ဘောလုံးဘုရင်

မန်စီးတီး Vs မန်ယူ [2 Oct 22 - 19:30 hrs]

ဘောလုံးဘုရင် အိမ်ရှင်မန်စီးတီးအသင်း ဒီရာသီမှာလည်း ချန်ပီယံရမယ့်ထဲက နံပါတ် ၁ ဖြစ်နေတယ်။ သူတို့ဆင်းကစားခဲ့တဲ့ပွဲတိုင်းမှာ ချန်ပီယံရမယ့်အခြေနေမျိုးကြီးဖြစ်နေတယ်။ ပြိုင်ပွဲ ဆက်တိုက်အနိုင်ရမထားပေမယ့် အရှုံးတစ်ပွဲမှတော့မရှိသေးပါဘူး။ အနိုင် ၅ ပွဲနဲ့ သရေ ၂ ပွဲ လုပ်ထားနိုင်တယ်။ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သူတို့ရဲ့ မြက်ခင်းပေါ်က စွမ်းဆောင်ရည်ပဲဗျ အရမ်းကောင်းနေတယ်။ တိုက်စစ်ပိုင်းက အရင်ထက်ပိုပြီး ကြမ်းလာတယ်။ ဟာလန်းကိုဝယ်ဖြည့်လိုက်တာ အရမ်းမှန်သွားပါတယ်။ သူတစ်ယောက်ထဲနဲ့ ဂိုး ၁၁ လုံးတောင် သွင်းနိုင်နေပါပြီ။ သူလည်း ဂိုးအများဆုံးသွင်းနိုင်မယ့်ကစားသမားပဲ ဖြစ်လိမ့်မယ်။ မန်စီးတီးအသင်း ဒီရာသီအတွင်း ၇ ပွဲဆင်းကစားပြီး ဂိုး ၂၃ လုံး သွင်းထားနိုင်တယ်။ ၆ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက တစ်ပွဲနဲ့တစ်ပွဲကို ဂိုး ၃ လုံး ပုံမှန်သွင်းနိုင်နေကြတယ်။ အခုတလော ဘယ်အသင်းမှ သူတို့ကိုမခံနိုင်တော့ပါဘူး။ တိုက်စစ်ပိုင်းက အရမ်းကောင်းနေပေမယ့် ခံစစ်ပိုင်းကတော့ နည်းနည်းလိုပါသေးတယ်။ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး ပတ်က မိနစ် ၉၀ လုံးလုံးမှာ တိုက်စစ်ဆင်ကစားတတ်တယ်။ အဲ့တော့ ဘောလုံးရတိုင်း အရှေ့ပဲတက်နေကြလိမ့်မယ်။ ပြောမယ်ဆို မန်စီးတီးထက် ဘယ်အသင်းမှ ဘော်လုံးမပိုင်ဆိုင်နိုင်ပါဘူး။ ဒီပွဲကလည်း တစ်လမ်းမောင်းပဲဖြစ်ပြီး အနိုင်ရဖို့ ၁၀၀% ပဲဗျာ။

