ဘောလုံးသတင်းစုံ

ဘရန့်ဖိုတ် Vs အာဆင်နယ် [18 Sep 22 - 17:30 hrs]

အိမ်ရှင်ဘရန့်ဖိုတ်အသင်း အခုတလော တော်တော်ကောင်းနေကြပါတယ်။ ဘောလုံးသတင်းစုံ နောက်ဆုံးတစ်ပွဲတုန်းက လိဒ်စ်နဲ့တွေ့ပြီး လိဒ်စ်အပေါ် အနိုင်ရလာတယ်။ ဘရန့်ဖိုတ်အသင်းနည်းပြက Pressing ကို ဦးစားပေးတဲ့နည်းပြဖြစ်တယ်။ သူက ပြိုင်ဘက်ကို ဘောလုံးမပေးပဲ high pressing နည်းစနစ်နဲ့ စီစဉ်တတ်တယ်။ ဒီပွဲ အရင်အတိုင်း ၄-၃-၃ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ သူတို့က အခုလက်ရှိ လိဂ်ရဲ့နံပါတ် ၁ ကို ကြောက်မနေလောက်ပါဘူး။ အရှေ့တန်းနေရာမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ Ivan Toney ရယ်၊ Wissa ရယ်၊ ပြီးတော့ Mbuemo ကို တွဲထားလောက်တယ်။ Mbuemo က ပြိုင်ဘက်ရဲ့ ခံစစ်ပိုင်းကို အနောက်ယှက် ပေးတတ်တဲ့ကစားသမားဖြစ်တယ်။ ကွင်းလယ်ပိုင်းကျတော့ မရှိလို့မဖြစ်တဲ့ Jensen ရှိမယ်။ သူက အသင်းရဲ့ အဓိကကစားသားမ လုံးဝဖြစ်နေတယ်။ သူက ဘောလုံးရဲ့အနောက်ကနေ ပြေးလိုက်တတ်တယ်။ ခံစစ်ပိုင်းကျတော့ ၄ ယောက်ခံထားတယ်။ Full back စနစ်နဲ့ အရှေ့သိပ်မတိုးထားဘူး။ ကွင်းလယ်စည်းကို မကျော်လောက်ဘူး။ ဒီပွဲ ဘရန့်ဖိုတ်တို့ ခံစစ်ပိတ်ကစားမယ်မထင်ဘူး။ သူတို့ရဲ့ ဘောလုံးစတိုင်လ်က Pressing ဖြစ်ပြီး လျင်မြန်မှုကို အသုံးပြုတယ်။ တိုက်စစ်မှူးတွေရဲ့ ကြီးထွားတဲ့ ခန္ဓာကိုယ်ကို အသုံးပြုမယ်။ ဘရန့်ဖိုတ်တို့ ဒီပွဲ နံပါတ် ၁ အသင်းကို တော်တော်တိုင်ပတ်အောင် လုပ်ခဲ့ကြလိမ့်မယ်။

