စနေနေ့ပွဲစဥ် သုံးသပ်ချက်

ဖူဟမ် Vs မန်စီးတီး [11 May 24 - 18:00 hrs]

စနေနေ့ပွဲစဥ် သုံးသပ်ချက် ဖူဟမ်တို့ရဲ့အိမ်ကွင်းမှာ ဘယ်တော့မှမလွယ်ပါဘူး ဒါပေမယ့် ကစားသမားရဲ့ အရည်အသွေးတွေ ပြီးတော့ ချန်ပီယံဖြစ်ချင်စိတ် အရမ်းများတဲ့မန်စီးတီးက အဲ့ဒီခက်တဲ့အလုပ်ကို ကျော်လွားဖို့ အသက်ကုန်ကြိုးစားလိမ့်မယ် သူတို့က အာဆင်နယ်ကိုကျော်တက်ပြီး အဆင့် ၁ နေရာ တက်နေချင်နေတာကြာပြီ ဒါပေမယ့်လည်း ဖူဟမ်အသင်းက ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေမှာ လွယ်လွယ်လေးနဲ့ မရှုံးတတ်ပါဘူး ကစားပွဲအနေအထားကတော့ စီးတီးဘက်ကပဲ တစ်ဖက်သတ်တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ဖူဟမ်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ် ဒါပေမယ့် မန်စီးတီးရဲ့ နောက်ဆုံး ဂိုးသွင်းတဲ့အပိုင်းမှာ ဟာလန်းရယ် ဒီဘရိုင်းရယ် ပြီးတော့ ဖိုဒန်းတို့ ရှိနေတော့ ဖူဟမ်အပေါ် အနိုင်ရအောင် ဦးဆောင်နိုင်လိမ့်မယ်။

Fulham : အိမ်ရှင်ဖူဟမ်အသင်း စွမ်းဆောင်ရည် ကောင်းမနေပဲ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် နောက်ဆုံး ၇ ပွဲကစားပြီး  ၁ ပွဲလေးပဲ အနိုင်ရထားတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘရန့်ဖိုတ့်နဲ့ ၀-၀ သရေကျပြီး လတ်တလော အဆင့် ၁၃ မှာရပ်တည်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Harrison Reed တစ်ယောက်ထဲကိုပဲ ကိုင်တွယ်လို့မရသေးပါဘူး ကျန်တာ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဖူဟမ်အသင်း ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားလိမ့်မယ် ညာဘက်ခံစစ်နေရာ Timothy Castagne ကိုချထားပြီး Idrissa Diop နဲ့ Calvin Bassey တို့နှစ်ယောက်ကိုကျတော့ ကွင်းလယ်ခံစစ်နေရာမှာ ချထားမယ် Anthony Robinson ကျတော့ ဘယ်ဘက်ခံစစ်နေရာမှာ ရှိနေမယ် Zaza Lukic, Joao Palinha တို့ကျတော့ အလယ်ပိုင်းမှာ ထိန်းကစားပြီး တိုက်စစ်ပိုင်းနေရာမှာ Andreas Perreira က Alex Iwobi, Willian တို့နဲ့အတူ ရှိနေမယ် Striker နေရာကျတော့ Muniz ကိုပဲ အားကိုးလိမ့်မယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ ခြေစွမ်းတက်ကြွနေတုန်းဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဝုဗ်ဗာဟန်တန်အပေါ် ၅-၁ နဲ့ အနိုင်ရရှိလာတဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ်သီးသန့် ၆ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် ဒုတိယနေရာမှာရပ်တည်ပြီး အာဆင်နယ်ရဲ့အနောက်ကနေ ၁ မှတ်လေးပဲ လိုက်နေပါတော့တယ် ပြီးတော့ ၁ ပွဲ လျော့ကစားထားပါတယ် ပက်ရဲ့အသင်းမှာ ဒီပွဲ ဘယ် Position မှ ပြသာနာမရှိပါဘူး ခံစစ်ပိုင်းမှာ Manuel Acanji, Ruben Dias တို့ကို ကွင်းလယ်နေရာမှာ ချထားပြီး Kyle Walker, Josco Guardiol တို့ကိုကျတော့ ဘယ် ညာခံစစ်နေရာမှာ ချထားမယ် Rodri, Mateo Kovacic တို့ကျတော့ အလယ်တန်းမှာ ထိန်းချုပ်ပြီး Kevin de Bruyne က Bernardo Silva, Phil Foden တို့နဲ့အတူ ကစားပွဲဖန်တီးဖို့ ကြိုးစားမယ် ပြီးရင် အခုမှ ၄ ဂိုးသွင်းလာတဲ့ ဟာလန်းကို ဂိုးသွင်းဖို့နေရာ အဓိကတာဝန် ပေးထားလိမ့်မယ်။

