ibet2289

ibet2289 လိဒ်စ် Vs လီဗာပူးလ် [17 Apr 23 - 01:30 hrs]

ibet2289  အိမ်ရှင်လိဒ်စ်အသင်း အခုလက်ရှိ အတန်းဆင်းနိုင်တဲ့ထဲ ပါနေတုန်းဖြစ်ပါတယ်။ ဒီရာသီအတွင်း ပွဲ ၃၀ ဆင်းကစားပြီး ၂၉ မှတ်လေးနဲ့ အဆင့် ၁၆ မှာရပ်တည်နေပါတယ်။ အဆင့် ၁၇ မှာရှိတဲ့ အဲဗာတန်ထက် ၂ မှတ်ပိုသာပါတယ်။ အဲဗာတန်အသင်းက သူတို့ထက်တော့ ပြိုင်ပွဲတစ်ပွဲ ပိုများပါတယ်။ လိဒ်စ်တို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတုန်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ခရစ်စတယ်ပဲလေစ့်ကို ၁-၅ နဲ့ ရှုံးလာပါတယ်။ ပိုးစိုးပက်စက်ရှုံးလာတာဖြစ်ပါတယ်။ ဒီလိုမျိုး ဂိုးသွင်းခံမထိတာတောင် တော်တော်ကြာပါပြီ။ သူတို့ရဲ့ အဓိကအားနည်းချက်ကတော့ ခံစစ်ပိုင်းမှာ Maximilian Wöber မရှိလို့ ညံ့သွားတာဖြစ်မယ်။ သူ့နေရာ Pascal Struijk နဲ့ အစားထိုးထားတာ သိပ်အဆင်မပြေပါဘူး။ အသင်းရဲ့အဆင်သင့်ပိုင်းကျတော့ ရာသီကုန်တဲ့အထိ အနားယူရတဲ့ Tyler Adams အပြင် Stuart Dallas ကိုလည်း အသုံးပြုလို့မရသေးပါဘူး။ သူ့မှာလည်း ဒဏ်ရာရထားလို့ ဘယ်တော့ပြန်လာမလဲမသိနိုင်သေးပါ။ ခြေထောက်ဒဏ်ရာရထားတဲ့ Maximilian Wöber နဲ့တစ်ယောက်ကျတော့ ဒီပွဲ ပြန်လာမလားဆိုတာ မသေချာသေးပါဘူး။ ဒဏ်ရာတော့ သက်သာနေပြီး အခြေနေစစ်ဆေးဖို့ပဲ ကျန်တော့တယ်ထင်တယ်။ ကျန်တဲ့ Luke Eyling၊ Junior Firpo၊ Weston McKennie၊ Jack Harrison၊ Brenden Aaronson၊ Wilfried Nonto နဲ့ Patrick Bamford တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ လိဒ်စ်ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ Patrick Bamford ကို ဂိုးဖန်တီးဖို့တာဝန်ပေးထားပြီး ကွင်းလယ်တိုက်စစ် ၃ ယောက်နေရာ Jack Harrison၊ Brenden Aaronson နဲ့ Louis Sinisterra တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