အာဆင်နယ်တို့ကျတော့ အခုလက်ရှိ ၆ ပွဲကစားခဲ့ပြီး အမှတ် ၁၅ မှတ် ရှိနေပါတယ်။ မန်စီးတီးထက် ၁ မှတ် သာပါတယ်။ ဒါပေမယ့် ဂိုးသွင်းမှုကတော့ မန်စီးတီးလောက်မများပါဘူး။ အာဆင်နယ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုရှုံးလာတယ်။ အဲ့ပွဲ ပုံမှန်မဖြစ်ဘူး ကြီးမားတဲ့အသင်းနဲ့တွေ့ရင် တည်ငြိမ်မှုမရှိဘူး။ ဘောလုံးပေးပို့မှုကလည်း တော်တော်လွဲချော်ခဲ့တယ်။ သေးငယ်တဲ့အသင်းနဲ့တွေ့ရင် တော်တော်ခြေစွမ်းပြနိုင်ပေမယ့် ကြီးမားအသင်းနဲ့တွေ့ရင်တော့ ဒီလိုမျိုးဖြစ်သွားရော။ အာဆင်နယ်ရဲ့ အားနည်းချက်က ကြီးမားတဲ့အသင်းကိုရှုံးနေတတ်တယ်။ မန်ယူနဲ့မတွေ့ခင်တုန်းက အနိုင်တွေတောက်လျှောက်ရပြီး အက်စတွန်ဗီလာနဲ့ပွဲတုန်းကပဲ နည်းနည်းရုန်းလိုက်ရပါတယ်။ ဖူဟမ်နဲ့တစ်ပွဲရောပဲ။ အာဆင်နယ်ဘက်က အနိုင်ရတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ခြေစွမ်းက တဖြည်းဖြည်းနဲ့ကျဆင်းနေမှန်း မြင်ခဲ့ရပါတယ်။ ဒီပွဲ အာဆင်နယ်ဘက်က မန်ယူကိုရှုံးသွားတဲ့ပွဲတုန်းကလို အင်အားမျိုးပဲ ဆက်လက်အသုံးပြုမယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ အဲ့အင်အားက သူတို့ရဲ့အကောင်းဆုံး ဖြစ်နေပြီမို့လို့ပါ။ ကွင်းလယ်ကစားသမားတွေကို ငေးမနေဖို့ ပြောထားသင့်တယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက အရှေ့တော်တော်တိုးထားတော့ တစ်ချက်ထဲ ဖောက်ခံထိသွားတာနဲ့ ဂိုးပေးရလောက်တယ်။ ကြီးမားတဲ့အသင်းတိုင်းက ကွင်းလယ်ပိုင်းကိုအားကိုးတတ်တယ်။ ဘောလုံးသေသေချာချာပိုင်ဆိုင်နိုင်မှ ကစားပွဲကို ပင့်လို့ရမှာပါ။ ကစားသမားကိုယ်ပိုင်စကေးလည်းကောင်းဖို့လိုတယ်။ အဲ့တာမှ အရည်သွေးရှိတယ်လို့ ခေါ်ပါတယ်။ ဒီဖြစ်ရပ်လေးက မန်စီးတီးပဲလုပ်နိုင်တော့ ဒီပွဲ အာဆင်နယ် အနိုင်မရလောက်သေးပါဘူး။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်ကပိုသာပါတယ်။ သူတို့အချင်းချင်း ၃ ပွဲဆုံခဲ့ကြပြီး အာဆင်နယ်ဘက်က အနိုင် ၂ ပွဲနဲ့ အရှုံး ၁ ပွဲ ရသွားပါတယ်။ အဲ့နောက်ဆုံး အနိုင်ရသွားတဲ့တစ်ပွဲကလည်း ကပ်နိုင်ရုံပဲရှိပါတယ်။ အာဆင်နယ်အသင်းက အစစအရာရာပြောင်းလဲလာတော့ အခြေနေတော်တော်ကောင်းနေတယ်။ ဒီပွဲ အာဆင်နယ်ဘက်က အကျော ၁ လုံးပေးထားပါတယ်။ အဲ့တော့ သူတို့ ဂိုး ၂ လုံးပိုသွင်းနိုင်မှဖြစ်မယ်။ ဒီတိုင်းကြည့်ရင်တော့ အဆင်မပြေလောက်ဘူးဗျ။ ဘရန့်ဖိုတ်အသင်းက အိမ်ကွင်းနဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်နေလို့ပါ။ မန်ယူတို့တောင် ၄-၀ ဂိုးနဲ့ ရှုံးခဲ့ဖူးပြီးပြီ။ လိဒ်စ်နဲ့တစ်ပွဲတုန်းကလည်း ၅-၂ ဂိုးနဲ့ ရိုက်လွတ်ခဲ့သေးတယ်။ အဲ့ပွဲ Ivan Toney က Hattrick တောင်ရသွားသေးတယ်။ အာဆင်နယ်တို့ကျတော့ အခုမှ မန်ယူကိုရှုံးလာတော့ မန်စီးတီးကို မခွာနိုင်သေးပါဘူး။ အခု ၆ ပွဲကစားခဲ့ပြီး Form ကတော့ ပိုသာနေပေမယ့် ဘရန့်ဖိုတ်အိမ်ကွင်းကနေ အမှတ် ၃ မှတ်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲ အာဆင်နယ်တို့ နံပါတ် ၁ နေရာကို ဆုံးရှုံးသွားလောက်တယ်။

11 Players

Brentford (4-3-3) – Raya – Henry – Mee – Jansson – Hickey – Janelt – Jensen – Baptista – Wissa – Mbuemo – Toney

