ရှမ်းကိုးမီး - တောင်ပေါ်သား

မန်ယူ Vs ဘရန်ဖိုတ့် [ 5 Apr 23 - 01:30 hrs]

ရှမ်းကိုးမီး – တောင်ပေါ်သား မန်ယူအသင်း Top4 နေရာ လုယက်ဖို့မသေချာတော့ပဲဖြစ်နေပါတယ်။ အခု အဆင့် ၄ မှာရောက်ရှိနေပြီး နယူးကာဆယ်နဲ့ အမှတ်ချင်းတူနေပါတယ်။ သွင်းဂိုးစံချိန်ကတော့ နယူးကာဆယ်ဘက်က ပိုသာပါတယ်။ မန်ယူရဲ့ပြိုင်ပွဲအရေအတွက်က စပါးထက် ၁ ပွဲနည်းပြီး စပါးထက် အမှတ် ၁ မှတ်ထဲပဲ များနေပါတယ်။ ဒီလက်ကျန်ပွဲကလည်း ၃ မှတ်ရမလားတောင်မသိသေးပါဘူး။ ဒီပွဲနဲ့ပတ်သက်တာမပြောခင် သူတို့ရဲ့ Top4 နေရာအတွက် လမ်းခရီးဘယ်လောက်ထိ ကြမ်းတမ်းလည်းဆိုတာ ကြည့်ကြရအောင်။ ဒီပွဲအပါအဝင် ၁၁ ပွဲကျန်ပြီး အိမ်ကွင်းနဲ့ ၆ ပွဲဖြစ်ပြီး အဝေးကွင်း ၅ ပွဲ ဖြစ်ပါတယ်။ သူတို့အတွက် အရမ်းခက်တဲ့ပွဲက ၄-၅ လောက်ပါပဲ။ အဲ့ဒီထဲမှာ စပါးနဲ့တွေ့ဖို့ရှိသေးတယ်။ အဝေးကွင်းဖြစ်နေတဲ့အတွက် တော်တော်ခက်လိမ့်မယ်။ ဒီပွဲ ဘရန်ဖိုတ့်နဲ့တွေ့ရမယ့်နေရာ မလွယ်ပါဘူး။ ကာစီမီရိုကြီးကလည်း ပြန်မလာသေးဘူး။ သူ့ရဲ့ပျောက်ဆုံးမှုက မန်ယူရဲ့ အဆင့် ၄ နေရာအတွက် အရမ်းပဲထိခိုက်သွားပါတယ်။ သူ့အစား ဆင်းကစားခဲ့တဲ့ Mc၊ Fred နဲ့ Sabitzer တို့က ဘယ်လိုမှအဆင်မပြေဘူး။ Pressing မရသလို ဘောလုံးလည်း မလုတတ်ကြဘူး။ တိုက်စစ်မှူးကလည်း အခု အဆင်မပြေတော့ပြန်ဘူး။ လိဂ်ပွဲစဉ်ထဲမှာ ၃ ပွဲဆက်တိုက် ဂိုးသွင်းမှုပျောက်ဆုံးနေပါတယ်။ ခံစစ်ပိုင်းလည်း ဆိုးနေတယ်။ အခုလက်ရှိစွမ်းဆောင်ရည်က စိတ်ညစ်စရာကောင်းပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် နယူးကာဆယ်ကိုရှုံးလာပြီး အဆင့် ၃ ကနေ ပြုတ်သွားရော။ အဲ့ပွဲ ကစားပုံကစားနည်းကလည်း ဘယ်လိုမှအဆင်မပြေခဲ့ဘူး။ ပထမပိုင်းနဲ့တင် ပြိုင်ဘက်ကို ဂိုးသွင်းခွင့် ၁၁ ခါတောင် ပေးလိုက်တယ်၊ သူတို့ဘက်ကျတော့ ၂ ခါလေးပဲ ဖန်တီးနိုင်ခဲ့ကြတယ်။ မိနစ် ၉၀ အတွင်း ဂိုး ၂ လုံးထက် ပိုသွင်းခံမထိတာ တော်တော်ကံကောင်းလှပါပြီ။ ကစားသမားတို့က ရူးပြီထင်နေတာ နည်းပြက ပိုဆိုးပါတယ်။ iceberg က Varane ထက် ဘယ်နေရာပိုကောင်းလို့လည်း။ ကိုယ့်အသင်းက ဂိုးလိုချင်နေတာကို ကောင်းကောင်းကစားနေတဲ့ ခံစစ်မှူးကိုပြောင်းပစ်တယ်။ မာတီနက်ဇ်မရှိလို့ကတော့ ပထမပိုင်းကတည်းက ဆော်ခံထိပြီးပြီ။ ခံစစ်ပိုင်းကို ဘယ်လိုမျိုးစီစဉ်ထားလဲမသိ၊ Wenghorst ကြီးမှာ ပထမပိုင်းကတည်းက အကျိုးမရှိဘူး အဲ့တာကို လူစားလဲဖို့စိတ်တောင်မကူးခဲ့ဘူး။ မာရှယ်ဆိုရင် နည်းနည်းပါးပါး စကေးပြလို့ရသေးတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ကစားသမားတို့ပဲ မကောင်းတာမဟုတ်ဘူး နည်းပြပါ အဆင်မပြေတာဗျ။ ဒီပွဲကတော့ ကာစီမီရိုမရှိသေးဘူး။ ဒီပွဲပြီးရင် နောက်ပွဲတွေလည်း အများကြီးစောင့်နေတယ်။ ၅,၈,၁၃,၁၆ နဲ့ ၂၀ ရက်နေ့ ဆက်တိုက်ကြီးပါ။ ပွဲရက်တွေအရမ်းကပ်နေတော့ အားတော်တော်လျော့ကျသွားမှာပဲ ကစားသမားက အများကြီးရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အစားထိုးဆင်းခိုင်းလို့လည်း မရဘူးဖြစ်နေတယ်။ ဆန်ချိုနဲ့ ကိုလှည့်ကြီးတို့ရဲ့ခြေစွမ်းက စိတ်ပျက်စရာကြီး။ ရက်ဖိုဒ်တစ်ယောက်ထဲနဲ့ ဘယ်လိုမှမရုန်းနိုင်ပါဘူး။ နောက်ဆုံးမှာတော့ မျှော်လင့်ထားတာတွေ ဘာမှမရပဲ ပြီးသွားမယ်ထင်တယ်။

ဘရန်ဖိုတ့်တို့ကျတော့ စွမ်းဆောင်ရည်တွေ ထင်ထားတာထက်ကောင်းနေတယ်။ အဝေးကွင်းနဲ့ ၁၄ ပွဲတုန်းကအနိုင် ၃ ပွဲ သရေ ၄ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်ပါတယ်။ သူတို့ကို လွယ်လွယ်လေးနဲ့ ဝါးလို့မရပါဘူး။ သူတို့ဆီက ၃ မှတ်လိုချင်ရင်တော့ အသက်ကုန်ရုန်းဖို့လိုပါတယ်။ မန်စီးတီးတို့တောင် ခံခဲ့ဖူးတာဆိုတော့ မန်ယူတို့မှာလည်း ဆော်ခံထိနိုင်ပါတယ်။ ပထမပွဲတုန်းကတောင် ၄-၀ နဲ့ ရှုံးထားသေးတယ်။ အဲ့တာ တန်ဟက်တော်တော်မှတ်သွားလောက်တယ်။ လက်ရှိဘရန်ဖိုတ့်အသင်းနည်းပြက စတိုင်လ်ကောင်းကောင်းလေးနဲ့ စီစဉ်ထားတတ်တယ်။ direct ဘောလုံးပုံစံနဲ့ လျင်မြန်စွာဝင်လုပ်တယ်။ ဘောလုံးကို နီးနီးနားနားမပို့ဘူး အဝေးကိုပို့ပေးတယ်။ တော်တော်ကြောက်စရာကောင်းတယ်။ ခနလေးနဲ့ ပြိုင်ဘက်ဂိုးရှေ့ရောက်သွားပါပြီ။ ဘောလုံးကို အကြာကြီးမပိုင်ဆိုင်ဘူး အခွင့်ရေးကြုံရင် ကြုံသလို ဂိုးတန်းသွင်းတယ်။ တိုက်စစ်မှူးအားလုံးက တော်တော်အားကိုးရပါတယ်။ Wissa၊ Mbuemo နဲ့ Toney တို့အားလုံးက အပြေးတော်တော်မြန်ကြတယ်။ နောက်ခံနေရာ ၅ ယောက်ထားပြီး အရှေ့တန်းမှာပဲ Pressing ဆွဲတတ်တယ်။ ဘောလုံးရဲ့အနောက်ကနေလဲ တော်တော်လိုက်တတ်တယ်။ ပထမကျော့တုန်းကတောင် မန်ယူကိုလုပ်ပြသွားပါပြီ။ တိုက်စစ်မှူး ၃ ယောက်က တော်တော်အဆင်ပြေတယ်။ ဘောလုံးနားနေလို့ရသလို ဂိုးလည်း သွင်းနိုင်ကြတယ်။ ဒီပွဲ မန်ယူတို့ခံဖို့သာပြင်ထားရမယ်။ ဘရန်ဖိုတ့်ရဲ့စွမ်းဆောင်ရည်က မထင်မှတ်ပဲကောင်းနေတယ်။ အခု ယူရိုပါလိဂ်ဇုန်ထဲ ရောက်ရှိနေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ပွဲက မန်ယူလောက်မများတဲ့အတွက် အင်အားတွေကောင်းနေကြလောက်တယ်။ သူတို့အတွက် ဘာမှစိတ်ပူစရာမရှိပါဘူး။ မန်ယူတို့ရဲ့ခံစစ်ပိုင်းက အပေါက်ကြီးရှိနေတော့ တန်ပြန်တိုက်စစ်ဆင်ခံခဲ့ရရင် ဂိုးတန်းသွင်းခံထိသွားနိုင်ပါတယ်။ ဒီပွဲကတော့ ဘရန်ဖိုတ့်တို့ အနည်းဆုံး ၁ မှတ်လောက်ရပြီး ပြန်သွားဖို့ရှိပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့ ၃ ပွဲတုန်းက မန်ယူတို့ အနိုင် ၂ ပွဲရပြီး အရှုံး ၁ ပွဲ ရသွားပါတယ်။ ပထမကျော့တုန်းက ဘရန်ဖိုတ့်အိမ်ကွင်းနဲ့ မန်ယူအရင်ရှုံးလာပါတယ်။ အဲ့ပွဲ ဘရန်ဖိုတ့်ဘက်က ၄-၀ နဲ့ ပိုးစိုးပက်စက်နိုင်ထားတယ်။ အဲ့ပွဲကစပြီး မန်ယူရဲ့ စတင်ပြောင်းလဲခြင်းပဲလို့ ယူဆနိုင်ပါတယ်။ အဲ့ပွဲပြီးသွားတော့ လိုအပ်ချက်တွေ ပေါ်လာတယ်။ အဆင်မပြေတာတွေသိတော့ ပြန်ပြင်ပြီး ခြေစွမ်းပြန်ပြနိုင်ခဲ့ကြတယ်။ Top4 အထိတောင်တက်လာနိုင်တယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်ကတော့ မန်ယူဘက်က စပြီးအဆင်မပြေတော့ပါဘူး။ ကမ္ဘာ့ဖလား စစချင်းပြီးလာတုန်းက ချန်ပီယံ ၄ ခု မျှော်လင့်နေတယ်ဘာညာနဲ့။ နောက်ဆုံးမှာတော့ လီဗာပူးလ်ကို ၇-၀ ရှုံးသွားလေရော။ အဲ့ကနေစပြီး အိပ်မက်တွေ အကုန်ပျက်ဆီးသွားကြတယ်။ အဲ့ပြီးတော့ ဆောက်သန်တမ်နဲ့ သရေကျသွားတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း နယူးကာဆယ်ကို ခံခဲ့ရတယ်။ နံပါတ် ၄ အတွက် ရင်ခုန်ရမယ်လို့တောင် ပြောမနေနဲ့ ပြုတ်ပါပြုတ်ကျဖို့ကိန်းရှိနေတယ်။ ၃ လပိုင်းတုန်းကဆိုရင် လိဂ်ထဲမှာ တစ်ပွဲမှတောင်အနိုင်မရခဲ့ပါဘူး။ အခုထိပေါ့။ မန်ယူရဲ့စွမ်းဆောင်ရည်က မထင်မှတ်ပဲ တော်တော်ကျဆင်းသွားတယ်။ ဘရန်ဖိုတ့်တို့ကျတော့ အရမ်းပြေးနိုင်တဲ့အသင်းကြီးပါ။ မိနစ် ၉၀ လုံးလုံးပြေးနိုင်တယ်။ လွယ်လွယ်လေးနဲ့မရှုံးတတ်ဘူး။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် ၁ ပွဲလေးပဲရှုံးသွားတယ်။ သူတို့အသင်းရဲ့ အရွယ်အစားအတိုင်း အခြေခံရှိရှိ ကစားနိုင်ပါတယ်။ သရေကျသွားတာများတယ်။ စွမ်းဆောင်ရည်ကလည်း ကြည့်လို့ကောင်းတဲ့ထဲရှိပါတယ်။ ဒီပွဲကတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီဝင်လုံးလိမ့်မယ်။ သူတို့က အရှက်ပြန်ယူချင်နေကြတယ်။ ဘရန်ဖိုတ့်တို့က အရှေ့တန်းမှာပဲ Pressing ဆွဲမယ်။ ပြီးရင် တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ်။ ဒီပွဲ တော်တော်ရင်ခုန်ရလောက်တယ်။ မန်ယူဘက်က ခံစစ်ပိုင်းနေရာ ကာစီမီရိုမရှိတဲ့အတွက် ဂိုးသွင်းခံထိပြီး သရေကျရုံလေးပဲ လုပ်နိုင်လောက်တယ်။

11 players

Manchester United (4-2-3-1) – De Gea – Varane – Martinez – Shaw – Dalot – Sabitzer – Fred – Fernandes – Anthony – Martial – Wenghorst

Brentford (5-4-1) – Raya – Pinnock – Henry – Jansson – Mee – Hickey – Jensen – Norgaard – Wissa – Mbuemo – Toney

Missing Players

Manchester United – Casemiro (Red card suspension), Alejandro Garnacho (Ankle Injury), Marcus Rashford (Unknown Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Brentford FC – Keane Lewis-Potter (Knee Injury)

Facebook

အိမ်ရှင်ဝက်စ်ဟမ်းအသင်း နောက်ဆုံးတစ်ပွဲတုန်းက ဆောက်သန်တမ်အပေါ် အနိုင်ရရှိလာပြီး အဆင့်တွေ တော်တော်တိုးတက်လာပါတယ်။ ဒီပွဲ သူတို့ အတန်းဆင်းမယ့်ဇုန်ထဲပြန်ရောက်မသွားချင်ရင်တော့ နယူးကာဆယ်ကို နိုင်အောင်လုပ်မှရမယ်။ သူတို့အတွက် သရေကျရုံလေးနဲ့ အဆင်ပြေပါဘူး။ ဝက်စ်ဟမ်းတို့ လောလောဆယ် အတန်းဆင်းမယ့်ဇုန်းထက် ၁ မှတ်လေးပဲပိုသာနေတယ်။ ဒီပွဲအတွက် G.Scamacca တစ်ယောက်ထဲပဲ ဆင်းလို့မရသေးပါဘူး။ ကျန်တဲ့ Naif Agerd, Thilo Kehrer, Emerson, Tomas Soucek, Declan Rice, Lucas Paqueta, Jarrod Bowen, Said Benra. Hma နဲ့ Danny Ings တို့ကျတော့ ဆင်းကစားဖို့အဆင်သင့် ဖြစ်နေကြပါတယ်။ ဒီပွဲ ဝက်စ်ဟမ်းဘက်က ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးဖန်တီးဖို့နေရာ Danny Ings ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် Paqueta; Bowen နဲ့ Benrahma တို့ကိုကျတော့ တိုက်စစ်ပိုင်း အထောက်အကူလုပ်ဖို့ စီစဉ်ထားလောက်ပါတယ်။

ရှမ်းကိုးမီး – တောင်ပေါ်သား နယူးကာဆယ်တို့ကျတော့ အခုမှမန်ယူအပေါ် ၂-၀ နဲ့ အနိုင်ရရှိလာပါတယ်။ သူတို့ရဲ့ ဒီပွဲဦးတည်ချက်က ၃ မှတ်ပဲ ဖြစ်လိမ့်မယ်။ လက်ရှိအဆင့်ကို ဆက်လက်ထိန်းသိမ်းဖို့အနေနဲ့ အနိုင်ရအောင် ကြိုးစားလိမ့်မယ်။ ဒီပွဲမှာတော့ Miguel Almirón မပါနိုင်သေးပါဘူး။ သူက ၄ လပိုင်းကုန်တဲ့အထိ အနားယူခဲ့ရလိမ့်မယ်။ Emil Kraft နဲ့ Jolinton တို့ကျတော့ ကွင်းထဲပြန်ဆင်းနိုင်ပြီဆိုပေမယ့် အခြေနေစစ်ဆေးဖို့လိုသေးတယ်။ အဲ့တော့ အရန်ထိုင်ခုန်မှာပဲ ဆင်းထိုင်ရလောက်တယ်။ ကျန်တဲ့ Nick Pope, Fabian Cher, Kieran Trippier, Bruno Gilmarais, Jacob Murphy, Allan Saint-Maximin နဲ့ Alexander Isaac တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Jacob Murphy, Allan Saint-Maximin နဲ့ Alexander Isaac တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Bruno Gilmarais ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

နယူးကာဆယ်တို့ လောလောဆယ် စွမ်းဆောင်ရည်တွေ အရမ်းပဲတက်ကြွနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ မန်ယူအပေါ် ၂-၀ အနိုင်ရသွားတဲ့အတွက် အဆင့် ၃ နေရာ တန်းတက်သွားပါပြီ။ ဒီပွဲကတော့ အဆင့် ၁၄ မှာရောက်နေတဲ့ ဝက်စ်ဟမ်းရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ လက်ကျန်တိုက်ပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့က အခုအချိန်မှာ အဆင့် ၁၄ အထိ တက်ရောက်လာပြီဆိုပေမယ့် အတန်းမဆင်းဖို့အတွက် မလုံခြုံသေးပါဘူး။ အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၂ ပွဲတုန်းက အနိုင်အရှုံး မရှိခဲ့ပါဘူး။ အဲ့ ၂ ပွဲထက် စောကြည့်ရင် ဝက်စ်ဟမ်းဘက်က အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်သင်း ၁၄၁ ပွဲ ရင်ဆိုင်ခဲ့ဖူးကြပြီး ဝက်စ်ဟမ်းဘက်က အနိုင် ၄၃ ပွဲ သရေ ၄၀ နဲ့ နယူးကာဆယ်ဘက်က ၅၈ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ်။ ဝက်စ်ဟမ်းအပေါ် အနိုင်ရခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၄ လပိုင်းတုန်းကပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ နယူးကာဆယ်တို့ရဲ့ တက်ကြွမှုကို ဝက်စ်ဟမ်းတို့ပဲ ဝင်ဖျက်သွားမလားမသိပါဘူး။ ဝက်စ်ဟမ်းတို့ လောလောဆယ် စွမ်းဆောင်ရည်ကောင်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်တို့က ရှုံးတဲ့အထိတော့ ဖြစ်မသွားလောက်ပါဘူး။ အဲ့ဒီတော့ ဒီပွဲ မှာလည်း အရင် ၂ ပွဲတုန်းကလိုမျိုး သရေကျရုံနဲ့ ပြီးသွားမယ်ထင်တယ်။

11 Players

West Ham United (4-2-3-1): Fabianski; Kehrer, Zouma, Aguerd, Emerson; Soucek, Rice, Paqueta; Bowen, Ings, Benrahma

Newcastle United (4-3-3 ):  Pope; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Willock; Murphy, Isak, Saint-Maximin

Missing Players

West Ham United : G.Scamacca (Knee Injury)

Newcastle United :  Matty Longstaff (Knee Injury), Emil Krafth (Cruciate Ligament Rupture), Miguel Almirón (Thigh Problems)

Facebook