ပွဲကြိုခန့်မှန်း

ပွဲကြိုခန့်မှန်း ဝုလ်ဗာဟန်တန် Vs မန်စီးတီး [17 Sep 22 - 18:00 hrs]

ပွဲကြိုခန့်မှန်း ဝုလ်ဗာဟန်တန်အသင်း ဒီရာသီထဲက နောက်ဆုံးတစ်ပွဲမှာပဲ အနိုင်ရသွားပါတယ်။ အဲ့ပွဲ ဆောက်သန်တမ်နဲ့တွေ့ပြီး အနိုင်ရလာတယ်။ အဲ့ပွဲတုန်းက ဆောက်သန်တမ်ကို  ပွဲကြိုခန့်မှန်းတော်တော်ခံခဲ့ရပါတယ်။ ဂိုးသွင်းဖို့အခွင့်ရေးတောင် သူတို့  လောက်မရခဲ့ပါဘူး၊ ဒါပေမယ့် ဝုလ်ဗ်တို့ရဲ့ ခံစစ်ပိုင်းက တောင့်တင်းမှုရှိနေလို့ အဆင်သွားတာပါ။ ဝုလ်ဗ်အသင်း ရဲ့ ခံစစ်ပိုင်းက တကယ်အားကောင်းပါတယ်။ ကြီးမားတဲ့အသင်းမဟုတ်တာတောင် ဂိုးတွေ ပိုးစိုးပက်စက် သွင်းခံမထိတတ်ပါဘူး၊ တစ်ပွဲကို ပုံမှန် ၁ လုံးပဲ သွင်းခံထိခဲ့ပါတယ်။ ဝုလ်ဗ်ရဲ့အိမ်ကွင်းဖြစ်ပြီး ဂိုး ၂ ထက် ပိုသွင်းခံထိတာ ခပ်ရှားရှားပါ။ အဲ့တော့ ဒီပွဲ ထင်ထားတာမလွဲဘူးဆိုရင်တော့ ဂိုးအပြတ်နဲ့ မရှုံးလောက်ပါဘူး။ မန်စီးတီးက လူသားမဆန်ပဲ ဂိုးသွင်းမယ်ဆိုရင်တော့ မပြောတတ်ပါဘူးလေ။ ဒီပွဲဝုလ်ဗ်တို့ ရှုံးတာ ရှုံးမှာပါပဲ ဒါပေမယ် ဂိုးတစ်လုံးထဲနဲ့ ကပ်ရှုံးချင်ရင်တောင် ကပ်ရှုံးနိုင်ပါတယ်။ ပြီးတော့ သူတို့ဘက်က ဂိုးအရင်သွင်းနိုင်ခဲ့လို့ရှိရင် သရေတောင် ဖြစ်သွားနိုင်ပါတယ်။

မန်စီးတီးတို့ကျတော့ လက်ရှိရာသီထဲက စွမ်းဆောင်ရည်တွေ ကြောက်စရာကြီး၊ ၂ ပွဲဆက်တိုက် သရေကျသွားတာတောင် ချန်ပီယံမရဘူးလို့ ဘယ်သူမှမပြောရဲသေးပါဘူး။ သူတို့က ပွဲတိုင်း ပွဲတိုင်းပဲ အခြေခံခြေစွမ်းထိန်းကစားနိုင်တယ်။ သရေကျသွားတဲ့ပွဲကတော့ ကံမကောင်းလို့ပါပဲ။ သူတို့ရဲ့တိုက်စစ်ပိုင်းက ပြိုင်ဘက်ကို မိနစ် ၉၀ လုံးလုံး မုန်တိုင်းလို တိုက်ခိုက်တာတော့ မြင်ခဲ့ရတယ်။ ဟာလန်းကို ပိုင်ဆိုင်သွားတာအရမ်းမှန်ပြီး အရမ်းတန်တယ်။ ဘာလို့လည်းဆိုတော့ ပရီးမီးယားလိဂ်ထဲမှာ ၆ ပွဲထဲကစားပြီး ဂိုး ၁၀ လုံးတောင်သွင်းနိုင်နေပြီမို့လို့ပါ။ မိနစ်နဲ့ပြန်တွက်ရင် ၄၈ မိနစ်တိုင်း ဂိုး ၁ လုံး သွင်းနိုင်နေတာ ဖြစ်ပါတယ်။ စောက်ရမ်းကောင်းနေတာ။ သူက ဒီလောက်ထိ ဂိုးသွင်းနိုင်တာ သူ့ရဲ့ ကြိုတင်ခန့်မှန်းချက်ပဲ ကောင်းတာမဟုတ်ဘူး။ အသင်းဖော်တွေလည်း ကမ္ဘာ့ထိပ်တန်းတွေ ဖြစ်နေလို့ပါ။ De Bruyne တို့ Bernado Silva တို့ကစ တကယ့် Key-man တွေပါဗျာ။ ဘောလုံးကို လွယ်လွယ်လေးနဲ့ မဆုံးရှုံးတတ်ဘူး။ ကျန်တဲ့ Position တွေမှာလည်း ဘာစိတ်ပူစရာမှမရှိပါဘူး။ ဒီနေ့တော့ ပုံမှန်ထက် ပိုပင်ပန်းလောက်တယ်။ ဘာလို့လည်းဆိုတော့ အိမ်ရှင်အသင်းရဲ့ ခံစစ်ပိုင်းဟာ နဂိုကတည်းက တင်းကြပ်ပြီးသားဖြစ်နေလို့ပါ။ ဒီပွဲ မန်စီးတီးတို့ တော်တော်ရုန်းရလိမ့်မယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဝုလ်ဗ်ရဲ့အိမ်ကွင်းဖြစ်ပြီး ၁-၅ ဂိုးနဲ့တောင် မန်စီးတီးကိုရှုံးသွားတယ်။ ဒီရာသီ ၂ သင်းစလုံးရဲ့ ပွဲဦးတုန်းက Form ကလည်း ကွာခြားတယ်။ ဒီပွဲ မန်စီးတီးဘက်က အကျော ၁.၅ ပေးထားပါတယ်။ ဒီဈေးနှုန်းနဲ့ဆိုရင် ကိုက်ညီပါတယ်။ မန်စီးတီးရဲ့တိုက်စစ်ပိုင်းက ရှယ်ကြမ်းပြီးသားပါ။ အခု အမှတ်ဇယားထဲမှာ နံပါတ် ၂ ဖြစ်နေပေမယ့် ချန်ပီယံရမယ့်ထဲ နံပါတ် ၁ ဖြစ်နေတုန်းပါပဲ။ အိမ်ရှင်အသင်းကျတော့ ဒီရာသီမှာလည်း တောင့်တင်းအောင် ကစားနိုင်နေကြပါတယ်။ လိဂ်ပွဲစဉ်ရဲ့ ၆ ပွဲစလုံးထဲမှာ ဂိုး ၁ လုံးထက် ပိုသွင်းခံထိတာ မရှိသေးပါဘူး။ သူတို့ရဲ့ ခံစစ်ပိုင်းက လုံးဝတောင့်တင်းနေပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးသိပ်မသွင်းနိုင်ကြသေးပါဘူး။ ဂိုးတစ်လုံးရဖို့အရေးကို မနည်းရုန်းနေရပြီး လိပ်ခေါင်းတောင်ထွက်ချင်တယ်။ ဒီပွဲကတော့ မန်စီးတီးနဲ့ တွေ့ရမှာဆိုတော့ ခံစစ်ပိုင်းကို ပိုဦးစားပေးလိမ့်မယ်။ ခံနိုင်မလားတော့မသိပါဘူး။ ဒါပေမယ့် ဧည့်သည်အသင်းအတွက်ကလည်း ထိုးဖောက်လွယ်မယ်မထင်ပါ။ ဒီပွဲ ဝုလ်ဗ်ဘက်က ခံစစ်ပိုင်းကို သေသေချာချာ ပြုပြင်ထားရင်တော့ ဂိုးအပြတ်နဲ့ မရှုံးလောက်ဘူးထင်ပါတယ်။

11 Players

Wolves (5-3-2) – Sa – Kilman – Collins – Toti – Otto – Nouri – Neves – Moutinho – Matheus – Podence – Neto