Arsenal (4-3-3) – Ramsdale – Gabriel – Zinchenko – Saliba – White – Longonga – Odegaard – Xhaka – Saka – Martinelli – Jesus

Missing Players

Brentford FC – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်။

Arsenal FC – Mohamed Elneny (Thigh Problems), Thomas Partey (Thigh Problems), Reiss Nelson (Thigh Problems)

အိမ်ရှင်မန်ယူအသင်း တကယ့်သရဲနီမှသရဲနီပဲဗျာ လိဂ်ပွဲစဉ်ပဲပြောပါမယ်။ ယူရိုပါလိဂ်ပွဲစဉ်ကို ဘာမှပြောစရာမရှိဘူး ပထမပွဲနဲ့တင် ဆိုစီဒက်ကိုကြုံးခံခဲ့ပြီးပါပြီ။ ဒါပေမယ့် ဆန်ကာတင်သွားမှာပါပဲ။ မန်ယူတို့ရဲ့ အခုလက်ရှိစွမ်းဆောင်ရည်တွေ ဘောလုံးသတင်းစုံ တော်တော်မှန်ကန်နေတယ်။ ယုံကြည်မှုရှိရှိနဲ့ ကစားနေကြပါတယ်။ လိဂ်ထဲမှာ ၄ ပွဲဆက်တိုက် အနိုင်ရထားပြီး အဲ့ဒီ ၄ ပွဲထဲက ၂ ပွဲမှာ ကြီးမားတဲ့အသင်း ပါဝင်နေပါတယ်။ ကံကောင်းလို့မဟုတ်ဘူး တကယ် ခြေစွမ်းပြပြီး အနိုင်ရလာပါတယ်။ မျက်ခင်းပေါ်ကအခြေနေ မက်ကွိုင်းကို ဖြုတ်လိုက်ကတည်းက မန်ယူအသင်းရဲ့ခံစစ်ပိုင်းဟာ တော်တော်ပဲ တောင့်တင်းလာပါတယ်။ ထိရောက်မှုပိုရှိလာတယ်။ ကစားပွဲကိုလည်း အာရုံပိုစိုက်နိုင်နေတယ်။ အသင်းရဲ့ စိတ်ဓာတ်ကလည်း ပြန်ကောင်းလာပြီ။ တိုက်စစ်ပိုင်းကသာ နည်းနည်းလိုသေးတယ်။ ဘယ်သူ့ကို ဂိုးသွင်းခိုင်းမလဲမသိသေးဘူး။ ဒိုလေးလား Rashford လားဆိုတာ မသေချာသေးပါဘူး။ အဲ့တော့ မန်ယူအသင်းက အခုထိ ကျောနံပါတ် ၉ နဲ့ကစားသမားကို လိုအပ်နေတုန်းပါ။ ဒီပွဲ ကောင်းတဲ့ကစားပုံကစားနည်းနဲ့ နောက်ဆုံး အနိုင်ရသွားလောက်ပါတယ်။