11 Players

Fulham (4-2-3-1) : Leno; Castagne, Diop, Ream, Robinson; Palhinha, Lukic; Iwobi, Pereira, Willian; Muniz

Manchester City (4-2-3-1) : Ederson; Walker, Akanji, Ake, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland

Missing Players

Fulham – H.Reed (Knock Injury)        

Manchester City – ဒဏ်ရာရရှိထားသောကစားသမားမရှိပါ။

Facebook

စပါးအသင်းက အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းပြီး ယုံကြည်မှုအတော်ပျောက်ဆုံးနေပေမယ့် ဒီပွဲမှာတော့ ယုံကြည်မှုပြန်ယူဖို့အခွင့်အရေး ကြုံလာပါပြီ သူတို့ရဲ့ ချန်ပီယံလိဂ်ခွဲတမ်းရဖို့အရေး ဖြစ်နိုင်ချေရှိပါသေးတယ် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပေမယ့် ဒီကနေစပြီး လက်ကျန် ၃ ပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြလိမ့်မယ် လုံးဝ အနိုင်ရဖို့လိုပါတယ် ဒီပွဲ စနေနေ့ပွဲစဥ် သုံးသပ်ချက် ဘန်လေနဲ့ တိုက်ခိုက်ရမှာဆိုတော့ ခက်တဲ့အလုပ်မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ ဘန်လေအသင်းက အတန်းဆင်းမယ့်ထဲပါသွားဖို့ တော်တော်သေချာနေပြီမို့လို့ စိတ်လျှော့လိုက်ပြီထင်ပါတယ် လက်ကျန် ၂ ပွဲလေးမှာ ၂ ပွဲလုံး အနိုင်ရသွားရင်တော့ အဆင်ပြေနိုင်ပါတယ် ဒါပေမယ့်လည်း ဖောရက်စ်တို့ကို အနိုင်ပွဲနဲ့ မတိုးအောင်လည်း ဆုတောင်းရသေးတယ် မလွယ်ပါဘူး ဘန်လေအသင်းက နောက်ဆုံး ၇ ပွဲတုန်းက တတ်နိုင်သလောက် အမှတ်ကောက်သိမ်းပါတယ် ဒါပေမယ့် သူတို့ရဲ့အရည်အသွေးနဲ့ကျတော့ ဒီအဆင့်မှာ မကိုက်ညီသေးပါဘူး ဒီပွဲ စပါးဘက်ကပဲ အနိုင်ရပြီး ဘန်လေကို ချန်ပီယံရှစ်သို့ ပို့ပေးလိမ့်မယ်။

Tottenham Hotspurs : စပါးအသင်းရဲ့ Top4 ကိစ္စက မလွယ်တော့ပါဘူး လောလောဆယ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ် နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကို ၂-၄ နဲ့ ရှုံးလာပြီး အဆင့် ၅ မှာရပ်တည်နေတယ် အက်စတွန်ဗီလာရဲ့ အနောက်ကနေ ၇ မှတ်တောင် လိုက်နေရပါတယ် တစ်ပွဲလေးတော့ လျော့ကစားထားပါတယ် စပါးအသင်းမှာ ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိသွားတဲ့ကစားသမားတွေမရှိပါဘူး ဟိုးအရင်ကတည်းက ဒဏ်ရာရထားတဲ့ Manor Solomon, Timo Werner, Ryan Sessegnon, Destiny Udoghi, Benjamin Davies နဲ့ Fraser Forster တို့လောက်ပဲ ရှိပါတယ် ဒီပွဲ စပါးအသင်းက ၄-၂-၃-၁ စနစ်နဲ့ ဂိုးသွင်းဖို့နေရာ Richarlison ကိုပဲ ချထားပြီး Brennan Johnson, James Maddison နဲ့ Son Heung-min တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

 

Burnley  : ဘန်လေအသင်းကျတော့ ပရီးမီးယားလိဂ်အဆင့်မှာဆက်ရှိနေဖို့မလွယ်တော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် နယူးကာဆယ်ကို ၁-၄ နဲ့ ရှုံးနိမ့်လာတယ် လုံခြုံမှုဇုန်ရဲ့ အနောက်ကနေ ၅ မှတ်တောင် လိုက်နေရပါတယ် ကစားစရာကျတော့ ၂ ပွဲလေးပဲ ကျန်ပါတော့တယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိသွားတဲ့ ကစားသမားအသစ်တွေ ထပ်မပေါ်လာသေးပါဘူး ဟိုးအရင်ကတည်းက ဒဏ်ရာရထားတဲ့ Nathan Redmond, Aaron Ramsey, Amin Al Dakil နဲ့ Jordan Beyer တို့လောက်ပဲ ရှိပါတယ် အသင်းနည်းပြက ၄-၄-၂ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် David Datro Fofana နဲ့ Lille Foster တို့ကို အရှေ့တန်းမှာ ဂိုးသွင်းဖို့ချထားပြီး Joshua Callen နဲ့ Sander Berg တို့ကိုကျတော့ ကွင်းလယ်နေရာကနေ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Tottenham Hotspurs (4-3-3) : Vicario; Porro, Romero, Van de Ven, Emerson; Bentancur, Bissouma; Kulusevski, Maddison, Son; Richarlison

 

Burnley (4-2-2) : Muric; Assignon, O’Shea, Esteve, Vitinho; Gudmundsson, Cullen, Berge, Brownhill, Odobert; Amdouni

Missing Player

Tottenham Hotspurs : Timo Werner (Thigh problems), Ben Davies (Calf problems), Ryan Sessegnon (Hamstring injury), Manor Solomon (Meniscus injury), Destiny Udogie (Hamstring injury), Fraser Forster (Ankle injury)

Burnley – Jordan Beyer (Hamstring injury), Luca Koleosho (Knee injury), Ameen Al-Dakhil (Muscle injury)

Facebook

ဒီလန်ဒန်ဒါဘီတိုက်ပွဲလေးဟာ လက်ကျန် ၂ ပွဲမှာ ၃ မှတ်လေးပဲ လိုအပ်နေတဲ့ ဖောရက်စ်အသင်းတို့ရဲ့ ပြိုင်ပွဲဖြစ်ပါတယ် ချယ်လ်ဆီးအသင်းမှာလည်း နယူးကာဆယ်ကို ကျော်တက်ချင်နေတာကြေင့် ၃ မှတ်အရမ်းလိုချင်နေတယ် ဖောရက်စ်အသင်းက ဒီပွဲ ဘာနစ်နာမှုမှမရှိတော့ပါဘူး ဘာကိုဘာမှလည်း ရင်ခုန်စရာမရှိတော့ဘူး အတန်းမဆင်းအောင်ပဲ ထိန်းရပါတော့မယ် ဒီပွဲ အမှတ်လေးဘာလေး စနေနေ့ပွဲစဥ် သုံးသပ်ချက် ကောက်ရသွားလို့ကတော့ အတန်းဆင်းမယ့်ဇုန်ထဲပါဖို့အတွက် စိတ်နည်းနည်းအေးရပါလိမ့်မယ် အဲ့တော့ ဒီပွဲ ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ် ချယ်လ်ဆီးအသင်းကျတော့ ဥရောပတိုက်ပွဲခွဲတမ်းရဖို့အရေး ရုန်းကန်နေတော့ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ဖောရက်စ်တို့ကတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆက်ဖို့ပဲ ကြိုးစားလိမ့်မယ် သူတို့ဆီမှာ သွက်လက်တဲ့တိုက်စစ်မှူးရှိနေတော့ ချယ်လ်ဆီးအသင်းကလည်း သတိထားဖို့လိုပါတယ် သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Elanga နဲ့ Gibbs-White တို့က လောလောဆယ် ခြေစွမ်းအရမ်းပြနိုင်နေပါတယ် Hudson-Odoi နဲ့တစ်ယောက်မှာလည်း အရမ်းသွက်တယ် ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းက လောလောဆယ် ယုံကြည်မှုအပြည့်ပဲရှိနေကြပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက ပြန်သားမှုရှိတယ် အဲ့တော့ မနိုင်မရှုံးလေးနဲ့ တိုက်ခိုက်ခဲ့ကြလိမ့်မယ် မှားယွင်းမှုချင်း ယှဉ်ပြိုင်မယ် ဒီပွဲမှာတော့ ချယ်လ်ဆီးဘက်က မရှုံးလောက်ပါဘူး သူတို့ဘက်ကပဲ ခြေစွမ်းပြပြီး ၃ မှတ်ကောက်ရသွားမယ်ထင်ပါတယ်။

Nottingham Forest : အိမ်ရှင်ဖောရက်စ်အသင်း စွမ်းဆောင်ရည် မဆိုးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက အောက်ဆုံးအဆင့်ဖြစ်တဲ့ ရှက်ဖီးလ်အပေါ် ၁-၃ နဲ့ အနိုင်ရရှိလာပြီး အတန်းဆင်းမယ့်ဇုန်နဲ့ ဝေးကွာသွားပါပြီ အဆင့် ၁၇ မှာရပ်တည်နေပြီး အတန်းဆင်းမယ့်ဇုန်ထဲ ပါနေတဲ့ လူတန်တောင်းထက် ၃ မှတ် ပိုသာပါတယ် ပြီးတော့ သွင်းဂိုးစံချိန်ကလည်း ၁၁ ဂိုးတောင် ပိုသာနေတယ် ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမား Neco Williams လောက်ပဲရှိပါတယ် ပွဲပယ်စာရင်းထဲမှာ ဘယ်တစ်ယောက်မှမရှိပါဘူး ကျန်တဲ့ကစားသမားတွေအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့ထံစစ်နေရာ Willy Boly, Gonzalo Montiel, Murillo နဲ့ Ola Aina တို့ကို ချထားပြီး အလယ်တန်းနေရာမှာ Ryan Yates, Danilo, Anthony Elanga နဲ့ Morgan Gibbs-White တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့ တိုက်စစ်ပိုင်းမှာ Callum Hudson-Odoi နဲ့ Chris Wood တို့ကိုပဲ အားကိုးလိမ့်မယ်။

 

Chelsea : ချယ်လ်ဆီးအသင်းက ဥရောပဇုန်တိုက်ပွဲတွေထဲ ပါဝင်ဖို့ရင်ခုန်နေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ ဝက်စ်ဟမ်းကို ၅-၀ ထုထောင်းလာတယ် အဲ့တာနဲ့ သူတို့လက်ထဲမှာ ၅၄ မှတ်ရှိပြီး အဆင့် ၇ မှာရပ်တည်နေတယ် အဆင့် ၆ မှာရှိတဲ့ နယူးကာဆယ်ရဲ့ အနောက်က‌နေ ၂ မှတ်လေးပဲ လိုက်နေရပါတော့တယ် ကစားစရာ ၃ ပွဲ ကျန်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ အကြီးမားဆုံးပြသာနာနဲ့ ရင်ဆိုင်နေရတုန်းပါ Wesley Fofana, Reece James, Romeo Lavia, Lesley Ugochukwu, Carney Chukwuemeka, Robert Sanchez, Enzo Fair Nandez နဲ့ Ben Chilwell တို့အားလုံးမှာ ဒဏ်ရာရထားကြတယ် ပွဲပယ်စာရင်းထဲမှာတော့ ဘယ်သူမှမရှိပါဘူး ပိုချက်တီနိုက အရင်ကကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီး အသုံးချသွားမယ်ထင်တယ် Trevoh Chalobah, Thiago Silva, Benoit Badiachil နဲ့ Marc Gugureya တို့ကို လံစစ်နေရာမှာ တာဝန်ပေးပြီး Conor Gallagher, Moises Caicedo, Cole Palmer နဲ့ Noni Madueke တို့ကိုကျတော့ ကွင်းလယ်နေရာကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Mikailo Mudrik နဲ့ Nicholas Jackson တို့ကိုပဲ ဂိုးသွင်းဖို့နေရာ တာဝန်ပေးထားလိမ့်မယ်။

11 Players

Nottingham Forest (4-2-3-1) : Sels; Montiel, Boly, Murillo, Aina; Yates, Danilo; Elanga, Gibbs-White, Hudson-Odoi; Awoniyi

Chelsea (4-2-3-1) :  Petrovic; Gusto, Silva, Badiashile, Cucurella; Gallagher, Caicedo; Madueke, Palmer, Mudryk; Jackson

Missing Players

Nottingham Forest – Neco Williams (Hamstring Injury)

 

Chelsea – Reece James (surgery), Carney Chukwuemeka (unknown injury), Ben Chilwell (Knee problems), Enzo Fernández (Groin problems), Wesley Fofana (Cruciate ligament tear), Roméo Lavia (Hamstring injury)

Facebook