မန်ယူသို့မဟုတ် သရဲနီအသင်း လိဂ်ပွဲစဉ် ၆ ပွဲဆင်းပြီး အနိုင် ၄ ပွဲနဲ့ အရှုံး ၂ ပွဲ ရရှိထားတယ်။ အဲ့ဒီအရှုံး ၂ ပွဲဟာ ရာသီရဲ့စစလာချင်းကတည်းက ရှုံးထားတာပါ။ အဲ့တာနဲ့ပဲ တန်ဟက်က အသင်းပြန်ဖွဲ့စည်းခဲ့ရပါတယ်။ အဲ့ဒီ ပထမ ၂ ပွဲမှ ကွင်းထဲကထုတ်ခံထိသွားတဲ့ကစားသမားတွေ မက်ကွိုင်းယားနဲ့ ဖရတ်ပါပဲ။ သူတို့နှစ်ယောက် ပထမကစားသမားအနေနဲ့ ဆင်းကိုမဆင်းရတော့တာ။ ဒီလုပ်ရပ်က မှန်ကန်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီနှစ်ယောက်ကို အရံထိုင်ခုံမှာထားလိုက်ကတည်းက မန်ယူအသင်းရဲ့ Form က တောက်လျှောက်တက်လာရော။ အနိုင် ၄ ပွဲဆက်တိုက်ရပြီး လီဗာပူးလ်အပေါ် ၂-၁ နဲ့တောင် အနိုင်ရလာလိုက်သေးတယ်။ အခြေနေတော်တော်ကောင်းတယ်။ လီဗာပူးလ်အပေါ် အနိုင်ရတာမကဘူးနော် အာဆင်နယ်ကိုပါ ငြိမ်သွားအောင်လုပ်လိုက်သေးတယ်။ ပြီးတော့ အဝေးကွင်းနဲ့ နှစ်ပွဲတုန်းကလည်း ဂိုးတစ်လုံးမှ သွင်းခံမထိခဲ့ပါဘူး။ ‌ပြောမယ်ဆို အလင်းဝင်သွားပြီလို့ ယူဆထားပါတယ်။ ဒီနှစ်အတွင်း ကစားသမားသစ်ဝယ်ဖြည့်တဲ့အပိုင်းက မဆိုးပါဘူး မာလာစီယား၊ မာတီနက်စ်နဲ့ အန်တိုနီတို့က အသင်းလိုအပ်တာ လာဖြည့်စည်းပေးနိုင်တယ်။ အဓိက အယ်ရီဆင်ပေါ့ သူက holding အပိုင်းကို ပိုအဆင်ပြေအောင် လာလုပ်ပေးတယ်။ ခံစစ်ပိတ်ကနေ လျင်မြန်စွာတန်ပြန်တိုက်စစ်ဆင်တတ်တယ်။ သို့မဟုတ် သူငယ်ချင်းကိုစောင့်ဖို့အနေနဲ့လည်း အချိန်ဆွဲတတ်တယ် မန်ယူအသင်းရဲ့ Form က ကောင်းနေသော်လည်း မန်စီးတီးကို ဧည့်သည်သွားလုပ်ပေးရမှာဆိုတော့ အရမ်းခဲယဉ်းပါတယ်။ အဲ့တော့ ရမှတ်မရှိပဲ ပြန်ရဖို့ပိုများပါတယ်။

ဒီမန်ချက်တာဒါဘီတိုက်ပွဲဟာ အေတီဟတ်ကွင်းနဲ့ အရင်စတင်ခဲ့ရပါတယ်။ ဒီနှစ်ဟာ အရင်နှစ်ထက် ကြည့်ကောင်းလောက်တယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုသာခဲ့ဖူးပါတယ်။ သူတို့အချင်းချင်း ပွဲပေါင်း ၅၀ တွေ့ခဲ့ဖူးပြီး မန်ယူဘက်က အနိုင်ပွဲပိုရထားပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းသီးသန့်ကိုပဲကြည့်မယ်ဆိုရင်တော့ မန်စီးတီးဘက်က ပိုသာနေပါတယ်။ ဥပမာ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် မန်စီးတီးဘက်က အနိုင်ပွဲပိုရထားပါတယ်။ အခုတလော မန်စီးတီးအသင်းက မန်ယူထက် အများကြီးသာနေပါပြီ။ ဆရာ့ဖာကီအနားယူလိုက်ကတည်းက မန်ယူအသင်း အမှောင်ကျသွားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မန်ယူအသင်းက တစ်ဖြည်းဖြည်းတက်လာနေပါတယ်။ ကြိုးစားမှုတွေမြင်ခဲ့ရပြီး အချို့ကစားသမားတွေမှာ Form ပြန်ကောင်းလာနေတာ တွေ့နေရပါတယ်။ ဒါပေမယ့် ဒီနေ့က မန်စီးတီးဆိုတဲ့ စူပါအသင်းနဲ့တွေ့ရမှာဆိုတော့ အရမ်းခက်တယ်ဗျာ။ မန်ယူဘက်က ဘယ်လောက်ပဲကောင်းနေပါစေ မန်စီးတီးဘက်က အရမ်းပြည့်စုံလွန်းနေလို့ပါ။ အဲ့တော့ မန်ယူတို့ ဘယ်လိုမှခံနိုင်မယ်မထင်ဘူး။

11 Players

Man City (4-3-3) – Ederson – Walker – Cancelo – Stone – Dias – Rodri – Silva – De Bruyne – Foden – Mahrez – Haaland