လိဒ်စ်တို့ကျတော့ ခြေစွမ်းတွေ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတော့ အတိကျယူဆလို့မရသေးပါဘူး။ ရာသီစတင်တုန်းကတော့ အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ စတင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲရောက်တော့ အနိုင်တစ်ပွဲမှကို မလုပ်နိုင်ခဲ့သေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဂိုး ၅ လုံးတောင် ကြုံးခံထိလာတယ်။ အခုတောင် လန့်ကြောက်နေတုန်းလားမသိဘူး။ ဒီပွဲ သူတို့အတွက် ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ယုံကြည်မှုအပြည့်ရှိနေတဲ့အသင်းနဲ့ တိုက်ခိုက်ရမှာဖြစ်သောကြောင့်ပါ။ နောက်ပြီး အဲ့အသင်းရဲ့ အိမ်ကွင်းအထိ သွားရဦးမယ်။ အဲ့ထက်ဆိုးတာ ဒီပွဲ နှင်းဆီတိုက်ပွဲပါဖြစ်နေတယ်။ ဒီလိုမျိုးနဲ့ဆိုရင် အဆင်ပြေမယ်မထင်ဘူး။ လိဒ်စ်တို့ အဆင်ပြေချင်ရင်တော့ ခံစစ်ပိတ်နေလို့မဖြစ်ဘူး။ မန်ယူနဲ့တွေ့ရင် ဝင်လုံးမှရမယ်။ အကြိမ်ကြိမ် အခါခါ နှိပ်လိုက် ဖိလိုက်လုပ်နေမှရမယ်။ အသင်းထဲက လုံးဝမျှော်လင့်လို့ရတယ်ဆိုတာ Rodrigo ပဲရှိပါတယ်။ အခု သူကိုယ်တိုင် ဂိုး ၄ လုံး သွင်းထားနိုင်တယ်။ ကျန်တဲ့သူတွေကျတော့ ပုံမှန်ပါပဲ ထူးခြားသူမရှိသေးပါဘူး။ Aaronson ဆိုတဲ့ ကစားသမားသစ်လည်း မဆိုးပါဘူး။ ဒါပေမယ့် McTom ရဲ့ ခန္ဓာကိုယ်က ရွှေကွတ်ထားနေသေးရင်တော့ မလွယ်လောက်သေးပါဘူး။ Harrison ကျတော့ ဘယ်လိုပဲနေနေ Dalot ကိုမကျော်နိုင်ပါဘူး။ ဒီပွဲ လိဒ်စ်ဘက်က အပီကစားခဲ့ကြလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးထဲမှာ ပြတ်သားမှုလိုပါတယ်။ ဒီပွဲ တော်တော်ဝင်လုံးခဲ့ကြလိမ့်မယ်။ ဘယ်သူမှ ဘယ်သူ့ကို လွယ်လွယ်လေးနဲ့ မကျော်တက်နိုင်ကြလောက်ပါဘူး။ ဒီပွဲ ပြတ်သားမှုချင်း ယှဉ်ပြိုင်ခဲ့ကြလိမ့်မယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မန်ယူဘက်ကပဲ ၂ ပွဲစလုံး အနိုင်ရသွားတယ်။ အဲ့ ၂ ပွဲက ဂိုးအပြတ်နဲ့ အနိုင်ရထားတာတွေချည်းဖြစ်နေတယ်။ အဲကနေစပြီး လိဒ်စ်တို့ ဒီအဆင့်ဆီတက်ရောက်လာပြီး မန်ယူနဲ့တွေ့ခဲ့ရရင် အမြဲရှုံးနေတတ်တယ်။ ဒီပွဲ မန်ယူဘက်က အကျော ၁.၂၅ တောင် ပေးထားပါတယ်။ အဲ့တာ ဈေးကြီးပါတယ်။ မန်ယူတို့က ပထမ ၂ ပွဲ အရှုံးရသွားပေမယ့် အဲ့အရှုံး ၂ ပွဲက မန်ယူအတွက် တန်ဖိုးအရမ်းရှိပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ကနေစပြီး အသင်းထဲက ကြီးမားတဲ့ပြောင်းလဲမှု တန်းဖြစ်ပေါ်ရော။ အဲ့တာ ခံစစ်မှူးအတွဲပဲ ဖြစ်ပါတယ်။ ခံစစ်မှူးပြောင်းလဲလိုက်တော့ နောက်လာတဲ့ ၄ ပွဲမှာ ၄ ပွဲဆက်တိုက်ပဲ အနိုင်ရသွားပါတယ်။ အာဆင်နယ်ထက် အမှတ် ၃ မှတ်ထဲပဲ ပိုနည်းနေပါတော့တယ်။ ကောင်းသောပြောင်းလဲပုံပါဗျာ။ လိဒ်စ်တို့ကျတော့ Form ပိုင်း အမြဲလိုလိုမရှိသေးပါဘူး။ နောက်ဆုံး ၃ ပွဲထဲမှာ အရှုံး ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ်။ ဒီရာသီ အိမ်ကွင်းနဲ့ ၃ ပွဲကစားခဲ့ပြီး အနိုင်တစ်ပွဲမှမရသေးပါဘူး။ ဒီနေ့ လိဒ်စ်ဘက်က အမှတ်မသိမ်းနိုင်လောက်ပါဘူး။ အရှုံးရသွားလောက်တယ်။ ဒါပေမယ့် နှင်းဆီတိုက်ပွဲဖြစ်နေတဲ့အတွက် တိုက်ခိုက်မှုက တော်တော်ပြင်းထံလိမ့်မယ်။ လိဒ်စ်က အရင်နှစ်တုန်းကလိုမျိုး ညံ့မနေတော့ ဂိုးအပြတ်နဲ့ မရှုံးလောက်သေးပါဘူး။

