ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက် 1

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက်

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက် 

ဒီလိုဝတ္ထုမျိုးမရေးရတာတော်တော်ကြာပြီ၊ ဒီရာသီစတင်လာကတည်းက ခြေစွမ်းပြနိုင်တဲ့အသင်းတွေရှိသလို ခြေစွမ်းကျဆင်းသွားတဲ့အသင်းတွေလည်း ရှိပါတယ်။ လက်ရှိကမ္ဘာ့ပေါ်မှာ နာမည်အကြီးဆုံးလိဂ်ကတော့ အင်္ဂလန်ပရီးမီးယားလိဂ်ထက် ဘယ်လိဂ်မှ မရှိတော့ပါဘူး။ အဲ့ဒီလိဂ်ထဲမှာရှိတဲ့အသင်းတွေအားလုံး တစ်သင်းနဲ့တစ်သင်း မနိုင်မရှုံးလေးနဲ့ တိုက်ခိုက်နေကြပါတယ်။ ကစားသမားပဲ အလုပ်လုပ်တာမဟုတ်ပါဘူး နည်းပြအစုအဖွဲ့တွေရော VAR တွေရောပဲ အလုပ်ကြိုးစားနေကြပါတယ်။ နည်းပြတို့ရဲ့ နည်းစနစ်က ကောင်းလား ဆိုးလားဆိုတာ “ဂိုးသွင်းချက်” ပေါ်မူတည်ပြီး ဆုံးဖြတ်သွားပါတယ်။ ဒီကိစ္စ နားလည်ရလွယ်ပါတယ်။ သွင်းဂိုးပိုများတဲ့ဘက် အနိုင်ရသွားမယ်။ လွယ်မလိုလိုနဲ့ ဘယ်သူက ဂိုးသွင်းနိုင်နေလို့လဲ။ အဲ့ဒီတော့ အသင်းတစ်သင်းမှာ တိုက်စစ်ပိုင်းဆိုတာ ရှိတယ်၊ ဂိုးသွင်းနိုင်ချေအများဆုံးအပိုင်းမှာလည်း တိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။ ဥပမာ တိုက်စစ်မှူးတွေ၊ တောင်ပံ့တိုက်စစ်တွေ၊ Striker တွေ၊ ပြီးတော့ တိုက်စစ်ကစားသမားအသီးသီးတွေရောပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ ဒီနေ့ ကျွန်တော်တင်ပြမယ့် အကြောင်းကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ ၅ ယောက်မှာ ကွင်းထဲဆင်းလိုက်တာနဲ့ အသင်းရဲ့ မျှော်လင့်ချက်အကြီးစား တန်းဖြစ်သွားတဲ့သူတွေပါပဲ။

နံပါတ် ၅ - Vinicius José Paixão de Oliveira

နံပါတ် ၅Vinicius José Paixão de Oliveira

အသင်းအဖွဲ့ချုပ်ရီးရဲလ်မက်ဒရစ်

အသက် ၂၂ နှစ်  

ဈေးနှုန်းခန့်မှန်းချေ – ပေါင် သန်း ၁၂၀

ဒီ Vinicius Jr. ဟာ အခုမှ အသက် ၂၂ နှစ်ပဲရှိပြီး အသက် ၁၉ နှစ်ကတည်း စတင်ကျော်ကြားလာပါတယ်။ ဒီကလေးရဲ့ ဖြစ်လာပုံကတော့ သူ့မှာ ဘောလုံးအရမ်းကြိုက်တဲ့ ဘရာဇီးလူမျိုးဖြစ်ပါတယ်။ Flamengo အသင်းကြီးထဲ အရင်ပါနိုင်ပြီး ၂၀၁၈ ခုနှစ်ရောက်တော့မှ ရီးရဲလ်ဆီ ပေါင် ၄၅ သန်းနဲ့ ရောက်သွားပါတယ်။ အဲ့တုန်းက သူ့မှာ ခြေစွမ်းသိပ်မပြနိုင်ပေမယ့် ရီးရဲလ်တို့ရဲ့ စပိုင်က မြင်တတ်တယ်လို့ပဲပြောရမှာပေါ့။ ရီးရဲလ်အသင်းဟာ အဲ့တုန်းက Julian Lopetekir နည်းပြလက်ထဲမှာပဲရှိသေးတယ်။ သူ့ခေတ်တုန်းက နာမည်ကြီးကစားသမားတွေ ပြည့်လျှံနေတယ်။ ဥပမာ Toni Kruse, Isco, Gareth Bale, Karim Benzema တို့ပေါ့။ Vinicius ရောက်လာတဲ့အကြောင်းရင်းကတော့ ရော်နယ်ဒိုနေရာအစားထိုးဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ သူ့မှာ အသင်းရဲ့မျှော်လင့်ချက်ကို ထမ်းပိုးနေရပါတယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းသိသလို ရော်နယ်ဒီုက အသင်းရဲ့ The Best နဲ့ စစ်မှန်တဲ့ နမ်ဘာဝမ်းပေါ့လေ။ သူ့ရဲ့ ရီးရဲ့လ်နဲ့ ပထမတစ်နှစ်မှာ တော်တော်ကောင်းပါတယ်။ ဒါပေမယ့် သူ့ရဲ့သွင်းဂိုးကျတော့ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်နိုင်သေးပါဘူး။ အသက်က ၁၈ နှစ်ပဲရှိသေးတာလည်းပါတယ်။ တဖြည်းဖြည်းတိုးတက်ပြီး တစ်နှစ်နဲ့တစ်နှစ်မှာ ဆင်းခွင့်ပိုရလာပါတယ်။ ရီးရဲလ်အသင်းရဲ့ အဓိကနေရာကို တတိယနှစ်မြောက်ရောက်တော့မှ ဝင်ယူနိုင်သွားတယ်။ အရမ်းတက်ကြွတဲ့နှစ်ကတော့ အရင်နှစ်တုန်းကပါပဲ။ သူက စည်းဘေးမှာနေရတဲ့အတွက် ဂိုးတွေ ပိုးစိုးပက်စက်မသွင်းနိုင်ပါဘူး။ အရင်နှစ်တုန်းက အရံကစားသမားနဲ့ ပထမကစားသမားအနေနဲ့ ပေါင်းပြီး ၃၅ ပွဲဆင်းခဲ့ရပါတယ်။ အဲ့ဒီ ၃၅ ပွဲထဲမှာ ဂိုး ၁၇ လုံးနဲ့ Assist ၁၃ ခါ လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့အားသာချက်ကတော့ သူ့အပြေးပဲဖြစ်တယ်။ သူ့အပြေးက အရမ်းမြန်ပြီး ပြိုင်ဘက်ရဲ့ ခံစစ်ပိုင်းကို တော်တော်ဒုက္ခပေးနိုင်တယ်။ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့တောင် သူ့ကိုခံဖူးပြီးပြီ။ Vinicius ဟာ မကြာမီ ဒုတိယနေမာဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်ချေ ၁၀၀% ပဲလို့တောင်ပြောရဲပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကလေးက Carlo Ancelotti ဆိုတဲ့ စူပါနည်းပြရဲ့ လက်အောက်မှာ နေနေရလို့ပါ။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက် 