Man Utd (4-1-4-1) – De Gea – Malacia – Dalot – Varane – Martinez – Eriksen – Anthony – Sancho – McTominay – Fernandes – Ronaldo

Missing Players

Manchester City – Aymeric Laporte (Knee Surgery)

Manchester United – Anthony Martial (Achilles Irritation)

ဘောလုံးဘုရင်  အိမ်ရှင်အက်စတွန်ဗီလာအသင်း အခုလက်ရှိ ၆ ပွဲကစားခဲ့ပြီး လက်ထဲမှာ အမှတ် ၈ မှတ် သိမ်းထားနိုင်တယ်။ ဒီနှစ် အိမ်ကွင်းနဲ့အခြေနေတွေ ကောင်းတယ်။ အရှုံးမရှိသေးပါဘူး။ ပြီးတော့ သူတို့အနိုင်ရသွားတဲ့ပွဲတွေမှာလည်း အိမ်ကွင်းနဲ့ပွဲတွေပဲ ဖြစ်နေတယ်။ ဒီနှစ် ရာဖင်ဟာနဲ့ ဖိလစ်ကိုရောင်းလိုက်တော့ ငွေတွေအများကြီးရလာပြီး ကစားသမားသစ် တော်တော်များများဝယ်ယူနိုင်တယ်။ တိုက်စစ်ပိုင်း‌ရော ခံစစ်ပိုင်းပါ အသုံးပြုစရာကစားသမား ပိုများလာတယ်။ ဒါပေမယ့်လည်း Form ကို စောင့်ကြည့်ဖို့လိုသေးတယ်။ နည်းနည်းကောင်းတာတော့ အာရွန်ဆင်နဲ့တစ်ယောက်ပါပဲ သူက အသင်းရဲ့ အဓိကကစားသမားတောင်ဖြစ်သွားပါပြီ။ ၆ ပွဲဆက်တိုက် ဆင်းကစားပြီး ဂိုး ၁ လုံးနဲ့  Assist ၁ ခါ လုပ်နိုင်တယ်။ Louis Sinnistria အစီစဉ်ထဲမှာတောင် အဓိကကစားသမားအနေနဲ့ပဲဆင်းပြီး ဂိုး ၂ လုံးသွင်းနိုင်တယ်။ နောက်တစ်ယောက်ကျတော့ မပြောလို့မဖြစ်ဘူး အသင်းကပ္ပတိန်နဲ့ဒရီဂိုပေါ့ သူကလည်း အသင်းကိုရုန်းပေးတာမနည်းဘူး။ ဒီရာသီအတွင်း ဂိုး ၄ လုံးသွင်းနိုင်ပြီးပြီ။ ဒီနေ့လည်း သူ့မှာခြေစွမ်းပြနိုင်မယ်ထင်တယ်။

အက်စတွန်ဗီလာတို့ကျတော့ စွမ်းဆောင်ရည်ညံ့ဖျင်းနေပါတယ်။ မန်စီးတီးနဲ့စပရိုက်တိုက်ပြီး သရေကျလာပေမယ့် ကျန်တဲ့ပွဲတွေကျတော့ ကြည့်လို့ကိုမရပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ဆောက်သန်တမ်အပေါ် အနိုင်ရလာလို့ ဂျရတ်အလုပ်မပြုတ်မသေးတာ။ အက်စတွန်ဗီလာအသင်း ဒီရာသီမှာ ၇ ပွဲကစားခဲ့ပြီး အရှုံး ၄ ပွဲသရေ ၁ ပွဲနဲ့ အနိုင် ၂ ပွဲ လုပ်ထားနိုင်တယ်။ ဘုန်းမောက်နဲ့ပွဲတုန်းက အနိုင်ရသင့်တာကို မရပဲရှုံးလာတယ်။ နို့မို့ဆို ဒီထက်ကြည့်ကောင်းပြီ။ အက်စတွန်ဗီလာအသင်းရဲ့ လက်ရှိ Form က ကျဆင်းနေတယ်။ ကော်တင်ဟိုဆိုတဲ့တစ်ယောက်မှာဆိုရင် အခုထိ ဂိုးနဲ့ Assist တစ်ခါမှမလုပ်နိုင်သေးပါဘူး။ တိုက်စစ်ပိုင်းက Olay Watkins နဲ့ Danny Ings တို့ နှစ်ယောက်ပေါင်း ဂိုး ၂ လုံးထဲပဲသွင်းနိုင်နေတယ်။ ခံစစ်ပိုင်းကျတော့ Mckins ဆိုတဲ့တစ်ယောက် အပြေးကောင်းပြီး ယာကုပ် ရမ်ဆေးဆိုတဲ့တစ်ယောက်မှာလည်း ကြည့်လို့ရသေးတယ်။ ကျန်တာတော့ အဆင်မပြေသေးပါဘူး။ ဒီတိုင်းယှဉ်ကြည့်ရင် အိမ်ရှင်ဘက်ကပိုသာပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာဘက်က တန်ပြန်တိုက်စစ်နဲ့ Set Piece ကို သေသေချာချာထိန်းနိုင်ရင်တော့ အိမ်ရှင်ကိုခုခံနိုင်လောက်ပါတယ်။ ဘာလို့လည်းဆိုတော့ ငါတို့သိတဲ့အတိုင်း လိဒ်စ်တို့က Set Piece ကို မခံနိုင်ဘူး။ ခံရပေါင်းများနေပြီ။ အဲ့တော့ ဒီပွဲ အက်စတွန်ဗီလာတို့ မရှုံးလောက်သေးဘူးထင်ပါတယ်။ သူတို့ဘက်က တိုက်စစ်ပိုင်းကောင်းတာမဟုတ်ပါဘူး လိဒ်စ်ရဲ့ခံစစ်ပိုင်းကညံ့နေလို့ပါ။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အက်စတွန်ဗီလာဘက်ကပိုသာပါတယ်။ အဓိက ပရီးမီးယားလိဂ်ထဲက နောက်ဆုံး ၃ ပွဲစံချိန်ထဲမှာဆိုရင် အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်သွားနိုင်တယ်။ ဒါပေမယ့် တစ်ပွဲနဲ့တစ်ပွဲမှာတော့ မနိုင်မရှုံးပဲ တော်တော်ရုန်းခဲ့ကြရတယ်။ အခွင့်ရေးပေါ်မူတည်တယ်။ ဒီပွဲ လိဒ်စ်ဘက်က အိမ်ရှင်ဖြစ်နေတဲ့အတွက် အကျော ၀.၂၅ သတ်မှတ်ထားတယ် ဈေးမကြီးပါဘူး။ ဒီလိုပါပဲ အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form က မကောင်းတာချင်းတူနေတော့ သရေကျရုံနဲ့ပြီးဖို့ တော်တော်များတယ်။ ဂိုးအများကြီးဖြစ်ပေါ်ပြီး ပြီးသွားမယ်ထင်တယ်။ နှစ်သင်းစလုံးက တိုက်စစ်ဆင်တတ်တဲ့အသင်းတွေဖြစ်တော့ အချင်းချင်း တွေ့ဖူးတဲ့ပွဲတုန်းက ဂိုးတော်တော် သွင်းနိုင်ကြတယ်။ ဒါပေမယ့် နှစ်သင်းစလုံးရဲ့ခံစစ်ပိုင်းကသာ အရည်သွေးမရှိဘူး။ ခန ခန မှားယွင်းတတ်တယ်။ အဲ့တော့ ဒီပွဲ ပြတ်သားမှုချင်း ပြိုင်ဆိုင်ခဲ့ကြရလိမ့်မယ်။ ပိုပြတ်သားနိုင်တဲ့ဘက်က အနိုင်ရသွားမယ်။ ဒီပွဲကတော့ သရေကျရုံလေးပဲ ခန့်မှန်းထားပါတယ်။

11 Players

Leeds United (4-2-3-1) – Meslier – Struijk – Koch – Llorente – Aylins – Roca – Adams – Aaronson – Sinistrea – Harrison – Rodrigo
Aston Villa (4-3-2-1)   ; Young, Konsa, Mings, Augustinsson; McGinn, Luiz, Ramsey; Buendia, Watkins, Coutinho

Missing Player

Leeds United – Stuart Dallas (Femoral Fracture), Junior Firpo (Knee Injury)

Aston Villa – Lucas Digne (Ankle Injury), Diego Carlos (Achilles tendon rupture), Jed Steer (Achilles tendon problems), Boubacar Kamara (Knee Injury)