11 Players

Man Utd (4-1-2-3) – De Gea – Dalot – Malacia – Varane – Martinez – McTominay – Eriksen – Fernandes – Sancho – Rashford – Anthony

Leed United (4-3-3) – Meslier – Struijk – Koch – Llorente – Aylings – Roca – Adams – Aaronson – Harrison – Sinisterra – Rodrigo

Missing Player

Manchester United – Anthony Martial (Achilles Irritation)

Leeds United – Stuart Dallas (Thigh Problems)

ချယ်လ်ဆီးအသင်း အခုတလော အခြေနေဆိုးနေတယ်။ လိဂ်ထဲမှာ အမှတ် ၁၀ မှတ်ထဲပဲ ပိုင်ဆိုင်နိုင်တယ် နံပါတ် ၁ အသင်းထက် အမှတ် ၅ မှတ် နည်းနေပါတယ်။ တူချယ်လ်အလုပ်ပြုတ်သွားတုန်းက ဘောလုံးသတင်းစုံ ပွဲရလဒ်မကောင်းလို့မဟုတ်ပါဘူး။ သူခေါ်သွင်းတဲ့ ကစားသမားသစ်တွေရဲ့ Form က ဆုံးရှုံးသွားတဲ့ ငွေမှောက်နဲ့မကိုက်လို့သာ ပြုတ်သွားတာပါ။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။ အဲ့တော့ အလုပ်တန်းပြုတ်ပြီပေါ့လေ။ နှမြောဖို့တော့ကောင်းပါတယ်။ ဂရေဟမ် ပေါ်တာဆိုတဲ့နည်းပြကို ပြန်ခန့်ထားတဲ့နေရာ ပြိုင်ပွဲရဲ့ ဆူပူအုံကြွမှုက လျော့နည်းသွားလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ပေါ်တာရဲ့စတိုင်လ်က ချောချောမောမော သေသေသပ်သပ်စတိုင်လ်ဖြစ်နေတာမို့လို့ပါ။ ကောင်းပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့အရာကတော့ ကြောက်စရာကောင်းတဲ့အနေအထားဖြစ်လိမ့်မယ်။ အရေးကြီးပါတယ်။ ဒီပွဲ ချယ်လ်ဆီးရဲ့ပြောင်းလဲမှုကို မြင်ခဲ့ရလိမ့်မယ်။ ပေါ်တာရဲ့ အဓိက ကစားသမားကတော့ Kai Havertz ပဲ ဖြစ်လိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ အခြေနေ ခေါင်းကိုက်စရာကောင်းပါတယ်။ မက်ကွိုင်းခေတ်မှမန်ယူနဲ့ ခပ်ဆင်ဆင်ဖြစ်နေတယ်။ Joe Gomez နဲ့တစ်ယောက်ပါပဲ။ သူ့ဆီက content အမြဲရတယ်။ ဘောလုံးမယူတတ်ဘူး အသင်းဖော်ကို ပို့ပေးတဲ့အခါလည်း ဘယ်တိုင်းပြည်ရောက်သွားလို့ရောက်သွားမှန်းမသိ။ အများကြီးပါပဲ။ Gomez က အဲ့လိုညံ့တော့ ခံစစ်ပိုင်းတစ်ပိုင်းလုံးကပါ ညံ့သွားတယ်။ အဲ့တော့ ကလော့ပ်က သူ့ကို အသုံးမပြုပဲနေလိမ့်မယ်။ သူ့အစား Matip ဆင်းရလိမ့်မယ်။ ကွင်းလယ်ကစားသမားတွေ တော်တော်များများပြန်လာကြပါပြီ။ ဟန်ဒိုဆိုတဲ့ကပ္ပတိန် နဲ့ Keita တို့ပဲ ကျန်တော့တယ်။ သူတို့က ကွင်းထဲမှာထက် ဆေးရုံမှာပိုနေရတယ်။ အဲ့တော့ ဒီပွဲ Arthur Melo ဆင်းကစားခဲ့ရလိမ့်မယ်။ အရှေ့တန်း ၃ ယောက်ကျတော့ Nunez လား ကာရိုးလားမသိဘူး။ သူတို့အချင်းချင်းက တော်တော်တူနေကြတယ်။ ဈေးနှုန်းနဲ့ အသက်အရွယ်ပဲကွာပါတယ်။ ကျွန်တော့်အတွေးနဲ့ဆိုရင် Nunez ကိုပဲ အသုံးပြုလောက်တယ်။ သူ့ကို အချိန်ပေးရဦးမယ်။ ဟာလန်းနဲ့ယှဉ်ခံရတော့ သူ့မှာ ဖိအားများနေလောက်တယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်အသင်းကလည်း ချန်ပီယံရမယ့်ထဲ ပါနေလို့ပါ။ ကလော့ပ်က အသင်းရဲ့အခြေနေကို ထပ်ခါ ထပ်ခါ ပြုပြင်နေတာပါပဲ။ ဒီပွဲမှာ ပြုပြင်လို့ အချိန်မှီသွားရင်တော့ လီဗာပူးလ်အသင်း ချန်ပီယံရတဲ့ထဲ နာမည်ဖျက်ခံထိမနေလောက်သေးဘူး။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ တစ်သင်းပေါ်တစ်သင်း မနိုင်မရှုံးဖြစ်နေကြတယ်။ ဘယ်အသင်းကို ပိုအားပေးရမလဲတောင် မပြောတတ်ဘူး။ ဒီပွဲ ဘာမဆို အကုန်ဖြစ်နိုင်တယ် ဒါပေမယ့် သူတို့ ၂ သင်းက သရေကျရုံနဲ့ ပြီးသွားတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ၄ ပွဲထဲမှာ ၄ ပွဲစလုံးပွဲ သရေကျသွားပါတယ်။ ဒီပွဲ အိမ်ရှင်ဖြစ်တဲ့ ချယ်လ်ဆီးအသင်း အကျော ၀.၂၅ ပေးထားပါတယ်။ နည်းနည်းပါးပါးပါပဲ။ ဒီရာသီ နှစ်သင်းစလုံးက ခပ်ညံ့ညံ့လေးပဲ စတင်ခဲ့ကြပါတယ်။ အခြေခံကိုမမှီခဲ့ကြပါဘူး။ အဓိက လီဗာပူးလ်ပေါ့ လိဂ်ပွဲစဉ်ရော UCL ပွဲစဉ်ရော ခြေစွမ်းမပြနိုင်ကြသေးပါဘူး။ အခုမှ အသစ်ရောက်လာတဲ့ကစားသမားတွေကလည်း ထင်သလောက် ထက်ဆိုးနေတယ်။ ချယ်လ်ဆီးတို့လည်း လီဗာပူးလ်ထက်မကောင်းပါဘူး။ တူချယ်လ်တောင် အလုပ်ပြုတ်သွားပြီ။ ပိုက်ဆံအများကြီးသုံးပြီး အသုံးမကျလို့ အလုပ်ပြုတ်သွားတာပါ။ ဒီနေ နှစ်သင်းစလုံးရဲ့ Form က တည်ငြိမ်မှုမရှိသေးတဲ့အတွက် ပြတ်သားမှုအပေါ်ပဲ ယှဉ်ပြိုင်ရတော့မယ်။ ဒီပွဲ သရေကျရုံပဲ ပြီသွားလောက်ပါတယ်။

11 Players

Chelsea (4-3-3) – Mendy – James – Cucurella – Fofana – Koulibaly – Jorginho – Mount – Sterling – Kovacic – Aubameyong – Gallagher

Liverpool (4-3-3) – Allison – Matip – Van Dijk – Robertson – Trent Arnold – Arthur – Fabinho – Thiago – Salah – Diaz – Nunez

Missing Players

Chelsea FC – N’Golo Kanté (Muscular problems), Pierre-Emerick Aubameyang (Head Injury)

Liverpool FC – Fábio Carvalho (Muscular problems), Alex Oxlade-Chamberlain(Hamstring Injury), Curtis Jones (Stress response of the bone), Naby Keïta (Hamstring Injury), Jordan Henderson (Hamstring Injury), Ibrahima Konaté (Knee Injury)