Man City (4-3-3) – Ederson – Walker – Cancelo – Dias – Stone – Rodri – De Bruyne – Bernado Silva – Foden – Grealish – Haaland

Missing Players

Wolverhampton Wanderers – Sasa Kalajdzic (Cruciate Ligament Rupture), Chiquinho(Cruciate Ligament Injury)

Manchester City – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်

ပွဲကြိုခန့်မှန်း

ပွဲကြိုခန့်မှန်း  အိမ်ရှင်နယူးကာဆယ်အသင်း အရှေ့အနောက် တပြေးညီနေပါတယ်။ ပထမပွဲတုန်းက အနိုင်ရခဲ့ပြီး နောက်လာတဲ့ပွဲတွေမှာ အမှတ် ၃ မှတ်တစ်ပွဲမှမရတော့ပါဘူး။ ကြီးမားတဲ့အသင်းနဲ့ပဲတွေ့တွေ့ သေးငယ်တဲ့အသင်းနဲ့ပဲ တွေ့ရပါစေ ပြိုင်ဘက်ရဲ့ ကစားစနစ်ပေါ်မူတည်ပြီး ကစားစနစ်ကို ပြုပြင်တယ်။ တစ်ပွဲ တစ်ပွဲကို မနည်းရုန်းခဲ့ရပါတယ်။ အသင်းနည်းပြက ၆ ပွဲဆက်တိုက် ၄-၃-၃ စနစ်ကိုပဲ အဓိကအသုံးပြုတယ်။ တစ်ခါတစ်လေလေးတော့ ၄-၄-၂ ကို အသုံးပြုစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၄-၄-၂ စနစ်နဲ့ အခြေနေကောင်းခဲ့ဖူးလို့ပါ။ ဘယ်တော့ပြောင်းသုံးမလဲမသိဘူး။ အခု ၄-၃-၃ စနစ်က အဆင်ပြေမနေပါဘူး။ အရှုံးမရပေမယ့် သရေပွဲတွေ အရမ်းများနေရင်လည်း မကောင်းပါဘူး။ တစ်ပွဲရှုံး တစ်ပွဲနိုင်ရရင်တောင် ဒီထက်တိုးတက်ဦးမယ်။ အသင်းရဲ့ မျှော်လင့်ချက်ကတော့ ဆိုစီဒက်မှ တိုက်စစ်မှူးနဲ့ Isak ပါပဲ။ လီဗာပူးလ်ကို ဂိုးပိတ်သွင်းလိုက်ကတည်းက အခုထိ ငြိမ်နေတုန်း။ နောက်တစ်ယောက်ကျတော့ Maximin ပေါ့။ ဒါပေမယ့် သူက ဒီပွဲပါလို့မရလောက်သေးဘူး။ ကွင်းလယ်မှာ အရေးကြီးတဲ့ Bruno Guimarães လည်း အခြေနေပြန်စစ်ရဦးမယ်။ ဒီပွဲ နယူးကာဆယ်တို့ ကွင်းလယ်ပိုင်းကို ပိုဦးစားပေးပြီး ပြိုင်ဘက်ရဲ့ ကွင်းလယ်စနစ်ကို ဖျက်ဆီးနိုင်ရင်တော့ အနိုင်ရဖို့တော်တော်များပါတယ်။

ဘုန်းမောက်တို့ကျတော့ အခုတလော အခြေနေကောင်းနေပါတယ်။ Scott Parker ကို မောင်းထုတ်လိုက်ကတည်းက အသင်းနည်းပြအသစ်နဲ့ အမှတ် ၄ မှတ်ရသွားပါပြီ။ ဒါပေမယ့်လည်း Parker ကိုသနားပါတယ်။ သူ့ခမျာ ၆ ပွဲထဲမှာ ကြီးမားတဲ့အသင်းနဲ့ ၃ ပွဲတောင် တွေ့ခဲ့ရလို့ ရှုံးသွားတာဗျာ။ အသင်းကြီးတွေနဲ့တွေ့ပြီး ရှုံးသွားတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ဂိုးတွေ မတရားသွင်းခံထိခဲ့လို့ အလုပ်ပြုတ်သွားတာနေမယ်။ ပြီးတော့ သူ့ရဲ့နည်းဗျူက ပြိုင်ဘက်ကို ပြန်လှန်ခုခံလို့တောင်မရဘူး။ နည်းပြအသစ်ပြောင်းလိုက်တဲ့နေရာမှာ ကစားစနစ်တန်းပြောင်းသွားပါတယ်။ သူတို့က ဟိုးအရင်တုန်းက ၄-၄-၂ စနစ်ကို ပြန်သုံးတယ်။ လှပစရာမလိုဘူး ဘောလုံးဖြတ်ယူရမယ် ပြီးရင် ရှေ့ပြေးတက်လို့ရအောင် လုပ်မယ်။ အရှေ့တန်းနေရာ Billing နဲ့ Solanke ကိုထားထားမယ်။ ကွင်းလယ်ကိုလည်း ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ Cook နဲ့ Lerma ကို ခံထားမယ်။ ဒါပေမယ့် မလွယ်ပါဘူး ဖောရက်စ်ရဲ့ဧည့်သည်သွားလုပ်တုန်းကတောင် ဂိုး ၂ လုံး သွင်းခံထိသေးတယ်။ ဘုန်းမောက်ရဲ့ခံစစ်ပိုင်းက ထင်သလောက်မမာဘူးဗျ ကြုံးခံရလောက်တယ်။

အချင်းချင်းတွေ့ခဲ့ဖူတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာပါတယ်။ သူတို့အချင်းချင်း ၈ ပွဲ တွေ့ခဲ့ဖူးကြပြီး နယူးကာဆယ်ဘက်က ၄ ခါ အနိုင်ရဖူးပါတယ်။ သရေ ၂ ပွဲနဲ့ အရှုံး ၂ ပွဲ ရသွားပါတယ်။ ဒီပွဲ နယူးကာဆယ်ဘက်က အကျော ၁ လုံးအနည်းဆုံး ပေးထားပါတယ်။ အနေတော်ပါပဲ ဘာလို့လည်းဆိုတော့ ဘုန်းမောက်ဘက်က Form မှမကောင်းတာ။ ဒါပေမယ့် နားလည်လို့ရပါတယ်။ ၆ ပွဲကစားပြီး ၃ ပွဲက အသင်းကြီးနဲ့ တွေ့ခဲ့ရလို့ပါ။ ဂိုးတွေ ရှယ်သွင်းခံထိကြပါရော။ အဲ့တာကြောင့် အသင်းနည်းပြကို အလုပ်ထုတ်တာဘာညာ ဖြစ်ပေါ်ခဲ့ပါတယ်။ နည်းပြအသစ်ပြောင်းလိုက်တဲ့နေရာက အခြေနေကောင်းမယ့် အနေအထားရှိပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ဆုံး ၂ ပွဲထဲနဲ့ အမှတ် ၄ မှတ် သိမ်းယူသွားနိုင်လို့ပါ။ ဒီပွဲ Form အမြဲလိုလိုရှိနေတဲ့ နယူးကာဆယ်နဲ့တွေ့ရမှာဗျ။ နယူးကာဆယ်က အမြဲလိုလို သရေကျနေပါတယ်။ ရာသီရဲ့ပွဲဦးကလွဲပြီး ကျန်တဲ့ပွဲတွေမှာ အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ လီဗာပူးလ်နဲ့တွေ့တုန်းက အချိန်ဆွဲပြီး အမှတ် ၁ မှတ်ယူလိုက်တာမဟုတ်ပဲ၊ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ၃ မှတ်လိုချင်တော့ နောက်ဆုံး သူတို့ပဲ ရှုံးသွားပါတယ်။ ဒီပွဲ သူတို့အတွက် မခက်ပါဘူး အမှတ် ၃ မှတ် ရသွားလောက်ပါတယ်။ အကျောပေးထားတာထက်လည်း ဂိုးပိုသွင်းနိုင်လောက်တယ်။

11 Players

Newcastle United (4-3-3) – Pope – Targett – Botman – Schar – Trippier – Longstaff – Willock – Joelington – Almiron – Fraser – Isak

Bournemouth (4-4-2) – Neto – Zemura – Kelly – Mepham – Smith – Cook – Lerma – Christie -Tavernier – Billing – Solanke

Missing Player

Newcastle United – Bruno Guimarães (Hamstring Injury), Karl Darlow (Ankle Injury), Allan Saint-Maximin (Hamstring Injury), Callum Wilson (Hamstring Injury), Jonjo Shelvey (Hamstring Injury), Emil Krafth (Cruciate Ligament Rupture)

AFC Bournemouth – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်။

ပွဲကြိုခန့်မှန်း  အိမ်ရှင်စပါးအသင်း အခုထိ ခြေစွမ်းပြနိုင်နေပြီး ကျဆင်းနေတဲ့အပိုင်း မတွေ့ရသေးပါဘူး။ ဒီရာသီအတွင်း သရေ ၂ ပွဲရှိနေပေမယ့် ကျန်တဲ့ ၄ ပွဲကျတော့ အနိုင်တွေချည်း ဖြစ်နေပါတယ်။ ဂိုးကျတော့ အချို့အသင်းလို ပိုးစိုးပက်စက်မသွင်းနိုင်ပေမယ့် အသင်းထဲက တင်းကြပ်မှုကတော့ လုံးဝအပြည့်ရှိနေတယ်။ အသင်းထဲက ကစားပွဲအခြေနေကို ပင့်ပေးတဲ့အရံကစားသမားတွေကလည်း အပြည့်ရှိနေကြတယ်။ ဒီပွဲစပါးဘက်က ဘာမှစိတ်ပူစရာမရှိပါဘူး ကစားသမားအားလုံး အဆင်သင့်ဖြစ်တယ်။ ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့လာမယ်ထင်တယ်။ အရှေ့တန်းမှ အလယ်တည့်တည့်နေရာ Kane ကိုထားထားပြီး ဘောလုံးနားမယ် ဂိုးသွင်းမယ်။ သူက အိုလေကြမ်းလေဖြစ်နေတာ။ Kane ရဲ့ မျက်လုံးက အရမ်းမြန်တယ် ပြိုင်ဘက်ရဲ့ ခံစစ်ပိုင်းကို မျက်စိလည်အောင် Son နဲ့ Kulusevski ဆီ ဘောလုံးပို့ပေးလိမ့်မယ်။ ကွင်းလယ်ပိုင်းကျတော့   ကြိုက်တဲ့ကစားသမားကို အသုံးပြုလို့ရပါတယ်။ စိတ်ပူစရာမရှိဘူး ခံစစ်ပိုင်းကလည်း အရင်အတိုင်းပဲ ဆင်းကစားလိမ့်မယ်။ ဒီပွဲ စပါးဘက်က ဂိုး ၂ လုံး အနည်းဆုံးသွင်းသွားလိမ့်မယ်။ အဲ့တော့ ဒီပွဲ တတိယမြောက်ဂိုးကိုပဲ စောင့်ကြည့်ကြပါစို့။

လက်စတာတို့ကျတော့ ဖန်တွေအတွက် ပျော်စရာအရမ်းကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ရာသီစတင်ကတည်းက အခုထိ အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ လိဂ်ထဲမှာ ၅ ပွဲဆက်တိုက် ရှုံးနိမ့်နေပါပြီ။ ဂိုးတွေလည်း ပိုးစိုးပက်စက် ၁၆ လုံးတောင်သွင်းခံထိခဲ့တယ်။ ကစား Form ကတော့ အရမ်းဆိုးရွားနေပါတယ်။ ဒီအခြေနေဖြစ်နေတာတောင် အသင်းနည်းပြရော်ဂျာက ဆက်နေနိုင်သေးတယ်တော်။ တိုက်စစ်ပိုင်းရဲ့ ကစားပုံကစားနည်းက ဘာမှကြောက်စရာလည်းမကောင်းဘူး။ ခံစစ်ပိုင်းကလည်း ခန ခန မှားယွင်းနေတယ်။ တိုက်စစ်မှူးတွေ တစ်ယောက်ပေါ်တစ်ယောက် ချိတ်တွယ်ကစားခြင်းလည်းမရှိဘူး။ တစ်သင်းလုံးကိုရုန်းပေးဖို့ ဗာဒီပဲရှိတယ်။ သူကိုယ်တိုင်ကလည်း အသက်ကြီးလာပါပြီ။ နောက်တစ်ယောက်ကျတော့ Maddison ပေါ့။ အသင်းရဲ့ Form က ဒီလောက်ထိ အောက်စိုက်နေတာတောင် သူ့ဈေးနှုန်းက အပေါ်မြှောက်တက်နေတယ်။ အဲ့တာကြောင့် ရော်ဂျာက အလုပ်မပြုတ်သေးတာနေမယ်။ လက်စတာရဲ့ ကစားပုံကစားနည်းက ဘုန်းမောက်ထက်တောင်ဆိုးနေတယ်။ အဲ့တော့ ဘယ်ရှုထောင့်နဲ့ပဲကြည့်ကြည့် စပါးဘက်က ဘယ်လိုမှရှုံးဖို့မရှိဘူး။ ဒီပွဲပြီးတာနဲ့ လက်စတာရဲ့ ဒါရိုက်တာအဖွဲ့ဘုတ်တို့ ရော်ဂျာရဲ့ရာထူးကို ပြန်စဉ်စားသင့်ပြီးထင်ပါတယ်။ ဒီတိုင်းဆိုရင်တော့ အတန်းဆင်းရမှာ ကျိန်းသေတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က စပါးအသင်း ပိုသာပါတယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၃ ပွဲထဲမှာ စပါးဘက်က ၃ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ ပြီးတော့ ဒီအသင်းနှစ်သင်းက ဂိုးတွေမတရားပိတ်သွင်းတတ်တဲ့အသင်းမျိုး ဖြစ်နေကြတယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲ စံချိန်ထဲမှာ စပါးဘက်က အနိုင် ၇ ပွဲနဲ့ အရှုံး ၃ ပွဲ ရရှိခဲ့ဖူးပါတယ်။ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် သရေကျဖို့မရှိပါဘူး။ သူတို့နှစ်သင်းက အနိုင်အရှုံးနဲ့ပဲ ဆုံးဖြတ်နေကြတာပါ။ ဒီပွဲ စပါးဘက်က အကျော ၁ ပေးထားတယ်။ အဲ့တော့ စပါးနဲ့ပဲ လက်တွဲလိုက်ပါ ဘာမှတွေးမနေနဲ့တော့။ နှစ်သင်းစလုံးရဲ့ Form က အရမ်းကွာခြားနေတယ်။ စပါးအသင်းက ဒီနှစ်မှာ ကြီးမားတဲ့အသင်းတွေနဲ့ တိုက်ခိုက်ဖို့အဆင်သင့်ပဲဗျ။ အဲ့တော့ လက်စတာအသင်းဆိုသည်မှာ စပါးရဲ့မျက်ဝန်းထဲတောင်ရှိမနေပါဘူး။ ဘာလို့လည်းဆိုတော့ လက်စတာအသင်းက ဝံပုလွေမှမဟုတ်တော့တာ ကြွက်စုတ်ကြီးဖြစ်နေပြီ။ လိဂ်ထဲမှာ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ပြီး ပွဲတိုင်းပဲ ကြုံးခံထိခဲ့တယ်။ ဒီတိုင်းနဲ့ စပါးကို ဘယ်လိုမှ ပြန်လှန်ခုခံလို့မရပါဘူး။

11 Players

Tottenham Hotspurs (3-4-2-1) – Lloris – Dier – Tanganga – Sanchez – Bentancur – Hojbjerg – Emreson – Perisic – Son – Kulusevski – Kane

Leicester City (4-4-2) – Ward – Evans – Thomas – Ndidi – Justin – Barnes – Tielemans – Soumare – Maddison – Vardy – Daka

Missing Players

Tottenham Hotspur – Lucas Moura (Calf Injury), Bryan Gil (Unknown Injury)

Leicester City – Ricardo Pereira (Achilles tendon rupture)