ဘောလုံးမိတ်ဆွေ လက်စတာ Vs နော်တင်ဟမ်ဖောရက်စ် [3 Oct 22 - 01:30 hrs]

ဘောလုံးမိတ်ဆွေ ဒီပွဲ Monday Night မှာ ညနက်မှ ကစားကြပြန်ပြီ။ ဒီပွဲ တော်တော်အရေးကြီးပါတယ်။ လက်စတာအသင်း အိမ်ကွင်းနဲ့ နော်တင်ဟမ်ဖောရက်စ်ကိုကြိုဆိုရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အခုပြိုင်ဆိုင်ကြမယ့်ပြိုင်ပွဲဟာ ဗိုလ်လုပွဲမဟုတ်ပါဘူး ဘယ်အသင်းနည်းပြက အလုပ်ပြုတ်သွားမလဲဆိုတဲ့ ပြိုင်ဆိုင်မှုဖြစ်နေတယ်။ မြောက်ပိုင်းအိုင်ယာလန်လူမျိုးနဲ့ ဘရန်ဒန် ရော့ဂျာဟာ ဒီနှစ် အသင်းအုပ်ချုပ်ရေးညံ့ဖျင်းပါတယ်။ သူ့ကိုအလုပ်မထုတ်သေးတဲ့အကြောင်းရင်းကတော့ အသင်းအဖွဲ့ချုပ်က လျော်ကြေးမပေးချင်လို့ မဖြုတ်သေးတာဖြစ်ပါတယ်။ ဖောရက်စ်တို့ကျတော့ အခုမှ ဒီအဆင့်ကိုတက်ရောက်လာတဲ့အသင်းပါ။ သူတို့ရဲ့ဘော်လုံးစတိုင်လ်က ရှေးဟောင်းဆန်တယ်။ တီထွင်ဖန်တီးမှုအားနည်းနေပါတယ်။ အဲ့တော့ အသင်းနည်းပြက အလုပ်ထုတ်ခံထိမယ့်ထဲ ရှိပါတယ်။ ဘယ်သူ့ကို အရင် Save ရင်ကောင်းမလဲတောင် မသိတော့ဘူး ဒီအသင်းနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲကတော့ ပြီးခဲ့တဲ့ ၂ လပိုင်းတုန်းက FA ဖလားပွဲစဉ်မှာပဲ ဖြစ်ပါတယ်။ အဲ့ပွဲ ဖောရက်စ်ဘက်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကျန်တာ သိပ်မတွေ့ဖြစ်ခဲ့ကြပါဘူး။ ဒီပွဲ နှစ်သင်းစလုံးရဲ့အခြေနေက ဆိုးတာချင်းတူတူပဲ။ ဒါပေမယ့် လက်စတာဘက်က ပို စိတ်ပျက်စရာကောင်းပါတယ်။ သူတို့ရဲ့ခြေစွမ်းတွေက ကြောင်ပျောက်နေတယ်။ ၆ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ်။ ဖောရက်စ်တို့လည်း ခပ်ဆိုးဆိုးနဲ့ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ အဲ့တာကြောင့် နှစ်သင်းစလုံးရဲ့ Form က ခပ်ဆင်ဆင်ပဲဗျ။ ဒါပေမယ့်လည်း နာမည်ကျော်ကြားပိုင်းကတော့ လက်စတာဘက်က ပိုများပါတယ်။

အစစအရာရာလည်းပိုသာနေတယ်။ ပြီးတော့ ဒီလို နောက်ထပ်စုတ်လို့မရတော့တဲ့ အချိန်ပါဖြစ်တော့ အနိုင်လုံးဝရဖို့လိုပါတယ်။ အသင်းနည်းပြမပြောင်းချင်ရင်တော့ ကစားသမားအသီးသီးက ကြိုးစားနိုင်ဖို့ လိုပါတယ်။

