ဂိုးခန့်မှန်း

အာဆင်နယ် Vs စပါး [1 Oct 22 - 18:00 hrs]

ဂိုးခန့်မှန်း အိမ်ရှင်စပါးအသင်း အခုတလော ခြေစွမ်းတွေတောက်လျှောက် ပြသနေပါတယ်။ အဓိကတိုက်စစ်ပိုင်းပဲ ၇ ပွဲကစားခဲ့ပြီး အမှတ် ၁၈ မှတ်တောင် သိမ်းနိုင်တယ်။ မန်စီးတီးထက် တစ်မှတ်သာပါတယ်။ နိုင်ငံအသင်းမစခင် နောက်ဆုံးတစ်ပွဲတုန်းက ဘရန့်ဖိုတ်အပေါ် အနိုင်ရလိုက်သေးတယ်။ အဲ့ပွဲ Clean Sheet ပါရသွားတယ်။ ဘရန့်ဖိုတ်အပေါ် အနိုင်ရသွားတဲ့ပွဲတုန်းက သူတို့မှာ တော်တော်ခြေစွမ်းပြနိုင်ပြီး အနိုင်ရလာတယ်ဗျ။ ဂိုးပဲ သွင်းနိုင်တာမဟုတ်ဘူး အသင်းရဲ့ အစစအရာရာကပါ ကောင်းနေတယ်။ ဒီပွဲ အာတီတာက ဘာပြောင်းလဲမှုမှမရှိလောက်ဘူး။ တိုက်စစ်ပိုင်းနေရာက Saka – Martinelli – Jesus တို့ကိုပဲ အသုံးပြုလောက်တယ်။ ကွင်းလယ်တိုက်စစ်က ဒီပွဲ Odegaard ဆင်းပေးနိုင်လောက်ပြီ။ ကျန်တဲ့ Position တွေကျတော့ အရင်အတိုင်းပဲ ဖြစ်နေလောက်တယ်။ Zinchenko ကလွဲပြီး ကျန်တာအကုန်အဆင်ပြေနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အရံကစားသမားတွေက စပါးလောက်မများပါဘူး။ အဲ့နေရာ စိတ်ပူစရာကောင်းပါတယ်။ အာတီတာဒုက္ခရောက်နိုင်ပါတယ်။ အကယ်၍ မှားယွင်းမှုမရှိရင်တော့ ဘာမှမဖြစ်ပါဘူး။ စပါးရဲ့အရံကစားသမားတွေက ထင်သလောက် ကြောက်စရာမကောင်းလို့ပါ။

စပါးတို့ကျတော့ ဒီနှစ်မှာ ကောင်းကောင်းလေးစတင်နိုင်တယ်။ ဒီရာသီ ၇ ပွဲကစားပြီး အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ အရှုံးမရှိတဲ့အပြင် အနိုင် ၅ ပွဲတောင် လုပ်နိုင်တယ်။ သရေ ၂ ပွဲလေးနဲ့ မန်စီးတီးအတိုင်း အမှတ်ရရှိထားပါတယ်။ ပြီးရင် နံပါတ် ၁ အသင်းကို ဒီပွဲ လည်ပင်းနေရာ ဓားထောက်ထားပြီးပြီ။ သူတို့သာ အနိုင်ရသွားလို့ကတော့ အာဆင်နယ်ကိုကျော်တက်ပြီး နံပါတ် ၁ ဖြစ်သွားလိမ့်မယ်။ ဖြစ်နိုင်လားလို့မေးရင် ဖြစ်နိုင်ပါတယ်နော်။ ဒါပေမယ့် လွယ်တော့မလွယ်ဘူးဗျ။ ဘာလို့လည်းဆိုတော့ ဒီပွဲက လန်ဒန်ဒါဘီတိုက်ပွဲမို့လို့ပါ။ ၂ ဘက်စလုံးက ရှယ်ဝင်လုံးကြမှာဖြစ်တဲ့အတွက် အရမ်းကြည့်ကောင်းလိမ့်မယ်။ အဲ့တော့ ဒီပွဲ ဆင်းကစားမယ့်ကစားသမားအသီးသီးက လုံးဝအဆင်သင့်ဖြစ်နေမှရမယ်။ ပြီးတော့ အာဆင်နယ်ဘက်က အားပေးသံတွေကြောင့် အကျောပိုရလိမ့်မယ်။ ဒါပေမယ့် စပါးအသင်းကလည်း အရမ်းတင်းကျပ်ပါတယ်။ အာဆင်နယ်ထက်လည်း အတွေ့ကြုံပိုများတယ်။ Perisic၊ Kane၊ Son ပြီးတော့ Richarlison ကစ အတွေ့ကြုံရှိပြီးသားဗျ။ နောက်ပြီး အသင်းနည်းပြ ကွန်တီဆိုသည်မှာလည်း နည်းဗျူဟာစုံလွန်းပါတယ်။ ဘယ်လိုပဲကြည့်ကြည့် စပါးတို့ရှုံးပြီး ပြန်မသွားရလောက်ပါဘူး။ ဒီပွဲ အမှတ် ၃ မှတ်အထိ ရည်ရွယ်နိုင်လားဆိုတော့ Kane နဲ့ Son တို့ကိုပဲ အားကိုးရလိမ့်မယ်။ သူတို့သာ ပြတ်သားနိုင်ရင်တော့ မျှော်လင့်လို့ရပါတယ်။ ဒီပွဲ အာဆင်နယ်တို့က တိုက်စစ်ဆင်ကစားကြမှာပဲ။ အဲ့တော့ စပါးတို့ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေရုံပဲ။ စပါးကို အားပေးပါတယ်။

