ရာသီပိတ်နောက်ဆုံးပွဲစဥ်များ

အာဆင်နယ် Vs အဲဗာတန် [19 May 24 - 21:30 hrs]

ရာသီပိတ်နောက်ဆုံးပွဲစဥ်များ ပထမကျော့တုန်းက အာဆင်နယ်ဘက်က ခြေစွမ်းပိုသာစွာ ၀-၁ နဲ့ အရင်ကပ်နိုင်လာပါတယ် ဒီရာသီအတွင်း စွမ်းဆောင်ရည်ချင်း တော်တော်ကွာဟတယ် အဲဗာတန်တို့က အခုမှ ပြန်ကောင်းလာတယ် အာဆင်နယ်ကျတော့ တစ်ရာသီလုံး ကောင်းပါတယ် ဒီပွဲ အာဆင်နယ်ဘက်က ၃ မှတ်ရဖို့ပဲ စွမ်းဆောင်ရမှာဆိုတော့ ဖိအားတော်တော်များလိမ့်မယ် အဲ့တာနဲ့ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် အဲဗာတန်အသင်းကျတော့ ဖိစီးမှုမရှိပဲ အမှတ်တွေ တောက်လျှောက်ကောက်သိမ်းနိုင်ပေမယ့် သူတို့ရဲ့ အခြေခံခြေစွမ်းကတော့ အာဆင်နယ်ကို ယှဉ်လို့မရပါဘူး နောက်ပြီး ရာသီရဲ့ နောက်ဆုံးပြိုင်ပွဲပါဖြစ်ပြီး ချန်ပီယံအတွက် ရင်ခုန်ရနေသေးတဲ့အတွက် အိမ်ရှင်ဘက်က တိုက်စစ်ဆင်ပြီး ဝင်တိုက်လိမ့်မယ် အဲဗာတန်တို့ကျတော့ ခံစစ်ပိတတ်ပြီး မြောက်ဘောလေးနဲ့ တန်ပြန်တိုက်စစ်ဆင်လိမ့်မယ် သူတို့က ဘာဖိစီးမှုမှမရှိတော့ သဘာဝကျကျနဲ့ ကစားလိမ့်မယ် အာဆင်နယ်တို့ မန်စီးတီးနဲ့ပွဲတုန်းကဆိုရင် ခပ်ကြောက်ကြောက်နဲ့ကစားပြီး သတိထားမှုလွန်ကျွန်သွားလို့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ဒီပွဲမှာလည်း အဲ့လိုမျိုးဖြစ်နိုင်တယ် ဒါပေမယ့် ကိုယ့်ပရိသတ်တွေရှေ့မှာဖြစ်တဲ့အတွက် အာကြီးရဲ့ ကစားသမားတွေက အားပေးသံတွေကြောင့် ခြေစွမ်းတော်တော်ပြနိုင်လိမ့်မယ်။

 Arsenal : အိမ်ရှင်အသင်း ဒီရာသီမှာ ခြေစွမ်းအတော်ပြနိုင်နေပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ ဒီပွဲဆီက ၃ မှတ်လိုချင်နေပြီး ချန်ပီယံနေရာ ရင်ခုန်လို့ရနေတုန်းဖြစ်ပါတယ် လက်ရှိ မန်စီးတီးရဲ့အနောက်ကနေ ၂ မှတ်လိုက်နေပေမယ့် သွင်းဂိုးစံချိန်ကတော့ ၁ ဂိုးပိုသာပါတယ် သူတို့ဘက်က အနိုင်ရတာမက မန်စီးတီးကို ဝက်စ်ဟမ်းနဲ့ သရေကျဖို့လည်း ဆုတောင်းနေရလိမ့်မယ် အာဆင်နယ်အသင်းရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်က တက်ကြွမှုရှိပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် နောက်ဆုံး ၂ ပွဲတုန်းကဆိုရင် တစ်ဂိုးမှ သွင်းခံမထိပဲ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ ခံစစ်ပိုင်းက လိဂ်မှာ သွင်းခံထိတဲ့ဂိုးအနည်းဆုံးနဲ့ တောင့်တင်းမှုအရှိဆုံးဖြစ်နေတယ် သွင်းခံထိတဲ့ဂိုးအရေအတွက် တစ်ပွဲရဲ့ပျှမျှမှုက ၁ ဂိုးတောင်မပြည့်ဘူး ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း ပြတ်သားရှိတယ် နည်းလမ်းမျိုးစုံနဲ့ ဂိုးဝင်သွင်းတတ်ပါတယ် ပြီးတော့ တိုက်စစ်မှူးတိုင်း ဂိုးသွင်းနိုင်စွမ်းရှိတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Yurrian Timber နဲ့  Bukayo Saka တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုပါသေးတယ် ကျန်တာ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