အိမ်ရှင်လက်စတာအသင်း ဒီနှစ်ငွေရေးကြေးရေးအဆင်မပြေကြဘူးဖြစ်နေတယ်။ သူတို့ရှာပြီးရလာတဲ့ငွေက training ကွင်းကိုအရင်ပြုပြင်နေရပါတယ်။ အဲ့တာကြောင့် ကစားသမားအသစ်ဝယ်ဖို့ငွေကလည်း မရှိဘူးဖြစ်နေတယ်။ အသစ်တွေဝယ်လို့မရတော့ ကစားသမားဟောင်းတွေကိုပဲ အသုံးပြုနေရပါတယ်။ ဖိုဖာနာကိုရောင်းလိုက်တဲ့နေရာက နှမြောဖို့ကောင်းပေမယ့် တန်ရာတန်ကြေးတော့ ရရှိခဲ့ပါတယ်။ အဲ့တော့ အခု ငါတို့ မြင်နေတဲ့ လက်စတာအသင်းရဲ့ကစားသမားတွေက အရင်နှစ်အတိုင်းပဲ ဖြစ်နေတယ်။ ကစားသမားအသီးသီးမှာ ယုံကြည်မှုပျောက်ဆုံးနေပြီး ကိုယ့်ဘဝကိုငြီးငွေ့နေကြသလိုမျိုးဖြစ်နေတယ်။ အဓိက တိုက်စစ်ပိုင်းပဲဗျာ ဂိုးမသွင်းနိုင်တာတော့မဟုတ်ပါဘူး။ သွင်းနိုင်တယ် ၇ ပွဲဆင်းပြီး ဂိုး ၁၀ လုံး တောင်သွင်းနိုင်တယ်။ ဒါပေမယ့် ဆက်တိုက်ရှုံးနေတာဖြစ်နေရော။ ဂိုး ၂၂ လုံးတောင်သွင်းခံထိခဲ့တယ်။ အခုအချိန် လိဂ်ထဲက ဂိုးအများဆုံး သွင်းခံထိတဲ့အသင်းကြီးဖြစ်နေပြီ။ ရော့ဂျာက ခံစစ်ပိတ်မကစားတတ်ပါဘူး။ လီဗာပူးလ်မှာနေတုန်းကလည်း ပေးလိုက်တဲ့ဂိုးထက် ပိုသွင်းနိုင်ရမယ်ပဲလုပ်လာတယ်။ ဒါပေမယ့် အခုကျတော့ နည်းနည်းလွန်သွားပါတယ်။ တိုက်စစ်ပိုင်းက ဂိုးအဲ့လောက်ထိမသွင်းပေးနိုင်ပါဘူးလေ။ အဲ့တော့ သူ့ရဲ့နည်းဗျူဟာက ပြုပြင်ဖို့လိုသေးတယ်။ ကစားသမားတွေကတော့ ဘာမှပြောင်းလဲလို့မရသေးပါဘူး ဒီလောက်ပဲရှိနေတော့ အဲ့တိုင်းပဲအသုံးပြုရလိမ့်မယ်။ အဲ့တာကြောင့် နည်းဗျူဟာကိုပဲ ပြုပြင်လို့ရမယ်။ မှားရင်တော့ ပြုတ်ပြီပဲ။

နော်တင်ဟမ်ဖောရက်စ်တို့ကျတော့ ဒီအသစ်ကလေးက ဒီရာသီကို ဖြစ်သလိုပဲ စတင်နိုင်တယ်။ ကံကောင်းလို့ အနိုင်တစ်ပွဲရရှိသေးတယ်။ အဲ့ပွဲ နိုင်ကိုနိုင်ရမယ်ဆိုပြီး ကံကောင်းလို့ အနိုင်ရသွားပါတယ်။ အဲ့ပွဲပြီးတာနဲ့ အနိုင်တစ်ပွဲမှထပ်ပေါ်မလာတော့ပါဘူး။ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဂိုးအရင်ကျောထားတာတောင် နောက်ဆုံး အချိန်ပြည့်ဖို့ ၆ မိနစ်အလိုမှာပဲ ဂိုး ၃ လုံးဆက်တိုက်သွင်းခံထိတော့ အရှုံးရလာတယ်။ ဂိုးတစ်လုံးထိပြီဆိုတာနဲ့ ကျန်တဲ့ဂိုးတွေရော အော်တိုသွင်းခံထိသွားတာဗျ။ အခုလက်ရှိ အသင်းရဲ့ အရေးကြီးဆုံးကစားသမား ၂ ယောက်ကတော့ ဂျွန်ဆင်နဲ့ Awoniyi ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဒီရာသီထဲမှာ တစ်ယောက်ကို ဂိုး ၂ လုံးစီ သွင်းထားနိုင်ပြီးပြီ။ ကျန်တဲ့ကစားသမားတွေကျတော့ အရည်သွေး B အဆင့်နဲ့ C အဆင့်လောက်ပဲရှိကြတယ်။ ဒီအသင်းကလည်း နည်းပြရဲ့နည်းဗျူဟာကိုအားကိုးရဦးမယ်။ အခုတလော ဘယ်ကစားသမားကမှ ဂိုးသွင်းဖို့ အခွင့်ရေးမဖန်တီးနိုင်သေးပါဘူး။ လင်ဂဒ်ဆိုတဲ့တစ်ယောက်ဆိုတော့လည်း သူ့ခြေစွမ်းကို အတိကျယူဆလို့မရသေးဘူးဖြစ်နေတယ်။ ဒီအသင်းထဲမှာအတွေ့ကြုံအများဆုံးက သူပဲ။ ကျန်တာတော့ နာမည်မကျော်ကြားသေးဘူ။ ဒီပွဲ အိမ်ရှင်အသင်းက မဖြစ်မနေ အနိုင်ရအောင်လုပ်ရမယ်ဆိုတော့ ဖောရက်စ်တို့ထုခံရမယ်ထင်ပါတယ်။

11 Players

Leicester City (4-3-3) – Ward – Justin – Evans – Faes – Castagne – Ndidi – Tielemans – Barnes – Maddison – Vardy – Dewsbury

Nottingham Forest (3-5-2) – Henderson – Cook – McKenna – Boly – Freuler – Williams – Lodi – Gibbs – Awoniyi – Lingaard – Yates

Missing Players

Leicester City – Ryan Bertrand (Knee Surgery), Ricardo Pereira (Achilles tendon rupture), Caglar Söyüncü (Bruised Knee)

Nottingham Forest – Orel Mangala (Muscle Injury)