လီဗာပူးလ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ အာဆင်နယ်ကို လက်ခံကြိုဆိုပြီး ၂-၂ သရေကျသွားပါတယ်။ ဒီပွဲကတော့ ပရီးမီးလိဂ်အဆင့် ၁၆ ဖြစ်တဲ့ လိဒ်စ်ရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ လီဗာပူးလ်တို့ နောက်နှစ်အတွင်း ဥရောပတိုက်ပွဲထဲပါချင်သေးတယ်ဆိုရင်တော့ ဒီပွဲ ယာဂင်ကလော့ပ်ဆိုတဲ့ ဂျာမန်နည်းပြက လီဗာပူးလ်ကိုဦးဆောင်ပြီး ၃ မှတ်ရအောင်တော့ ကြိုးစားခဲ့ရလိမ့်မယ်။ ဒီရာသီ သူတို့ ၂၉ ပွဲ ဆင်းကစားပြီး လက်ထဲမှာ ၄၄ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေတယ်။ အဆင့် ၇ မှာရှိတဲ့ ဘရိုက်တန်ထက် ၅ မှတ် နည်းနေပါတယ်။ ဒီပွဲအတွက် သူတို့ရဲ့အဆင်သင့်ပိုင်းကျတော့ Luis Díaz ပြန်လာလောက်ပြီထင်ပါတယ်။ တော်တော်ကြာကြာ အနားယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား သီယာဂိုးလည်း ဒီပွဲ ပြန်ဆင်းနိုင်ပြီထင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းက အရန်ကစားသမားအနေနဲ့ ဆင်းကစားခဲ့ရပေမယ့် စွမ်းဆောင်ရည်တော့ တော်တော်ကောင်းခဲ့ပါတယ်။ Calvin Ramsay၊ Stefan Bajcetic နဲ့ Naby Keita တို့ကျတော့ ဒဏ်ရာရထားတုန်းဖြစ်ပါတယ်။ Stefan Bajcetic က ဒဏ်ရာပြင်းထံစွာရထားလို့ အကြာကြီးပဲ အနားယူခဲ့ရလိမ့်မယ်။ Naby Keita နဲ့တစ်ယောက်မှာလည်း ဒဏ်ရာရထားတဲ့အတွက် အခုတလော မဆင်းနိုင်သေးပဲဖြစ်ပါတယ်။ ကျန်တဲ့ Alisson Becker၊ Ibrahima Konate၊ Luis Diaz နှင့် Virgil van Dijk၊ Darwin Nunez၊ Cody Gakpo နဲ့ Mohamed Salah တို့ကျတော့ အားလုံး အဆင်သင့်ပဲဖြစ်နေကြပါတယ်။ လီဗာပူးလ်အသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ တိုက်စစ်မှူး ၃ ယောက်ကို Cody Gakpo၊ Mohamed Salah နဲ့ Diogo Jota တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Fabinho ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