 

Everton : အဲဗာတန်အသင်းကျတော့ ဘာမှရင်ခုန်စရာမရှိတော့ပေမယ့် အခုနောက်ပိုင်း စွမ်းဆောင်ရည်ကတော့ အရမ်းကောင်းနေကြပါတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ရှက်ဖီးလ်အပေါ် ၁-၀ နဲ့ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ တစ်ပွဲမှမရှုံးပဲ ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် အဓိက အိမ်ကွင်းနဲ့ပွဲတွေမှာဆိုရင် တောင့်တင်းမှုရှိရှိနဲ့ ၆ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် သူတို့ရဲ့ တစ်မြို့တည်းသောရန်သူကိုတောင် လက်အလွတ်ကြီးနဲ့ပြန်ခဲ့ရတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက အားနည်းပြီး တစ်ပွဲနဲ့တစ်ပွဲမှာ တစ်ဂိုးထဲပဲသွင်းနိုင်ပေမယ့် ခံစစ်ပိုင်း တော်တော်ကောင်းနေကြပါတယ် နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် Clean sheet ၄ ပွဲတောင် ရသွားပါတယ် ပြီးတော့ ၁ ဂိုးလေးပဲ သွင်းခံသွားပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ အမှတ်တွေ တောက်လျှောက်ပဲ ကောက်သိမ်းနိုင်တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Nathan Paterson, Dele Alli, Vitali Mikolenko နဲ့ Jack Harrison တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Andre Gomes လည်း ဒီပွဲ ပါနိုင်မလားမသေချာသေးပါဘူး။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Tomiyasu; Partey, Rice, Odegaard; Saka, Havertz, Trossard.

 

Everton (4-4-1-1) : Pickford; Coleman, Tarkowski, Branthwaite, Young; Harrison, Gueye, Onana, McNeil; Garner; Calvert-Lewin.

 

Missing Players

Arsenal – ဒဏ်ရာရရှိထားသောကစားသမားမရှိပါ။

 

Everton – Dele Alli (Partial muscle tear), Nathan Patterson (Hamstring injury), Vitaliy Mykolenko (Ankle injury)

Facebook

ဒီပွဲမှာတော့ မန်ယူအသင်း အဆင့် ၇ နေရာကို ရင်ခုန်လို့ရပါသေးတယ် သူတို့ အဆင့် ၇ ကို ပိုင်ဆိုင်နိုင်ရင်တော့ ယရိုပါကွန်ဖရန့်လိဂ်ပွဲစဉ်ထဲ ပါဝင်ကစားခွင့်ရသွားလိမ့်မယ် ဒါပေမယ့် FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို နိုင်သွားရင်တော့တစ်မျိုးပေါ့ ဘရိုက်တန်နဲ့ ပထမကျော့တုန်းက ဘရိုက်တန်ဘက်က အိုထရက်ဖိုဒ်အထိ ၁-၃ နဲ့ အနိုင်ရသွားပါတယ် မန်ယူကို စိတ်နာနာနဲ့ ထားခဲ့တယ် ဒါပေမယ့် လက်ရှိစွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် မန်ယူဘက်က ပိုကြည့်ကောင်းပါတယ် အခုမှ အနိုင်ရလာတော့ ရာသီပိတ်နောက်ဆုံးပွဲစဥ်များ ယုံကြည်မှုရှိနေကြလောက်တယ် ဘရိုက်တန်အသင်းကျတော့ ကြောင်ပျောက်နေတယ် အဓိကကစားသမားတွေလည်း ဒဏ်ရာရထားကြတယ် အဲ့တော့ အသင်းရဲ့ပြည့်စုံမှု သိပ်မရှိပါဘူး ဂိုးပြတ်သားမှုလည်း အားနည်းနေတယ် မန်ယူအသင်းရဲ့ အဓိကကစားသမားတွေကျတော့ ဖြည်းဖြည်းချင်းပြန်လာနေကြပါပြီ ဒီလို နောက်ဆုံးပြိုင်ပွဲမှာ ပရိသတ်တွေကို ပျော်အောင်လုပ်ပေးလိမ့်မယ် ကစားပွဲအနေအထားကတော့ ဒီပွဲ နှစ်သင်းစလုံး တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် အိမ်ရှင်ဘက်က ကစားပွဲထိန်းချုပ်ဖို့ ကြိုးစားပြီး တိုက်စစ်ဆင်ကစားလိမ့်မယ် မန်ယူအသင်းကျတော့ စစလာချင်း ခံစစ်ပိတ်ပြီး အခွင့်အရေးကြုံတော့မှ တောင်ပံကစားသမားတွေကိုအားကိုးပြီး တန်ပြန်တိုက်စစ် ဆင်ကစားလိမ့်မယ် ပြီးခဲ့တဲ့ပွဲတွေကိုယူကြည့်ရင် မန်ယူအသင်းက ဘရိုက်တန်တို့ရဲ့ ကစားပုံကစားနည်းကို သိပ်ပြီးမဖျက်ချုပ်နိုင်ဘူး မန်ယူတို့က ဖိအားမပေးတတ်ဘူး ပြိုင်ဘက်ကို ကစားဖို့နေရာ တော်တော်ပေးတတ်တယ် နောက်ဆုံး ၄ ပွဲတုန်းကဆိုရင် ဘရိုက်တန်ဘက်ကပဲ ၄ ပွဲလုံး နိုင်သွားတယ် အဲ့ဒီတော့ ဒီပွဲ တန်ဟက်က ဘယ်လိုမျိုးစီစဉ်ထားလည်းဆိုတာ စောင့်ကြည့်ရလိမ့်မယ် ဒါပေမယ့် စိတ်ထဲမှာတော့ မန်ယူဘက်ကပဲ ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Brighton : ဘရိုက်တန်အသင်း ဒီရာသီမှာ စွမ်းဆောင်ရည်အတော်ကျဆင်းသွားပါတယ် လက်ရှိ အဆင့် ၁၀ မှာရပ်တည်ပြီး ဥရောပတိုက်ပွဲတွေထဲ ပါဝင်ကစားဖို့မရှိတော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ ချယ်လ်ဆီးကို ၁-၂ ရှုံးနိမ့်လာတယ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ ပွဲ အရှုံးဖြစ်ပါတယ် နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲပဲ နိုင်ထားတယ် အဲ့တာကြောင့် သူတို့အဆင့်က တော်တော် ကျဆင်းသွားပါတယ် အသင်းထဲက အကြီးမားဆုံးစပြသာနာကတော့ အဓိကကစားသမားတွေ အသင်းကို သိပ်မကူညီပေးနိုင်တာပဲဖြစ်ပါတယ် ကစားစနစ်တွေက ကောင်းပေမယ့် အရည်အသွေးကျဆင်းသွားတော့ နောက်ဆုံးဧရိယာမှာ ပြတ်သားမှု အလိုလို အားနည်းသွားတယ် ဒီပွဲ ဘရိုက်တန်အသင်းမှာ Pervis Estupian, Evan Ferguson, Jack Hinshelwood, Solly Morsch, James Milner, Kaoru Mitoma နဲ့ Paul van Heck တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Lewis Dunk နဲ့ Joel Veltman တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

 

Manchester United : မန်ယူအသင်းကျတော့ ဒီရာသီမှာ စိတ်ပျက်စရာတော်တော်ကောင်းပါတယ် ဥရောပတိုက်ပွဲတွေထဲ ပါဖို့လည်းမမရှိတော့ဘူး တစ်ရာသီလုံး စွမ်းဆောင်ရည် တက်လိုက်ဆင်းလိုက်ဖြစ်တယ် နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး နယူးကာဆယ်အပေါ် ၃-၂ နဲ့ အနိုင်ရရှိလာပါတယ် နိုင်ပွဲပျောက်ဆုံးနေတဲ့ ဆက်တိုက်မှုကို အပြီးသတ်သွားခဲ့ပါပြီ မန်ယူရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ နဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံး ၁၀ ပွဲမှာ ၁၃ မှတ်ပဲ ကောက်သိမ်းနိုင်ပါတယ် အသင်းကြီးအနေနဲ့ အခြေခံကျဆင်းနေတယ် အဓိကပြသာနာကတော့ ဒဏ်ရာရသွားတဲ့ကစားသမားတွေ များနေလို့ပါ လူငယ်ကြယ်ပွင့် တော်တော်များများ နားမည်ကျော်ကြားလာပေမယ့် အကောင်းဆုံးခြေစွမ်းကိုတော့ မပြနိုင်သေးပါဘူး အဲ့နေရာ အဲရစ်တန်ဟက်ရဲ့တာဝန်ဖြစ်တယ် ဒီပွဲ မန်ယူအသင်း Tyrell Malacia, Mason Mount, Anthony Martial, Harry Maguire နဲ့ Luke Shaw တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Victor Lindelof နဲ့ Raphael Varaneတို့ကျတော့ အခြေနေစစ်ဆေးဖို့ လိုပါတယ်။

11 Players

Brighton (4-2-3-1): Verbruggen; Lamptey, Webster, Igor, Barco; Gilmour, Gross; Buonanotte, Pedro, Adingra; Welbeck

Manchester United (4-2-3-1) : Onana; Wan-Bissaka, Casemiro, Evans, Dalot; Amrabat, Mainoo; Diallo, Fernandes, Garnacho; Hojlund

 

Missing Players

Brighton – Jack Hinshelwood (Foot surgery), Solly March (Knee injury), Kaoru Mitoma (Back injury), Evan Ferguson (Ankle injury), James Milner (Thight Injury),Joel Veltman (Knock Injury),J. Van Hecke (Hamstring Injury),k. Mitoma(Back Injury)

Manchester United – Victor Lindelöf (Hamstring injury), Scott McTominay (unknown injury), Tyrell Malacia (Knee injury), Raphaël Varane (Muscle injury), Luke Shaw (Muscle injury)

Facebook

ပထမကျော့တုန်းက လီဗာပူးလ်ဘက်က ၁-၃ နဲ့ အရင်နိုင်ထားပါတယ် ဒီပွဲ အိမ်ကွင်းနဲ့ ပြန်ကစားရပြီဆိုတော့ တော်တော်ပိုသာလိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့က အိမ်ကွင်းနဲ့ပွဲမှာ တောင့်တင်းမှုရှိတယ် အဆင့်ဇယားမှာ ရင်ခုန်စရာမရှိတော့ပေမယ့် ရာသီပိတ်နောက်ဆုံးပွဲစဥ်များ ကလော့ပ်ရဲ့ နောက်ဆုံးဦးဆောင်မှုဖြစ်တဲ့အတွက် အနိုင်ရအောင် ကြိုးစားမှာသေချာတယ် ဝုဗ်အသင်းကျတော့ ခြေစွမ်းညံ့ဖျင်းတာတော်တော်ကြာနေပါပြီ ဒီပွဲမှာလည်း ထပ်ရှုံးမယ့်အနေအထားရှိတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ လီဗာပူးလ်ဘက်က အရမ်းပဲပိုသာပါတယ် အနိုင် ၂ ပွဲသရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲဖြစ်ပါတယ် ကြိုးကြာနီတို့က အခုနောက်ပိုင်း ခံစစ်အားနည်းနေတယ် ဝုဗ်တို့ကျတော့ ဆက်တိုက်ညံ့ဖျင်းနေတုန်းပါ နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၄ ပွဲရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာလည်း လီဗာပူးလ် ၃ ပွဲနိုင်သွားပါတယ် ဒီပွဲ ကလော့ပ်ရဲ့ နောက်ဆုံးဦးဆောင်မှုဆိုတော့ သူတို့ရဲ့ ရှယ်ကောင်းသော တိုက်စစ်ဆင်ကစားခြင်းကို မြင်ရမယ်ထင်တယ် နောက်ဆုံးမှာတော့ လီဗာပူးလ်ဘက်က အိမ်ကွင်းလေးနဲ့ မှားယွင်းမှုမရှိပဲ နှုတ်ဆက်လိမ့်မယ်။

Liverpool  : အိမ်ရှင်လီဗာပူးလ်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းပြီး ချန်ပီယံဆုအတွက် ရင်ခုန်လို့မရတော့ပါဘူး ဒီရာသီ အဆင့် ၃ နဲ့ ပြီးဖို့ လုံးဝသေချသွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာနဲ့ ၃-၃ သရေကျလာပါတယ် အဲ့ပွဲ သူတို့ဘက် အကြိမ်ကြိမ် ဦးနိုင်သောလည်း ခံစစ်ပိုင်းက အားနည်းသွားပြီး ၂ ဂိုးဆက်တိုက် သွင်းခံထိသွားလို့ သရေကျလာခဲ့တာဖြစ်ပါတယ် အသင်းရဲ့ အားနည်းချက်က ခံစစ်ပိုင်းဖစ်နေတယ် နောက်ဆုံး ၅ ပါဲကစားပြီး ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အဓိကကစားသမား တော်တော်များများ ခြေစွမ်းကျဆင်းနေတယ် အဓိက ခံစစ်ပိုင်းဆိုရင် လွယ်လွယ်လေးနဲ့ ဂိုးသွင်းခံထိတတ်တယ် နောက်ဆုံး ၅ ပွဲမှာ ၁၀ ဂိုးတောင် သွင်းခံထိသွားပါတယ် ပြီးတော့ Clean sheet မရတာလည်း ၁၀ ပွဲရှိသွားပါပြီ တိုက်စစ်ပိုင်းကျတော့ နည်းနည်းပြန်ကောင်းလာပါတယ် ကလော့ပ်ရဲ့အသင်းမှာ ဒီပွဲ Joel Matip နဲ့ Thiago Alcantara တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Diogo Jota နဲ့ Andrew Robertson တို့ကျတော့ ဒီပွဲ ပြန်လာပြီထင်တယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဂိုးသမားနေရာ Alisson Becker ကိုချထားပြီး ခံစစ်နေရာကျတော့ Trent Alexander-Arnold, Jarrell Kwansar, Virgil van Dijk နဲ့ Andrew Robertson တို့ကိုပဲ ချထားမယ် ကွင်းလယ်နေရာ Wataru Endo ကို Harvey Eliot နဲ့ Alexis Mac Allister တို့နဲ့အတူ တွဲဆင်းမယ် ပြီးရင် တိုက်စစ်နေရာမှာ Mohamed Salah, Cody Gakpo နဲ့ Luis Diaz တို့ကိုပဲ အားကိုးလိမ့်မယ်။

 

Wolves : ဝုဗ်ဗာဟန်တန်အသင်းကျတော့ အဆင့် ၁၃ မှာရပ်တည်ပြီး ဇယားအလယ်ပိုင်းမှာ တက်ရောက်နိုင်တဲ့အခွင့်အရေး ရှိနေသေးတယ် နောက်ဆုံးတစ်ပွဲတုန်းက  ခရစ်စတယ်ပဲလေစ့်ကို အိမ်ကွင်းနဲ့ ၁-၃ ရှုံးနိမ့်လာတယ် မန်စီးတီးကို ပိုးစိုးပက်စက်ရှုံးပြီးနောက် ထပ်ရှုံးလာတာဖြစ်ပါတယ် ဝုဗ်ရဲ့ နောက်ဆုံး ၅ ပွဲစံချန်ထဲမှာ ၁ ပွဲနိုင် ၄ ပွဲရှုံးဖြစ်ပါတယ် စွမ်းဆောင်ရည်က ကြောင်ပျောက်နေတယ် နောက်ဆုံး ၁၀ ပွဲကစားပြီး ၁ ပွဲလေးပဲနိုင်ထားတယ် အဓိက ခံစစ်ပိုင်းဆိုရင် ပွဲတိုင်းလိုလို ဂိုးသွင်းခံထိနေတယ် တိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးနိုင်ပေမယ့် ဂိုးသွင်းတဲ့အပိုင်းကသာ အားနည်းနေတယ် ပြတ်သားမှုမရှိဘူး အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Craig Dawson, Leon Chivome နဲ့ Pedro Neto တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဒီပွဲ ၃-၅-၂ စနစ်နဲ့ ကစားမယ်ထင်တယ် ဂိုးသမားနေရာ Jose Sa ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာ Nelson Semedo, Max Kilman, Toti တို့ကိုပဲ အားကိုးမယ် ကွင်းလယ်နေရာမှာကျတော့ Matt Doherty, Mario Lemina, Joao Gomes, Boubaka Traore, Rayan Et-Nouri တို့ကို အားကိုးပြီး တိုက်စစ်နေရာမှာကျတော့ Hwang Hee Chan နဲ့ Matthaus Kunya တို့ကိုပဲ အားကိုးလိမ့်မယ်။

11 Players

Liverpool (4-3-3) :  Alisson; Alexander-Arnold, Quansah, Van Dijk, Robertson; Elliott, Endo, Mac Allister; Salah, Gakpo, Diaz

Wolves (3-4-2-1) : Sa; S. Bueno, Toti, Kilman; Semedo, Doyle, Lemina, Gomes, Ait-Nouri; Cunha, Hwang

 

Missing Players

Liverpool – Thiago (Muscle injury), Joel Matip (Cruciate ligament tear),A. Robertson (Knock Injury),Diogo Jota (Muscle Injury),Ben Doak (Gorin Injury)

Wolves – Pedro Neto (Hamstring injury)

Facebook

ပရီးမီးယားလိဂ်ချန်ပီယံကို နောက်ဆုံးပြိုင်ပွဲအထိ ပြိုင်ကစားရတာ နောက်တစ်ဖန် ပြန်ရောက်လာပါပြီ မန်စီးတီးအသင်းက ကိုယ့်ဘဝကို ချုပ်ကိုင်နိုင်တယ် ပထမကျော့တုန်းက ဝက်စ်ဟမ်းကို ၁-၃ နဲ့ အရင်နိုင်လာတယ် ဒီပွဲမှာတော့ Anderson နဲ့ Kevin De Bruyne တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုသေးတယ် ဆင်းနိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ် ဝက်စ်ဟမ်းအသင်းကျတော့ အစစအရာရာမကောင်းပါဘူး ရှုံးတာများတယ် အသင်းကြီးတွေနဲ့ ရင်ဆိုင်တိုင်း အဆင်မပြေခဲ့ဖူးပါဘူး ဒီလို ချန်ပီယံနေရာ အရမ်းလိုချင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ ရာသီပိတ်နောက်ဆုံးပွဲစဥ်များ ပိုတောင်လုပ်ခံထိလိမ့်မယ် မန်စီးတီးအသင်းက စောစောစီးစီး ဂိုးရအောင်ယူမယ် ပထမဂိုးမြန်မြန်သွင်းနိုင်တာနဲ့ ပွဲသိမ်းဖို့ပဲ ကြိုးစားလိမ့်မယ် ပြီးရင် ဒီနှစ်မှာလည်း ချန်ပီယံထပ်ရသွားမှာ သေချာတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ပွဲ ၁၂၀ မှာ မန်စီးတီးဘက်က ၆၃ ပွဲနိုင်ပြီး ၁၉ ပွဲ သရေကျသွားပါတယ် ပြီးရင် ဝက်စ်ဟမ်းဘက်က ၃၈ ပွဲ နိုင်သွားပါတယ် အချင်းချင်း ဆုံခဲ့ကြတဲ့ နောက်ဆုံးတစ်ပွဲတုန်းကလည်း မန်စီးတီးဘက်က ၃-၁ နဲ့ အရင်နိုင်သွားတယ် အဲ့ပွဲ ဝက်စ်ဟမ်းဘက်က တစ်ဂိုးအရင်ဦးနိုင်ပေမယ့် နောက်ဆုံးမှာတော့ မန်စီးတီးဘက်က ၃ ဂိုးဆက်တိုက် ပြန်သွင်းနိုင်တယ် ဒီပွဲမှာတော့ မန်စီးတီးဘက်က အစစအရာရာပိုကြည့်ကောင်းတယ် ကစားသမားရဲ့အရည်အသွေးကစ ဘယ်လိုပဲကြည့်ကြည့် မန်စီးတီးဘက်ကပဲ အနိုင်ရဖို့ပိုများတယ် ဒီပွဲ ၃ မှတ်ရသွားလို့ကတော့ ချန်ပီယံတန်းဖြစ်ပြီ အဲ့တော့ ရည်မှန်းချက်အရမ်းကြီးမားပါတယ် ဒီပွဲမှာတော့ ပရီးမီးယားလိဂ်ဖလားကို ၁၀ ကြိမ်မြောက်ဆွတ်ခူးနိုင်မယ့်အနေအထားရှိပါတယ်။

Manchester City : မန်စီးတီးအသင်း ခက်ကျန်ပွဲမှာ စပါးကို ၀-၂ နဲ့ အနိုင်ရလာပြီး အဆင့် ၁ နေရာ ပြန်ရောက်သွားပါပြီ အဆင့် ၂ ထက် ၂ မှတ် ပိုသာနေတယ် သူတို့ရဲ့စွမ်းဆောင်ရည်ကတော့ ရှယ်ကောင်းပါတယ် လိဂ်ပွဲစဉ်မှာ ရှုံးတယ်ဆိုလို့ အရင်နှစ်ကဟာကိုပြန်ကြည့်မှမြင်ရတယ် အဲ့ကနေစပြီး ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ၄ ပွဲလေးပဲ မှားပြီး သရေကျလာတယ် ပက်ရဲ့ကစားသမားတွေက ကိုယ့်အခြေခံခြေစွမ်းကို အချိန်မီပြန်ခေါ်နိုင်ကြတယ် အဓိက တိုက်စစ်ပိုင်းဆိုရင် နောက်ဆုံး ၈ ပွဲမှာ ဂိုး ၃၀ တောင် သွင်းနိုင်တယ် ခံစစ်ပိုင်းကလည်း တောင့်တင်းမှုရှိတယ် တစ်ပွဲမှာ တစ်ဂိုးက် ပိုသွင်းခံမထိပါဘူး ဒီပွဲ မန်စီးတီးမှာ ဒီဘရိုင်းရဲ့အနေအထားကို စောင့်ကြည့်ရဦးမယ် ပြန်လာနိုင်မယ်လို့တော့ ထင်ပါတယ် အရင်တစ်ပွဲကမှ တိုက်ခိုက်ခံခဲ့ရတဲ့ Ederson ကျတော့ ဒီပွဲ မပါနိုင်လောက်သေးဘူး ကျန်တဲ့ Position ကတော့ အဆင်သင့် ဖြစ်နေကြပါတယ် ဒီပွဲ ပက်က ၄-၁-၄-၁ စနစ်နဲ့ ဂိုးသမားနေရာ Stefan Ortega ကို တာဝန်ပေးပြီး ခံစစ်နေရာ Kyle Walker, Manuel Akanji, Luben Dias နဲ့ Yosco Guardiol တို့ ၄ ယောက်ကိုပဲ တာဝန်ပေးထားလိမ့်မယ် ရိုဒရီကိုကျတော့ ကွင်းလယ်ခံစစ်အနေနဲ့ ချထားလိမ့်မယ် တိုက်စစ်ပိုင်းမှာ Bernardo Silva, Matteo Kovacic, Kevin de Bruyne နဲ့ Phil Foden တို့ကို အားကိုးပြီး Striker နေရာမှာ ဟာလန်းကိုပဲ ချထားမယ်။

