye – İrfan Can Kahveci (unknown injury)

Georgia – Giorgi Loria (Red card suspension)

Facebook

ချက်အသင်းရဲ့စွမ်းဆောင်ရည်က တောက်လျှောက်ကောင်းနေတော့ ဒီနှစ်ယူရိုပြိုင်ပွဲအစီစဉ်ထဲက စိတ်ဝင်စားစရာကောင်းတဲ့အသင်းတွေထဲမှာ ပါနေတယ် ဒါပေမယ့် ၂၀၁၆ ခုနှစ်ချန်ပီယံပေါ်တူဂီအသင်းက အသင်းထဲမှာ အရည်အသွေးကောင်းကစားသမားတွေ ပြီးပြည့်စုံနေပါတယ် ဒီပွဲ ပေါ်တူဂီအတွက် ခက်ပေမယ့် စိတ်ပူရတဲ့အထိတော့ မဖြစ်ပါဘူး ဒီနစ်သင်းဟာ တစ်အုပ်စုထဲမှာရှိတဲ့ နောက်ထပ် ၂ သင်းထက် ပိုသာပါတယ် ချက်အသင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲစလုံးအနိုင်ရထားပါတယ် ပေါ်တူဂီအသင်းရဲ့ နောက်ဆုံး ၅ ပွဲစွမ်းဆောင်ရည်ကတော့ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် ကြည့်လိုကောင်းမဲ့ ယူရိုပွဲစဥ်များ စွမ်းဆောင်ရည်ပိုင်း ချက်ဘက်က ပိုကြည့်ကောင်းပေမယ့် သူတို့ဆုံခဲ့ရတဲ့ပြိုင်ဘက်တွေက တအားမမာကြပါဘူး အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲထဲမှာ ပေါ်တူဂီဘက်က ၄ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် ဒီပွဲမှာတော့ အနိုင်ရသွားတဲ့အသင်းက အကျောရသွားမယ် ပေါ်တူဂီဘက်က အစစအရာရာပိုသာပါတယ် ကစားသမားတွေကစ ပိုကောင်းတယ် ကစားစတိုင်လ်လည်း အစုံရှိပြီး အတွေ့အကြုံကပါ ပိုများနေတယ် ဒီပွဲမှာတော့ ဘယ်လိုပဲကြည့်ကြည့် ပေါ်တူဂီဘက်ကပဲ အရင်ဦးသွားလိမ့်မယ်။

Protugal – ပေါ်တူဂီအသင်း အခုနောက်ပိုင်း တည်ငြိမ်မှုမရှိပဲ ၅ ပွဲဆက်တိုက် အနိုင်အရှုံးတွေ အလှည့်ကျဖြစ်နေပါတယ် အဲ့ထက်ဆိုးတာ ခြေစမ်းပွဲတုန်းက အိမ်ကွင်းနဲ့မှားပြီး ခရိုအေးရှားကို ၁-၂ နဲ့ရှုံးလာသေးတယ် ပေါ်တူဂီအသင်း ဒီပွဲ တော်တော်လေးအဆင်သင့်ဖြစ်ပါတယ် သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး အသင်းနည်းပြ Roberto Martinez က ဒီပွဲ သူ့ရဲ့ အကောင်းဆုံးကစားသမားအဖွဲ့အစုကိုအသုံးပြုမယ်ထင်တယ် သူက ၄-၃-၃ စနစ်လေးနဲ့ Diogo Costa (GK) – Joao Cancelo, Pepe, Ruben Diaz, Nuno Mendes – Bruno Fernandes, Paulinha, Vitinha – Bernardo Silva, Cristiano Ronaldo, Rafael Leao တို့စတဲ့ကစားသမားတွေကို အသုံးပြုသွားမယ်ထင်ပါတယ်။

 

Czechia – ချက်အသင်းကျတော့ စွမ်းဆောင်ရည်တက်ကြွနေပါတယ် နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက မြောက်မက်ဆီဒိုးနီးယားကို ၂-၁ နဲ့ အနိုင်ရရှိလာသေးတယ် Ivan Hasek နည်းပြလက်ထဲကချက်အသင်းဟာ ဒီနှစ် ယူရို ၂၀၂၄ အတွင်းမှာ အရှုံးမဲ့တဲ့အသင်းတွေထဲကတစ်သင်းဖြစ်တယ် အစီစဉ်စတင်လာကတည်းက ၁၆ ဂိုး သွင်းယူထားနိုင်ပြီးပါပြီ ၄ ဂိုးလေးပဲ ပြန်သွင်းခံထိခဲ့ပါတယ် ဖီရင်နုအသင်းမှ Michal Sadilek ကတော့ နှုတ်ထါက်သွားပါပြီ သူ့မှာ ဒဏ်ရာရသွားလို့ပါ ချက်အသင်းက သူ့နေရာကို Peter Shevchik နဲ့ အစားထိုးလိုက်ပါတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ Ivan Hasek က သူ့အသင်းကို ၃-၅-၁ စနစ်လေးနဲ့ ကစားခိုင်းပြီး သူ့မှာရှိတဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ Jindrich Stanek (GK) – Tomas Holes, Robin Hranec, Ladislav Krejci – Vladimir Coufal, Tomas Soucek. , Lucas Provod, Antonin Barak, David Juracek – Jan Kuchta, Patrik Schick တို့ကို အသုံးပြုသွားမယ်ထင်ပါတယ်။

11 Players

Protugal (4-3-3) : Costa; Cancelo, Pepe, Dias, Mendes; Palhinha, Vitinha, Fernandes; Leao, Ronaldo, Bernardo

 

Czechia (3-5-2) : Stanek; Holes, Hranac, Krejci; Coufal, Soucek, Provod, Barak, Jurasek; Kuchta, Schick

 

Missing Players

Protugal – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Czechia – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook