ပရီးမီးလိဒ်ချန်ပီယံ အဆုံးအဖြတ်ပွဲ

ပရီးမီးလိဒ်ချန်ပီယံ အဆုံးအဖြတ်ပွဲ မန်ယူ Vs အာဆင်နယ် [12 May 24 - 22:00 hrs]

ပရီးမီးလိဒ်ချန်ပီယံ အဆုံးအဖြတ်ပွဲ ပရီးမီးယားလိဂ်ထိပ်ဆုံးအာဆင်နယ်အသင်းဟာ မန်စီးတီးထက် ၁ မှတ်ပိုသာနေပြီး ဒီပွဲ အိုထရက်ဖိုဒ့်အထိ ခရီးစဉ်ရမှာဖြစ်ပါတယ် မန်ယူအသင်းက ပွဲပေါင်းများစွာ မှားယွင်းခဲ့တဲ့အတွက် အဆင့် ၈ အထိ ကျဆင်းသွားပြီး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ခရစ်စတယ်ပဲလေစ့်ကို ၄-၀ နဲ့ ပိုးစြိးပက်စက် ရှုံးနိမ့်လာတယ် အဲ့ဒီတော့ နယူးကာဆယ်နဲ့ ချယ်လ်ဆီးက သူတို့ကို ကျော်တက်သွားပါပြီ အာဆင်နယ်အသင်းကျတော့ အဆင့် ၁ နေရာ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတယ် မလုပ်နိုင်လို့ကတော့ အဆင့် ၁ နေရာအတွက် မန်စီးတီးကို မဖြစ်မနေ ပေးရလိမ့်မယ် ဒီပွဲ အာဆင်နယ်အတွက် အရမ်းအရေးကြီးတယ် ဒီရာသီအတွင်း လက်ကျန် ၂ ပွဲက လိဂ်ချန်ပီယံအတွက် အရမ်းအရေးကြီးပါတယ် မှားတာနဲ့ ဆုံးရှုံးမယ် မန်ယူအသင်းတို့ကျတော့ အဆင့် ၆ နေရာကို ပြန်ယူဖို့ ၃ မှတ်လိုချင်နေကြပါတယ် သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ တော်တော်ကျဆင်းသွားပါတယ် နောက်ဆုံး ၅ ပွဲထဲမှာ မိနစ် ၉၀ အတွင်းနဲ့ အနိုင်ရသွားတာ ၁ ပွဲပဲရှိတယ် အာဆင်နယ်အသင်းကျတော့ နည်းနည်း မှားမိတာရှိတယ် အခုအချိန်မှာ ၄ ပွဲဆက်တိုက် အနိုင်ရထားတယ် အချင်းချင်းထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်ဘက်က ၃ ပွဲနိုင် ၂ ပွဲရှုံးလေးနဲ့ နည်းနည်းပိုသာပါတယ် အစစအရာရာ မန်ယူထက်လည်း ကြည့်ကောင်းတယ် အဆင်သင့်ပိုင်းကလည်း ပိုအားသာတယ် ကစားသမားရဲ့အရည်အသွေးကစ ကစားစနစ်တွေရော ယုံကြည်မှုတွေပါ ပိုအားကောင်းတယ် ပြီးတော့ ချန်ပီယံဖြစ်ချင်စိတ်လည်း အရမ်းများနေတယ် ကစားပွဲအနေအထားကတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် မန်ယူအသင်းကျတော့ တန်ပြန်တိုက်စစ်လေးဘာလေးတော့ ဆင်ကစားမယ် ဒါပေမယ့် အလုံးစုံခြုံကြည့်ရင် ခံစစ်ပိတ်ပကစားဖို့ ပိုများလိမ့်မယ် ပြိုင်ဘက်ရဲ့အမှားကိုစောင့်နေလိမ့်မယ် မန်ယူအသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင် အိမ်ကွင်းဆိုပေမယ့် အာဆင်နယ်ကို ခံနိုင်မယ်မထင်ပါဘူး ဘာလို့လဲဆိုတော့ အာဆင်နယ်အသင်းရဲ့ အင်အားနဲ့ စိတ်ဓာတ်တွေက တွန်းအားပိုများနေတယ် ဒီပွဲ မန်ယူဘက်က တိုက်စစ်မဆင်ပဲ ခံစစ်ပိတ်ထားရင်တော့ ကံကောင်းရင် တစ်မှတ်လောက်တော့ ကောက်ယူထားနိုင်လိမ့်မယ် ဒါပေမယ့် တန်ဟက်က ခံစစ်ပိတ်ပြီး စောင့်မနေလောက်ပါဘူး အဲ့ဒီလိုနဲ့ပဲ အိမ်ကွင်းနဲ့ ထုထောင်းခံရမှာ တော်တော်များတယ်။

Manchester United : တန်ဟက်ရဲ့အနေအထားက ယူရိုပါခွဲတမ်းမရနိုင်လို့ကတော့ လုံခြုံမှုအတွက် အာမခံချက်မရှိတော့ပါဘူး FA ဖလားမှာလည်း ဖလားရမယ့်အနေအထားမရှိဘူး နောက်ပြီး တနင်္လာနေ့တုန်းက ရှုံးထားတဲ့အတွက် ရင်တော်တော်နာနေကြလောက်တယ် ဒါပေမယ့် ဒီရာသီ အဆင့် ၆ နဲ့ ပြီးဖို့အနေအထားတော့ ရှိပါသေးတယ် လက်ရှိစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတော်တော်ခံနေရတယ် အဓိက နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ၄-၀ နဲ့ရှုံးသွားလို့ တကယ်ပဲ စိတ်ပျက်ဖို့ကောင်းပါတယ် ဒီရာသီ ၃၅ ပွဲကစားပြီး လက်ထဲ ၅၄ မှတ်လေးနဲ့ အဆင့် ၈ မှာရပ်တည်နေတယ် အဆင့် ၆ မှာရှိတဲ့ နယူးကာဆယ်ရဲ့ အနောက်ကနေ ၂ မှတ် လိုက်နေပါတယ် မန်ယူအသင်းမှာ ဒဏ်ရာရထားမှုပြသာနာနဲ့ ရင်ဆိုင်နေရတုန်းပါ အဓိကဖြစ်တဲ့ Luke Shaw, Harry Maguire, Tyrell Malasia, Victor Lindelof, Raphael Varane နဲ့ Willy Kambavala တို့အားလုံး ဒဏ်ရာရထားလို့ မပါနိုင်လောက်သေးဘူး Marcus Rashford, Bruno Fernandes, Scott McTominay, Lisandro Martinez နဲ့ Anthony Martial တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် မန်ယူအသင်း ဒီပွဲ ကွင်းလယ်ခံစစ်နေရာမှာ Jonny Evans နဲ့ Lisandro Martinez တို့ဖြစ်ပြီး ဘယ်-ညာခံစစ်ကျတော့ Diogo Dalot နဲ့ Aaron Wan-Bissaka တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်တိုက်စစ်မှာကျတော့ Kobbi Mainoo နဲ့ Casemiro ဖြစ်ပြီး တိုက်စစ်ပိုင်းမှာကျတော့ Alejandro Carnacio, Bruno Fernandes, Antoni တို့ပဲ ဖြစ်လိမ့်မယ် ပြီးရင် Striker နေရာ Rasmus Hojlund ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ သူတို့ရဲ့ ချန်ပီယံပြိုင်ဘက်ဖြစ်တဲ့မန်စီးတီးအသင်းက သူတို့လောက်မခက်ပေမယ့် အဲ့တာ သူတို့ ထိန်းချုပ်လို့မရတဲ့အရာဖြစ်နေပါတယ် သူတို့ရဲ့အလုပ်က ဒီပွဲကစပြီး လက်ကျန်ပွဲအားလုံးကို နိုင်အောင်လုပ်ရမယ် ပြီးရင် မန်စီးတီးတို့ရဲ့အမှားကို စောင့်မျှော်ရမယ် အာဆင်နယ်အသင်း နှစ်သစ်ကူးလာကတည်းက အဝေးကွင်းနဲ့ ၂၄ မှတ်အပြည့်မှာ ၂၂ မှတ် ကောက်သိမ်းနိုင်ပါတယ် လောလောဆယ် မန်စီးတီးအသင်းနဲ့ ချန်ပီယံနေရာ အသက်ကုန်လုယက်နေကြပါတယ် ဒီနားမတိုင်ခင် သူတို့ လိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် အနိုင်ရထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်အပေါ် ၃-၀ နဲ့ နိုင်လာတယ် ၈၃ မှတ်လေးနဲ့ အဆင့် ၁ မှာရပ်တည်ပြီး မန်စီးတီးထက် ၁ မှတ် ပိုသာပါတယ် ဒါပေမယ့် ၁ ပွဲတော့ ပိုကစားထားပါတယ် ဒဏ်ရာရထားတဲ့ကစားသမားကတော့ Julian Timber တစ်ယောက်ထဲပါပဲ ကျန်တာ အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ David Raya ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာ Ben White, William Saliba, Gabriel Magalhaes, Jakub Kivior တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အရင်တစ်ပွဲက ပုံစံကောင်းပြသခဲ့တဲ့ Thomas Patay က Declan Rice နဲ့ Martin Odegaard တို့နဲ့အတူ အလယ်တန်းမှာ တာဝန်ယူထားမယ် တိုက်စစ်ပိုင်းမှာကျတော့ Leandro Trossar, Kai Havertz နဲ့ Bukayo Saka တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Casemiro, Evans, Wan-Bissaka; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund

 

Arsenal (4-3-3) :  Raya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard

 

Missing Players

Manchester United – Raphaël Varane (Muscle injury), Luke Shaw (Muscle injury), Victor Lindelöf (Hamstring injury), Bruno Fernandes (Knee injury), Scott McTominay (unknown injury), Tyrell Malacia (Knee injury),Harry Maguier (Muscle Injury),A.Martial (Illness)

Arsenal -ဒဏ်ရာရကစားသမားတွေကို သတင်းမပို့ပါဘူး။

Facebook