လက်ရှိ Form – ဒီနှစ်အတွင်း ဒီကစားသမားရဲ့ ရွှေခေတ်ပဲ။ ဒီရာသီ ၉ ပွဲကစားပြီး ဂိုး ၅ လုံးနဲ့ Assist ၃ ခါ လုပ်ထားနိုင်ပါတယ်။ ပြောမယ်ဆို ဒီနှစ်က အရင်နှစ်တွေထက် ခြေစွမ်းတော်တော် ပြနိုင်တယ်လို့ယူဆနိုင်ပါတယ်။ အသက်ပိုကြီလာပြီး အတွေ့ကြုံပိုများလာလို့နေမယ်။ ဒီကစားသမားက ဒီထက်မက ကြမ်းပြလိမ့်မယ်။ သူ့ရဲ့ အဆင်သင့်ဖြစ်မှုကိုတော့ ပြောမနေတော့ပါဘူး ဒီအသက်ဒီအရွယ်က အသက်ကုန်ပြေးနိုင်ပြီးသားပါ။

အောင်မြင်မှု – ဒီလို အသက်တူ အရွယ်တူထဲကယှဉ်ကြည့်ရင်တော့ တော်တော်ကောင်းနေပါပြီ။ ကိုယ်ပိုင်ဆုသိပ်မရပေမယ့် မကြာခင် ဒီကြယ်တစ်ပွင့်လေးက အလင်းရောင် တောက်ပလာလိမ့်မယ်။ မကြာတော့ဘူး ဒီရာသီအတွင်းပဲဗျ။

Facebook

နံပါတ် ၄Kylian Mbappe

အသင်းအဖွဲ့ချုပ်PSG

အသက် ၂၃ နှစ်

ဈေးနှုန်းခန့်မှန်းချေ – ပေါင်သန်း ၁၈၀။

ဒီလိပ်နင်ဂျာကြီးက PSG အသင်းဝင်ကစားသမားတွေရဲ့အသက်ကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ ကြားဖူးပါတယ်။ ဟိုတစ်ခါတုန်းက ရီးရဲလ်အင်္ကျီပြောင်းဝတ်မယ့်သတင်းတောင် ထွက်ရှိလာသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ PSG မှာပဲဆက်နေသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုတော့ ရီးရဲလ်နဲ့သွားနေဖို့ လုံးဝမရှိတော့ပါဘူး။  ဒါပေမယ့်လည်း စိတ်ထဲမရှိပါဘူး PSG မှာနေနေတာ ငွေလည်းရသလို အာဏာပါရနေတယ်။ နေမာနဲ့မက်ဆီတို့တောင် သူ့လောက်အာဏာမရှိဘူး။ ဒါပေမယ့်လည်း ဒီအကြာင်းက ကောလဟာလသတင်းပါနော်။ ဘယ်သူမှ အတည်ပြုသတင်း ထွက်မပြောခဲ့ပါဘူး။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက်  အစစအရာရာ မိနစ် ၉၀ အတွင်းမှ ခြေစွမ်းအပေါ်ပဲ မူတည်မှာပါ။ အမ်ဘတ်ပီဟာ တကယ့်ကြမ်းတဲ့ကလေးတစ်ယောက်ပါပဲ။ သူ့အပြေးကမြန်တယ်။ ဒီကလေးက အသက် ၁၄ နှစ်ကစပြီး နာမည်ကျော်ကြားလာပါတယ်။ မိုနာကိုထဲတောင် မရောက်သေးပဲ နာမည်ကျော်ကြားနေပါပြီ။ ဒါပေမယ် စပိုင်တွေက အလုပ်လုပ်နေကြတော့ အသက် ၁၇ နှစ်ထဲနဲ့ မိုနာကိုဆီ ရောက်ရှိလာပါတယ်။ ၂၀၁၅/၁၆ ခုနှစ်တုန်းက မိုနာကိုအသင်းနဲ့ ၁၁ ပွဲဆင်းကစားပြီး ဂိုး ၁ လုံးလေး သွင်းနိုင်ပါတယ်။ အဲ့ကနေပဲစပြီး ဒီကလေးက ကမ္ဘာ့စူပါစတားလေးဖြစ်လာလိမ့်မယ်လို့ သိသွားပါတယ်။ နောက်နှစ်ရောက်တော့ အမ်ဘတ်ပီမှာ မိုနာကိုအသင်းရဲ့ အဓိကကစားသမားနေရာ တက်ယူနိုင်ပါတယ်။ အဲ့တာပဲမဟုတ်ပါဘူး၊ အသင်းရဲ့ အရေးကြီးတဲ့ကစားသမားပါဖြစ်သွားတယ်။ အဲ့ရာသီတုန်းက ၂၉ ပွဲ ဆင်းကစားပြီး ဂိုး ၁၅ လုံးနဲ့ Assist ၁၁ ခါ လုပ်နိုင်ပါတယ်။ UCL တိုက်ပွဲထဲမှာ ၉ ပွဲဆင်းပြီး ဂိုး ၆ လုံး သွင်းနိုင်တယ်။ အဲ့တာ တကယ်ကောင်းပါတယ်။ အဲ့နှစ်မှာပဲ မိုနာကိုအသင်းက လိဂ်ရဲ့ချန်ပီယံဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ သူက မိုနာကိုကိုနှုတ်ဆက်ပြီး PSG အသင်းထဲ ရောက်ချလာပါတယ်။ PSG ထဲရောက်ရောက်ချင်းတုန်းက သူ့မှာ အသက် ၁၈-၁၉ နှစ်လောက်ပဲ ရှိလိမ့်မယ်။ အဲ့ဒီအသက်အရွယ်နဲ့ ဈေးနှုန်းက ပေါင်သန်း ၁၈၀ တောင်ရှိတယ်။ ဒါပေမယ့် သူက PSG အသင်းကို ဖလားတွေနဲ့ ပြန်ဆပ်နိုင်ပါတယ်။ အမ်ဘတ်ပီဟာ PSG အသင်းနဲ့ ပွဲပေါင်း ၂၂၆ ပွဲဆင်းပြီး သွင်းဂိုး ၁၈၁ လုံး ဖြစ်ပါတယ်။ အရမ်းများတယ်လို့ ယူဆနိုင်ပါတယ်။ ဒီကစားသမားက ဘယ်-ညာတောင်ပံတိုက်စစ်နဲ့ Striker အနေနဲ့လည်း ကစားနိုင်တယ်။ သူ့ရဲ့အကြိုက်ဆုံးကိုပြောမယ်ဆိုရင်တော့ Striker ပဲဖြစ်လိမ့်မယ်။ သူ့အပြေးက အရမ်းမြန်တယ်။ ဂိုးသွင်းချက်လည်း တော်တော်ပြတ်သားတယ်။ ဒါပေမယ့် သူ့ကို ဘာလို့နံပါတ် ၄ မှာပဲ ထားလိုက်တာလဲဆိုရင် သူ့ရဲ့ ဂိုးသွင်းချင်စိတ်ကြောင့် ပေးလိုက်တာပါ။ ဒီလိုမျိုးလိုချင်စိတ်ကြောင့် အနာဂတ်မှာ ပြသာနာတက်သွားနိုင်ပါတယ်။ အခုက တစ်လိဂ်လုံးမှ တစ်သင်းပဲတော်နေတဲ့အသင်းနဲ့ နေနေရလို့ပါ။ အခြားနေရာကို သွားရောက်ကစားစေချင်သေးတယ်။ ဒါပေမယ့် သူ့ဈေးနှုန်းကြီးကလည်း မလွယ်ဘူး။ နယူးကာဆယ်ဝယ်မယ်ဆိုရင်တော့ ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းက PSG လို ငွေမသုံးတတ်ပါဘူး။ အဲ့ဒီတော့ ဒီလိပ်နင်ဂျာကြီးက PSG နဲ့ပဲ အကြာကြီးဆက်နေသွားလိမ့်မယ်။

လက်ရှိ Form – PSG အသင်းဟာ ၈ ပွဲကစားပြီး တစ်ပွဲမှမရှုံးသေးပါဘူး။ အဲ့ဒီ ၈ ပွဲထဲမှာ သရေ ၁ ပွဲလေးနဲ့ ရမှတ် ၂၂ မှတ် ပိုင်ဆိုင်ထားနိုင်တယ်။ အမ်ဘတ်ပီမှာ ၇ ပွဲဆင်းပြီး ဂိုး ၇ လုံးသွင်းနိုင်တယ်။ UCL တိုက်ပွဲထဲမှာလည်း ၂ ပွဲဆင်းပြီး ဂိုး ၃ လုံး သွင်းထားနိုင်ပါတယ်။ တစ်ပွဲမှာ ဂိုးတစ်လုံး ပုံမှန်သွင်းနိုင်နေပါတယ်။ သူက တစ်ပွဲ တစ်ပွဲမှာ ဂိုးသွင်းဖို့အခွင့်ရေးတွေ အများကြီးပါပဲ၊ နေမာရော မက်ဆီရော သူ့ကိုဖန်တီးပေးပါတယ်။ အဲ့တော့ သူက ဒီနှစ်မှာပဲ မကျော်ကြားရင် မသိတော့ပါဘူး။

အောင်မြင်မှု – ပြောမယ်ဆို ဥရောပဆုကလွဲပြီး အကုန်ပိုင်ဆိုင်ဖူးပြီးပြီ။ ဥရောပဆုကတော့ အခုထိပဲ မရသေးပါဘူး။ ကိုယ်ပိုင်ဆုကော အသင်းဆုကော တစ်ခါမှမရဖူးသေးပါဘူး။

Facebook

နံပါတ် ၃ Neymar da Silva Santos Júnior

အသင်းအဖွဲ့ချုပ်PSG

အသက် ၃၀ နှစ်

ဈေးနှုန်းခန့်မှန်းချေ – ပေါင် ၇၅ သန်း

သူကကျတော့ ဘရာဇီးလူမျိုးနဲ့ စကေးအရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်၊ သူ့ကိုဖမ်းချုပ်ဖို့ဆိုတာ တော်တော်မလွယ်ဘူး။ ဒါပေမယ့် သူက မက်ဆီနဲ့ ရော်နယ်ဒိုတို့ခေတ်မှာ မွေးဖွားခဲ့လို့သာ နှမြောစရာကောင်းပါတယ်။ အဲ့တာကြောင့် ကမ္ဘာ့ပေါ်ကလူတွေ သူ့ကို နံပါတ် ၃ လို့ပဲ သတ်မှတ်လိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ အပေါ်က ပြောထားတဲ့နှစ်ယောက်လို အောင်မြင်မှုမျိုးတွေ သိပ်မရသေးလို့ပါ။ သူ့ရဲ့အောင်မြင်မှုတော်တော်များများက သူငယ်ချင်းတွေနဲ့အတူ ဆွတ်ခူးတာများတယ်။ PSG အသင်းဟာ အရင်ကတည်းက ဘာစီလိုနာနဲ့ ရီးရဲလ်တို့လောက်ကြည့်မကောင်းပါဘူး။ အဲ့တော့ ကစားသမားတစ်ယောက်ချင်းစီထောက်ကြည့်ရင်တော့ နေမာဟာ မက်ဆီနဲ့ ရော်နယ်ဒိုနဲ့ တန်းတူဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ နေမာက အသက် ၁၇ နှစ်မှစပြီးနာမည်ကျော်ကြားလာပါတယ်။ သူ့ရဲ့ လှည့်ကွက်က အရမ်းကြည့်ကောင်းပါတယ်။ ဇမ်ဘာရဲ့အကလိုမျိုး လှပတယ်။ ကစားသမားတော်တော်များများ သူ့ဆီက ဘောလုံးလုယူမယ်ဆိုရင် မလုနိုင်ပဲ လဲကျသွားတဲ့သူတွေ ခန ခန မြင်ရတတ်ပါတယ်။ သူစစပေါ်တုန်းက Youtube ဆော့ဝဲလဲ စစပေါ်ချင်းပါပဲ။ အဲ့တုန်းက သူ့စကေး တော်တော်ရင်ခုန်စရာကောင်းတယ်။ နောက်ဆုံးတော့မှ ဘာစီနဲ့ပဲ သွားနေလိုက်ပါတယ်။ အဲ့တုန်းက သူ့ဈေးနှုန်း ပေါင် ၈၈ သန်းလေးပါပဲ။ အဲ့တုန်းက သူ့မှာ အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ ဒီလိုအသက်အရွယ်နဲ့ ဒီဈေးနှုန်းဟာ ဘာစီအတွက် တော်တော်အကျိုးပေးပါတယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက် နေမာဟာ ဘာစီအသင်းနဲ့ ၁၈၆ ပွဲဆင်းပြီး ဂိုး ၁၀၅ လုံးနဲ့ Assist ၇၆ ခါ လုပ်ထားနိုင်ပါတယ်။ နေမာအားသာတဲ့ Postion ကတော့ အရှေ့တန်းဘယ်ဘက်ခြမ်းပေါ့။ သူ့ဘောလုံးစတိုင်လ်က အလယ်ကိုဖြတ်ဝင်တာတို့ စည်းဘေးကို ဆွဲသွားတာတို့ပေါ့။ ဒါမှမဟုတ် Play Maker အနေနဲ့လည်း ကစားနိုင်တယ်။ သူ့အရည်ချင်းအားလုံးကြောင့် ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမား တန်းဖြစ်သွားပါတယ်။ ဘာစီလိုနာတို့ ရောင်းဖို့တောင် စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမယ့်လည်း PSG ရဲ့ ငွေအစွမ်းက အရမ်းပြင်းထံတော့ ရောင်းပေးလိုက်ရပါတယ်။ အဲ့တုန်းက ဘာစီလိုနာအသင်း နေမာကို ကမ္ဘာ့စံချိန်တင် ပေါင် ၂၂၂ သန်းနဲ့ ရောင်းလိုက်ပါတယ်။ အခုထိ အဲ့ဒီစံချိန်ကြီးကို ဘယ်ကစားသမားမှ ဝင်မဖျက်နိုင်သေးပါဘူး။ တော်တော်ကြာနေဦးမယ်ထင်တယ်။ ရှင်းရှင်းပြောရင်တော့ ရှိချင်မှရှိလိမ့်မယ်။ နေမာဟာ PSG အသင်းထဲရောက်သွားတုန်းက အသက် ၂၅ နှစ်ပဲရှိပါသေးတယ်။ သူရွှေ့ပြောင်းသွားတဲ့အကြောင်းရင်းက ငွေအစွမ်းကြောင့်ပဲမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သူက ဘာစီအသင်းမှာ ဘယ်လောက်ပဲကောင်းနေပါစေ နမ်ဘာဝမ်းက မက်ဆီပဲ ဖြစ်နေတာကြောင့်ပါ။ ကျားနှစ်ကောင်တစ်ဂူထဲနေလို့မရပါဘူး။ အသက်ကဖြင့် ၂၅ နှစ်ရှိနေပြီ နမ်ဘာတူးကိုတော့ အဖြစ်မခံနိုင်ပါဘူးလေ။ ဒါပေမယ့် သူက မက်ဆီနဲ့တော့ အဆင်ပြေပါတယ်နော်။ နေမာဟာ PSG အသင်းထဲရောက်လာတော့ အဓိက ကစားသမားတန်းဖြစ်သွားပါတယ်။ နိုင်ငံအတွင်းရှိ ဆုဖလားအမျိုးမျိုး ဆွတ်ခူးနိုင်တယ်။ ယူဖာချန်ပီယံလိဂ်ကလွဲပြီး ကျန်တာအကုန်ရဖူးပြီးပြီ။ အသင်းထဲက သူငယ်ချင်းတွေနဲ့လည်း ဆက်ဆံရေးတော်တော်ကောင်းတယ်။ ချိတ်တွယ်ကစားနိုင်တယ်။ သူ့ရဲ့ပြသာနာကတော့ ဒဏ်ရာ ခန ခန ရတာပဲရှိတယ်။ တစ်ရာသီလုံးလုံးမှာ သူဆင်းနိုင်တဲ့ပွဲအရေတွက်က ၁၅ ပွဲကနေ ပွဲ ၂၀ အထိလောက်ပဲရှိလိမ့်မယ်။ ရာသီတစ်ဝက်နီးနီး ပျောက်သွားတတ်ပါတယ်။ သူက ဘယ်လောက်ထိပဲ ကြာကြာပျောက်သွားပါစေ ပြန်လာတာနဲ့ ခြေစွမ်းတန်းပြနိုင်ပါတယ်။

လက်ရှိ Form – သူ့ခန္ဓာကိုယ်က တော်တော်အဆင်သင့်ဖြစ်သွားပါပြီ။ လိဂ်ပြိုင်ပွဲထဲ ၈ ပွဲဆင်းပြီး ဂိုး ၈ လုံးနဲ့ Assist ၇ ခါ လုပ်ထားနိုင်တယ်။ UCL တိုက်ပွဲထဲမှာ ၂ ပွဲဆင်းပြီး ဂိုး ၁ လုံးနဲ့ Assist ၁ ခါ လုပ်နိုင်ပါတယ်။ သူ့မှာ စိတ်ကောင်းမရှိပဲ အမ်ဘတ်ပီကိုဘောလုံးမပို့ပေးရင် ဒီထက်မက ဂိုးသွင်းနိုင်တယ်လို့ ဖန်တွေပြောဆိုကြပါတယ်။ ဒီနှစ်မှာလည်း နေမာရဲ့ ရွှေနှစ်ပါပဲ။ ကံကောင်းရင် ဒီနှစ် PSG နဲ့ UCL ဖလားပါ ကောက်ယူသွားလိမ့်မယ်။

အောင်မြင်မှု – နေမာက ဂိုးဖန်တီးရှင်မဟုတ်ဘူးလို့ ဘယ်သူမှမပြောရဲလောက်ပါဘူး။

ဘာလို့လည်းဆိုတော့ သူက ဆုဖလားအမျိုးမျိုး ဆွတ်ခူးခဲ့ဖူးပြီးပြီမို့လို့ပါ၊ သူ့အောင်မြင်မှုက တော်တော်များပါတယ်။ ကမ္ဘာ့ဖလားကိုပဲ မရဖူးသေးဘူး။ ဒါပေမယ့် ဒီနှစ် ကမ္ဘာ့ဖလားပွဲထဲမှာ သူက ဘရာဇီးအသင်းကို ကပ္ပတိန်အနေနဲ့ ဦးဆောင်သွားမှာဆိုတော့ ဘရာဇီးဖန်နဲ့ နေမာဖန်အနေနဲ့ သူတို့ကို ဖလားရသွားစေချင်ပါတယ်။

Facebook

နံပါတ် ၂ Robert Lewandowski

အသင်းအဖွဲ့ချုပ်ဘာစီလိုနာ

အသက် ၃၄ နှစ်

ဈေးနှုန်းခန့်မှန်းချေ – ပေါင် ၄၅ သန်း။

တော်တော်များများက ဘာလို့ဒီဦးလေးကြီးကို ယူလာတယ်လည်းလို့ ထင်နေကြမှာပဲ။ မမှားပါဘူး သူ့အသက်က ၃၄ နှစ်ရှိသွားပါပြီ။ ၃၄ နှစ်ဆိုပေမယ့် ခြေစွမ်းကတော့ ရှယ်ကောင်းနေတုန်းပါနော်။ သူ့အသက်သာ ဒီထက်ငယ်သေးတယ်ဆိုရင် နံပါတ် ၁ နေရာတောင် ပေးဖို့စိတ်ကူးထားပါတယ်။ လက်ရှိ သူ့ခြေစွမ်းက အရင်တုန်းက ၂၀ ကျော်ကျော်လိုမျိုးပဲ ကောင်းနေတယ်။ အခြေခံရှိရှိနဲ့ ခြေစွမ်းပြနိုင်တုန်းပါ။ နည်းနည်းကျဆင်းသွားတာတော့ အပြေးပေါ့။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒါမှ အသင်းတိုင်းမှာရှိသင့်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ပြတ်သားမှုရှိတယ်။ တောင့်တင်းမှုရော ပြီးတော့ ကစားပွဲကိုလည်း ကြိုတင်ခန့်မှန်းနိုင်သေးတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ထဲပါတယ်။ လီဝန်က ပိုလန်နိုင်ငံအတွင်းမှာပဲ ကြေးအရင်စားပြီး သူ့ခြေစွမ်းကို ပင့်ပေးတဲ့နည်းပြက စူပါနည်းပြယာဂင်ကလော့ပ်ပဲဖြစ်ပါတယ်။ လီဝန်ဟာ ဒေါ့မွန်ထဲရောက်လာတုန်းက နာမည်မကျော်ကြားသေးပါဘူး။ အဲ့တုန်းက ယာဂင်ကလော့ပ်လက်ထဲက ဒေါ့မွန်အသင်း လီဝန်ကို ပေါင် ၄.၅ သန်းနဲ့ ဝယ်ယူထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက် ဒေါ့မွန်ထဲစစရောက်ချင်းတုန်းက လီဝန်မှာ ခြေစွမ်းတန်းမပြနိုင်သေးပါဘူး။ ပထမကစားသမားအနေနဲ့ ဆင်းလိုက် အရံအနေနဲ့ ဆင်းလိုက်ပဲ လုပ်ခဲ့ရပါတယ်။ စတိုင်လ်အမျိုးမျိုး ပြောင်းကစားခဲ့ရပါတယ်။ စည်းဘေးမှာနေလိုက် Striker ဖြစ်လိုက်နဲ့ Form သိပ်မကောင်းပါဘူး။ လီဝန်ရောက်လာတဲ့နှစ်က သူ့မှာခြေစွမ်းသိပ်မပြနိုင်ပေမယ့် ဘိုင်ယန်ကိုတော့ တက်ကြိတ်ပြီး လိဂ်ချန်ပီယံရသွားသေးတယ်။ လီဝန်ရဲ့ ပထမနှစ်မှာ Lucas Barrios နေရာကို လုမယူနိုင်သေးပါဘူး။ ဒုတိယနှစ်ရောက်တော့မှ လီဝန်ဒေါ့စကီးဆိုတဲ့နာမည်ကြီးက ကမ္ဘာ့အနှံ ပြန့်သွားပါတယ်။ အဲ့နှစ်မှာ ၃၃ ပွဲ ဆင်းကစားပြီး ဂိုး ၂၂ လုံး သွင်းနိုင်တယ်။ ဒုတိယအကြိမ်မြောက်အနေနဲ့ ဘိုင်ယန်ကိုပါးရိုက်ပြီး ချန်ပီယံတက်လုသွားပါတယ်။ ၂ နှစ် ဆက်တိုက်ကြီး ချန်ပီယံရသွားပါတယ်။ အဲ့အချိန်မှပဲ ဘိုင်ယန်ကို တကယ်ထိန်းချုပ်နိုင်ခဲ့တယ်။ အဲ့တာ နောက်ဆုံးအကြိမ်ပါပဲ။ နောက်လာတဲ့ရာသီတွေမှာ ဘိုင်ယန်တို့ ချန်ပီယံရသွားပေမယ့် ဒေါ့မွန်အသင်းက သူတို့ကို အနောက်ယှက်အမြဲလိုက်ပေးတတ်ပါတယ်။ ဒေါ့မွန်ကြီးက အနောက်ယှက်အရမ်းပေးတော့ ဘိုင်ယန်ကလည်း သူတို့ဆီက အဓိကကစားသမားကို ကောက်ဝယ်လိုက်ရော၊ ပထမတစ်ယောက် Mario Götze ဖြစ်ပြီး နောက်တစ်ယောက် လီဝန်ပဲ ဖြစ်ပါတယ်။ လီဝန်ရွှေ့သွားတုန်းက တစ်ပြားမှမပေးရပဲ အလကားရသွားပါတယ်။ ဒေါ့မွန်ထဲမှာ လီဝန်မရှိတော့တဲ့အတွက် အခြေနေတွေ တော်တော်ဆိုးသွားပါတယ်။ ဘိုင်ယန်ထဲရောက်သွားတာနဲ့ သူ့မှာ ကမ္ဘာ့ထိပ်တန်းကစားသမား တန်းဖြစ်သွားပါတယ်။ အဲ့အချိန် နတ်ဘုရားကြီးဖြစ်နေတဲ့ Ibrahimović နဲ့အတူ နာမည်ကြီးကြပါတယ်။ Ibrahimović က God ဖြစ်နေတော့ လီဝန်မှာ prince ဖြစ်သွားတာပေါ့ဗျာ။ သူက ဘိုင်ယန်နဲ့ ၈ နှစ်တိတိ နေထိုင်ခဲ့ပြီး ဆုဖလားအမျိုးမျိုး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက ဘိုင်ယန်အသင်းရဲ့ သမိုင်းဝင်ကစားသမားတောင် ဖြစ်သွားပါပြီ။ ဘိုင်ယန်အသင်းနဲ့ ၃၇၅ ပွဲ ဆင်းပြီး ဂိုး ၃၄၄ လုံးနဲ့ Assist ၇၂ ခါ လုပ်နိုင်ခဲ့တယ်။ ပွဲတိုင်းပဲ ဂိုးသွင်းနိုင်နေရော။ ဒီလိုအခြေခံမျိုးဟာ ဘယ်သူမှ ဝင်ဖျက်လို့မလွယ်ပါဘူး။ အောင်မြင်မှုက အရမ်းများနေတော့ လမ်းအဆုံးဖြစ်ပေါ်လာပါတယ်။ သူ့အတွက် ရင်ခုန်စရာမကောင်းတော့ဘူး။ အဲ့တာနဲ့ပဲ ဒီနှစ်အတွင်းမှာ ဘိုင်ယန်အသင်းကို နှုတ်ဆက်ပြီး ဘာစီနဲ့သွားနေလိုက်ပါတယ်။ သူ ဘာစီထဲစစရောက်ချင်းတုန်းက ဘာစီမှာငွေကြေးအခက်ခဲအရမ်းဖြစ်တဲ့အချိန်ကြီးဖြစ်နေတယ်။ အဲ့တော့ ဒီပြသာနာက သူ့အတွက် စိန်ခေါ်မှုအသစ်ပါပဲ။ အသက် ၃၄ နှစ်နဲ့ ဈေးနှုန်း ပေါင် ၄၅ သန်း ဆိုတာ ဈေးကြီးပါတယ်။ ရော်နယ်ဒိုကိုပဲကြည့်ပေါ့ ဘယ်အသင်းက ဝယ်ချင်နေလို့လဲ။ ဘာစီအသင်းက လီဝန်ရဲ့ နောက်ဆုံးနေရာပဲ ထင်ပါတယ်။ နောက် ၂ နှစ် ၃ နှစ်ကျရင် ဘာစီနဲ့ပဲ ကြေးစားဘဝကို စွန့်လွတ်လိုက်မယ်ထင်တယ်။ အဲ့အချိန်ကျရင် တော်တော်လေး ဝမ်းနည်းစရာကောင်းလိမ့်မယ်။ သူ့ရဲ့ အစစအရာရာက သမိုင်းဝင်မှတ်တမ်းထဲတော့ ရှိနေမြဲပါပဲ။

လက်ရှိ Form – အသက် ၃၄ နှစ်တောင်ရှိသွားပြီလို့မထင်ရဘူး။ ဘာလို့လည်းဆိုတော့ လီဝန်က ၈ ပွဲ ကစားပြီး ဂိုး ၁၁ လုံးတောင် ပိတ်သွင်းထားလို့ပါ။ ဆင်းကစားတဲ့ကြာချိန်ကိုတွက်ကြည့်ရင် မိနစ် ၆၂၀ တောင်ရှိတယ်။ အဲ့ဒီ ၈ ပွဲထဲကအချိန်ကို ပြန်ခွဲကြည့်ရင် တစ်ပွဲ တစ်ပွဲမှာ မိနစ် ၈၀ အထိတောင် ဆင်းနိုင်တယ်။ ဒီလိုအသက်အရွယ်မျိုးနဲ့ ဒီလိုလိုက်နိုင်သေးတယ်ဆိုတာ သူ့ကိုယ်သူ တော်တော်ဂရုစိုက်လို့ပဲ ဖြစ်ပါတယ်။ နောက် ၂ နှစ် ၃ နှစ် ဆက်ကစားနိုင်ဦးမှာပါပဲ။ ဘာစီအတွက် တန်တာပေါ့။

င်မြင်မှု – ဘာမှတော့သိပ်ပြောစရာမလိုပါဘူး။ ကွင်းထဲကခြေစွမ်းတွေ နာမည်ကျော်ကြားမှုတွေက လူတိုင်းမြင်ဖူးပြီးပြီ။ လီဝန်ဒေါ့စကီးက ဒီကမ္ဘာ့ရဲ့ ထာဝရအကောင်းဆုံး ဂိုးဖန်တီးရှင်အနေနဲ့ ဆက်လက် ရှိနေသွားဦးမှာပါပဲ။ သူ့ရဲ့ The Best ကို ဘယ်သူမှမယှဉ်နိုင်ပါဘူး။ သူ့အရည်ချင်းက အတုယူလို့မလွယ်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ ကြိုးစားမှုမှ ဆင်းတက်လာတဲ့အရာတွေပါ။ လီဝန်ဟာ ကြိုးစားမှုရှိတဲ့သူတွေမှာ အောင်မြင်မှုတကယ်ရနိုင်မှန်း လုပ်ပြသွားပါတယ်။

Facebook

နံပါတ် ၁Erling Braut Håland

အသင်းအဖွဲ့ချုပ်မန်စီးတီး

အသက် ၂၂ နှစ်

ဈေးနှုန်းခန့်မှန်းချေ – ပေါင်သန်း ၁၅၀။

ဒီအချိန် ဒီကမ္ဘာ့ပေါ်မှာ သူ့ကိုမသိတဲ့သူ ခပ်ရှားရှားပဲဖြစ်လိမ့်မယ်။ ဒီကလေးနာမည်က ဟာလန်းပါပဲ။ သူ့မှာ အသက် ၁၆-၁၇ နှစ်ကတည်းကစပြီး နာမည်ကျော်ကြားလာပါတယ်။ တစ်ယောက်ထဲနဲ့ တစ်ပွဲကို ဂိုး ၉ လုံးသွင်းနိုင်တယ်။ ပထမပွဲဆင်းတာနဲ့ Hat-trick တန်းရတယ်။ ၂ ပွဲ ၃ ပွဲဆက်တိုက် Hat-trick ရတာမျိုးလည်းရှိတယ်။ တကယ့်လူငယ်လေးပါ။ ဟာလန်းဟာ ငယ်ငယ်ကတည်းက ဘောလုံးကစားလာတယ်။ သူ့အဖေက မန်စီးတီးကစားသမားဟောင်းဖြစ်တယ်။ ဒါပေမယ့် သရဲနီအသင်းမှာရှိနေတဲ့ ရွိုင်ကိန်းရဲ့ ဘောလုံးဝင်ဖျက်မှုကြောင့် ကစားသမားဘဝကို စောစောစီးစီး စွန့်လွတ်လိုက်ရပါတယ်။ ဟာလန်းဟာ နော်ဝေနိုင်ငံအတွင်းရှိ Bryne အသင်းနဲ့ ကစာသမားဘဝကိုစတင်ခဲ့ပါတယ်။ ပြီးတော့မှ နိုင်ငံအတွင်းရှိ နာမည်ကြီး mold အသင်းဆီ ရောက်သွားပါတယ်။ ဟာလန်းရဲ့သွင်းဂိုးစံချိန်က ရူးခါလောက်အောင် ရှယ်ကောင်းတယ်ဗျ။ mold အသင်းနဲ့ ပွဲ ၅၀ ဆင်းပြီး ဂိုး ၂၀ သွင်းနိုင်ပါတယ်။ ပြီးရင် Red Bull Salzburg က သူ့ကို ပေါင် ၈ သန်းနဲ့ ဝယ်ယူသွားပါတယ်။ သူက Red Bull Salzburg နဲ့ တစ်ရာသီထဲပဲကစားခဲ့ရပါတယ်။ အဲ့ဒီရာသီမှာ ၂၇ ပွဲဆင်းပြီး ဂိုး ၂၉ လုံးနဲ့ Assist ၇ ခါ ပိတ်လုပ်နိုင်တယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ယောက်  လူတော်တော်များများက သူ့ကို UCL တိုက်ပွဲမှစံချိန်ကို မြင်ပြီး ကြိုက်လာကြပါတယ်။ ဘာလို့လည်းဆိုတော့ သူက UCL တိုက်ပွဲထဲ ၆ ပွဲဆင်းပြီး ဂိုး ၈ လုံးတောင် သွင်းနိုင်လို့ပါ။ အဲ့တာနဲ့ပဲ ဥရောပတိုက်ထဲကအသင်းတော်တော်များများ စိတ်ဝင်စားသွားပါတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ဟာလန်းက Lucien Favre ရှိနေတဲ့ ဒေါ့မွန်ကိုပဲ ရွေးချယ်လိုက်ပါတယ်။ အဲ့တုန်းက သူ့မှာ ပေါင် ၄၅ သန်းနဲ့ ရွှေ့ပြောင်းသွားပါတယ်။ သူက သူ့ကို ဝယ်ရကျိုးနပ်အောင် ခြေစွမ်းပြနိုင်ပါတယ်။ ဘယ်လိုလည်းဆိုရင် ဒေါ့မွန်နဲ့ ၈၉ ပွဲ ဆင်းပြီး ဂိုး ၈၆ လုံးနဲ့ Assist ၂၃ ခါတောင် လုပ်နိုင်ပါတယ်။ အဲ့ဒီ ပွဲပေါင်း ၈၉ ပွဲက ၃ ရာသီလောက် ကြာပါတယ်။ အဲ့ဒီ ၃ ရာသီမှာ ဒေါ့မွန်တို့ ဘာမှ သိပ်ပြီးမအောင်မြင်ခဲ့ပါဘူး။ ဟာလန်းက ပွဲတိုင်းဆင်းဖို့ အဆင်သင့်ဖြစ်တယ်လို့ကြားဖူးပါတယ်။ အဲ့တုန်းက ဘိုင်ယန်အသင်းကြီးတောင် သူ့ကို တော်တော်ကြောက်ပါတယ်။ ဒါတောင် သူ့မှာ အဲ့ဒီကြားထဲ ဒဏ်ရာတွေဘာတွေ ကောက်ရပေမယ့် ခြေစွမ်းပြနိုင်သေးတယ်။ နောက်ဆုံးမှာတော့ ဟာလန်းကို မန်စီးတီးက ပေါင်သန်း ၆၀ နဲ့ ပိုင်ဆိုင်သွားပါတယ်။ ဒီလိုအသက် ၂၂ နှစ်ထဲနဲ့ ဂိုးသွင်းချက်တော်တော်ကောင်းပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့တည်ဆောက်ပုံကလည်း အရမ်းကောင်းတယ်။ အပြေးလည်းမြန်တယ်။ ပြီးတော့ ကစားပွဲကြိုတင်ခန့်မှန်းချေလည်းကောင်းတယ်။ ပြိုင်ဘက်ခံစစ်မှူးတော်တော်များများ သူ့ဆီဘောလုံးဝင်ဖျက်မယ်ဆိုရင် သူတို့ချည်းပဲ လဲကျသွားတာ ခန ခန မြင်ရတတ်ပါတယ်။ ဟာလန်းက ပြိုင်ဘက်ပင်နယ်တီစည်းထဲကလွတ်ပေါက်ကို တော်တော်ရှာတတ်ပါတယ်။ သူ့ကို နည်းနည်းလွတ်ထားတာနဲ့ အန္တရာယ်တန်းပေါ်ရော၊ နည်းနည်းငှေးလို့တောင်မရဘူး။ ပပ် ဂွါဒီယိုလာလက်ထဲပါရောက်လာတော့ သူ့မှာ အတောင်ပံပါတပ်သွားပါပြီ။ ဂိုးတွေ မတရားသွင်းယူသွားလိမ့်မယ်။ သူ့ကိုပံ့ပိုးပေးမယ့် ကစားသမားကလည်း De Bruyne, Bernardo Silva, Phil Foden, Gundogan တို့လိုကစားသမားမျိုးတွေဗျ။ မန်စီးတီးက ဟာလန်းကိုပိုင်ဆိုင်လိုက်တဲ့နေရာ သူတို့အတွက် လိုအပ်တဲ့နေရာ မှန်ကန်စွာဖြည့်ဆည်းဖြင်းဖြစ်တယ်။

လက်ရှိ Form – စွမ်းဆောင်ရည်ရှယ်ကောင်း မန်စီးတီးနဲ့ ၁၀ ပွဲဆင်းပြီး ဂိုး ၁၄ လုံးနဲ့ Assist ၁ ခါ လုပ်ထားနိုင်ပါတယ်။ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး အကုန်လုံးပဲ လုပ်နိုင်နေတယ်။ ဘယ်ခြေထောက်နဲ့လား ညာခြေထောက်နဲ့လား ကြိုက်တာကန်သွင်းလို့ရတယ်၊ ခေါင်းနဲ့လည်း တိုက်တတ်သလို ခုန်ပေါက်ပြီး ဂိုးသွင်းတာမျိုးလည်းရှိတယ်။ သူ့ကို ဘယ်အရာမှမတားနိုင်ပါဘူး။ သူ့အပြေးကတော့ အရမ်းမြန်ပြီးသား၊ သူ့ရဲ့ တောင့်တင်းမှုက ဘယ်သူမှထက်မညံ့ဘူး။

အောင်မြင်မှု – အသက် ၂၂ နှစ်ထဲနဲ့ အောင်မြင်မှုတွေအတွက် စိတ်ပူစရာမလိုပါဘူး။ ဆင်းပြိုင်သမျှဖလားတွေ အကုန်ဆွတ်ခူးသွားလိမ့်မယ်။ ဒီလို ကောင်းတဲ့ဂိုးသွင်းစံချိန်မျိုးရှိတဲ့အတွက် ကိုယ်ပိုင်ဆုရဖို့မခက်ပါဘူး။ Ballon d’or ဆုကစ ရဖို့ရှိပြီးသားပါ။ ဥရောပအတွင်းမှ အကောင်းဆုံးဆုတွေဘာတွေလည်း ရသွားလိမ့်မယ်။ ဘာမှအဝေးကြီးတွေးစရာမလိုဘူး ဒီနှစ်မှာ အသေချာဆုံးဆု ၁ ခုကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးဖန်တီးရှင်ပဲ ဖြစ်ပါတယ်။

Facebook