လီဗာပူးလ်အသင်း အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ အရမ်းဆိုးပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတစ်ပွဲတုန်းက အဆင့် ၁ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့တော့ သရေကျလာသေးတယ်။ အနိုင်တောင် ရတော့မလို့ဖြစ်သွားပါတယ်။ အခုလက်ရှိ သူတို့လက်ထဲမှာ ၄၄ မှတ် ပိုင်ဆိုင်ထားပြီး အဆင့်ဇယားထဲက အဆင့် ၈ မှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ အနိုင် ၁ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၃ ပွဲပဲ လုပ်ထားနိုင်တယ်။ အဲ့ဒီ ၆ ပွဲထဲမှာ ဂိုး ၁၀ လုံးသွင်းနိုင်ပြီး ၈ လုံး ပြန်သွင်းခံထိခဲ့ပါတယ် ။နောက်နှစ်ကျရင် ဥရောပ ဖလားပွဲအသေးစားထဲကိုပဲ ပါရတော့မယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ယူဖာချန်ပီယံလိဂ်ဇုန်ထက် ၁၂ မှတ်တောင် နည်းနေလို့ပါ။ လက်ကျန်ပွဲစဉ်တွေတွက်ပြီး ပြောရင်တော့ ဖြစ်နိုင်ချေရှိပေမယ့် လက်ရှိစွမ်းဆောင်ရည်မျိုးနဲ့ဆိုရင်တော့ လက်တွေ့မှာ လုပ်နိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း ကလော့ပ်ကတော့ ကစားသမားတွေရဲ့ ယုံကြည်မှုကို ပြန်ခေါ်ဖို့အနေနဲ့ တတ်နိုင်သလောက် ကြိုးစားလိမ့်မယ်။ လိဒ်စ်တို့ကျတော့ အသင်းနည်းပြပြောင်းလိုက်တော့မှ အခြေနေပြန်ကောင်းလာတယ်။ နောက်ဆုံးတစ်ပွဲတုန်းက  ခရစ်စတယ်ပဲလေ့စ်ကို ၁-၅ နဲ့ ရှုံးလာပေမယ့် လုံခြုံမှုရှိတဲ့ဇုန်ထဲတော့ ပါနေတုန်းဖြစ်ပါတယ်။ ဒီရာသီအတွင်း ပွဲ ၃၀ ဆင်းကစားပြီး ၂၉ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဆင့်ဇယားထဲ အဆင့် ၁၆ မှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ လိဒ်စ်တို့ရဲ့ နောက်ဆုံး ၆ ပွဲတုန်းက အနိုင် ၂ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၃ ပွဲပဲ လုပ်နိုင်ခဲ့တယ်။ ဂိုး ၁၀ လုံး သွင်းနိုင်ပြီး ၁၅ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ အိမ်ကွင်းသီးသန့် ၅ ပွဲတုန်းကဆိုရင် အနိုင် ၂ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်တယ်။ ဂိုး ၆ လုံးသွင်းနိုင်ပြီး ၁၀ လုံးတောင် ပြန်သွင်းခံထိခဲ့ပါတယ်။ လိဒ်စ်တို့က အခုတလော အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ်ထဲပဲသာနေတဲ့အတွက် ဒီပွဲ အနည်းဆုံး ၁ မှတ်လောက်တော့ ရအောင်ကြိုးစားခဲ့ကြလိမ့်မယ်။ ဒီပွဲ သရေကျသွားခဲ့လို့ရှိရင် သူတို့ လုံခြုံတဲ့ဇုန်ကို နောက်ထပ်တစ်ပတ်လောက်တော့ ကြာကြာနေခွင့်ရသွားလိမ့်မယ်။ လိဒ်စ်တို့ရဲ့ အဆင့်က လီဗာပူးလ်ထက် တော်တော်နိမ့်ပေမယ့် စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ လီဗာပူးလ်တို့က ကြီးမားတဲ့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့နဲ့ပဲ ခြေစွမ်းပြတတ်ပါတယ်။ ကစားသမားတိုင်းက အသက်ကုန်ကြိုးစာပြပြီး ခြေစွမ်းပြချင်တတ်ကြပါတယ်။ ဒါပေမယ့် အသင်းသေးတွေနဲ့တွေ့ရင်တော့ မှားယွင်းမှု အမြဲတွေ့ခဲ့ရပါတယ်။ အသင်းသေးတွေနဲ့ တိုက်စစ်ပိုဆင်နိုင်ပေမယ့် အခွင့်ရေးကို အကျိုးရှိရှိ အသုံးမချနိုင်ပါဘူး။ ဒီနှစ်သင်းဟာ ဒီရာသီမှာ တစ်ပွဲတွေ့ခဲ့ဖူးပြီး လီဗာပူးလ်ဘက်က အိမ်ကွင်းနဲ့ အရင်ရှုံးထားပါတယ်။ လိဒ်စ်တို့ရဲ့အခြေနေလည်း အိမ်ကွင်းနဲ့ကစားရင် ဂိုးလွယ်လွယ်လေးသွင်းခံထိတတ်ပါတယ်။ ခံစစ်ပိုင်းရဲ့ အားနည်းမှုကို အခုထိ ပြန်မပြင်နိုင်သေးပါဘူး။ နောက်ပြီး အဓိက ခံစစ်မှူးအချို့ကိုပါ အသုံးပြုလို့မရသေးတဲ့အတွက် ပိုပြီး အားနည်းနေပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလောက်တယ်။ တိုက်စစ်ဆင်တဲ့အခါမှာ လိဒ်စ်ရဲ့ တန်ပြန်တိုက်စစ်ကိုတော့ သတိထားဖို့လိုပါတယ်။ ခံဖူးပြီးပြီဆိုတော့ မှတ်ထားကြလောက်ပါတယ်။ နှစ်သင်းစလုံးက တိုက်စစ်ဆင်ပြီး ကစားတတ်တာချင်းတူတဲ့အတွက် ပြတ်သားမှုပိုရှိတဲ့ဘက်ကပဲ အနိုင်ရသွားလိမ့်မယ်။ နောက်ဆုံးမှာတော့ လီဗာပူးလ်ဘက်က ပြတ်သားမှုပိုရှိပြီး လိဒ်စ်အပေါ် အနိုင်ကောက်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

11 Players

Leeds United (4-2-3-1) : Meslier; Kristensen, Koch, Cooper, Firpo; McKennie, Roca; Harrison, Rodrigo, Gnonto; Bamford

Liverpool FC (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Thiago; Salah, Gakpo, Nunez

Missing Players

Leeds United : Stuart Dallas (Femoral Fracture), Maximilian Wöber (Hamstring Injury)

Liverpool FC : Luis Díaz (Knee Injury), Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)

Facebook