 

West Ham United : ဝက်စ်းဟမ်းအသင်းကျတော့ အဆင့် ၉ မှာရပ်တည်ပြီး စွမ်းဆောင်ရည်တွေ အရမ်းကျဆင်းနေပါတယ် ဥရောပပြိုင်ပွဲထဲပါဖို့မရှိတော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး လူတန်တောင်းကို ၃-၁ နဲ့ အနိုင်ရရှိလာပေမယ့် မမီတော့ပါဘူး သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံး ၇ ပွဲကစားပြီး တစ်ပွဲပဲနိုင်ထားပါတယ် အဓိကပြသာနာ တိုက်စစ်ပိုင်းက ဂိုးမသွင်းနိုင်ဘူးဖြစ်နေတယ် ဂိုးမသွင်းနိုင်တော့ ပြိုင်ဘက်က တန်ပြန်တိုက်စစ်ဆင်ပြီး ဂိုးပြန်သွင်းခံထိသွားရော ခံစစ်ပိုင်းကလည်းညံ့တယ် အပြေးနှေးတော့ သွက်လက်တဲ့ပြိုင်ဘက်နဲ့တွေ့ရင် အမြဲထောင်းခံထိတယ် အသင်းရဲ့အခြေနေကတော့ ဒီပွဲ Calvin Phillips ရဲ့အခြေနေကို စောင့်ကြည့်ရမယ် Konstantinos Mavropanos နဲ့ Nayef Agerd တို့ကျတော့ ဒီပွဲ ပြန်ဆင်းနိုင်လောက်ပြီထင်ပါတယ် ဝက်စ်ဟမ်းအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Alphonse Areola ကို တာဝန်ပေးပြီး ခံစစ်နေရာမှာ Vladimir Coufal, Kurt Zouma, Konstantinos Mavropanos, Emerson တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာမှာ Edson Alvarez နဲ့ Thomas Soucek တို့ကို ချထားပြီး တိုက်စစ်ပိုင်းမှာ ကစားပွဲဖန်တီးဖို့ Mohamed Kudus က Jarod Bowen နဲ့ Lucas Paqueta တို့နဲ့အတူ တွဲဆင်းမယ် နောက်ဆုံး Striker နေရာ Michael Antonio ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester City  (4-2-3-1) : Ortega; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland

West Ham United (4-2-3-1) : Areola; Coufal, Zouma, Ogbonna, Emerson; Soucek, Alvarez; Bowen, Kudus, Paqueta; Antonio

 

Missing Players

Manchester City  – Ederson

West Ham United – Kalvin Phillips, Nayef Aguerd (Ankle Injury), K. Mavropanos (Knock Injury)

Facebook