ဒီဒါဘီတိုက်ပွဲက အရင်နှစ်ထက် အုံကြွလိမ့်မယ်။ ဘာလိုလည်းဆိုရင် နှစ်သင်းစလုံးရဲ့ အခြေခံက အရင်နှစ်ထက် မြင့်တက်လာပြီမို့လို့ပါ။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်က ပိုသာခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ဇာတ်ခုံတွင် စပါးဘက်က အာဆင်နယ်အပေါ် အနိုင်ရသွားတဲ့စံချိန်ကို ကြည့်မယ်ဆိုရင် ဟိုး ၂၀၁၀ ခုနှစ်အထိပြန်ကြည့်မှ မြင်ရလိမ်မယ်။ (ပရီးမီးယားလိဂ်ပြိုင်ပွဲပဲနော်) အဲ့တော့ ဒီပွဲ အာဆင်နယ်ဘက်က အကျော ၀.၅ တောင် ပေးထားရတာပေါ့။ ဒါပေမယ့်လေ စပါးအသင်းက အာဆင်နယ်ဧည့်သည်လုပ်တိုင်း အာဆင်နယ်ကို ဒုက္ခရောက်အောင် အမြဲလုပ်နိုင်တယ်ဗျ။ ထင်ထားတဲ့အတိုင်းပါပဲ။ ဒီနှစ် နှစ်သင်းစလုံးက ကောင်းကောင်းလေးစတင်နိုင်ချင်း တူတူပဲ။ အရင်ရာသီထက်ကောင်းပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာတစ်နေရာကတော့ စပါးတို့ အခုထိ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ သူများအိမ်ကွင်းနဲ့ သရေ ၂ ပွဲရသွားတာလည်း အဲ့ထဲမှာ ချယ်လ်ဆီးအသင်း ၁ ပွဲပါပါတယ်။ ဒီနှစ်မှာ ၂ သင်းစလုံးရဲ့ ကစားသမားသစ် ဝယ်ယူမှုဟာ အရမ်းမှန်ကန်တယ်။ အိမ်ရှင်ဘက်က Jesus ကိုရလာတယ်။ ဂိုးသွင်းတဲ့နေရာပိုပြတ်သားသွားတာပေါ့။ စပါးတို့ကျတော့ အဓိက ကစားသမားတွေပြည့်စုံနေလို့ ဝယ်ဖြည့်လိုက်တဲ့ကစားသမားတွေက အရံတွေပဲ ရှိပါတယ်။ အခြေခံပိုမြင့်သွားတာပေါ့။ ပြီးတော့ စပါးတို့ရဲ့ အဓိက ကိုကြီး Son က ဂိုးပါကင်ဖွင့်နိုင်ပြီ။ အဲ့တော့ ဒီပွဲ ကွန်တီနည်းပြရဲ့ တင်းကျပ်မှုကြောင့် စပါးဘက်က အမှတ် ၁ မှတ်လောက်တော့ ရသွားလောက်ပါတယ်။ နောက်ပြီး အာဆင်နယ်အသင်းက ဒီအပတ်ထဲမှာပဲ နံပါတ် ၁ ကနေ ပြုတ်ကျသွားမှာဗျ။

11 Players

Arsenal (4-3-3) – Ramsdale – Gabriel – Tierney – Saliba – White – Longonga – Odegaard – Xhaka – Saka – Martinelli – Jesus

Totenham Hotspur (3-4-2-1) – Lloros – Dier – Sanchez – Lenglet – Hojbjerg – Bissouma – Perisic – Emerson – Son – Kulusevski – Kane

Missing Players

Arsenal FC  -Mohamed Elneny (Thigh Problems), Reiss Nelson (Thigh Problems), Oleksandr Zinchenko (Calf Injury), Thomas Partey(Unknown Injury)

Tottenham Hotspur – Lucas Moura (Calf Injury)

အိမ်ရှင်ခရစ်စတယ်ပဲလေစ့်အသင်း အခုထိ ၆ ပွဲကစားခဲ့ပြီး အနိုင်တစ်ပွဲထဲပဲ လုပ်နိုင်တုန်းပါ။ ကျန်တာ သရေ ၃ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်တယ်။ ဒီတိုင်းကြည့်ရင်တော့ ကြောက်ဖို့မကောင်းပါဘူး။ နောက်ဆုံး ၃ ပွဲစံချိန်ထဲမှာဆိုရင် အနိုင်တစ်ပွဲမှမရှိခဲ့ဘူး။ ဒါပေမယ့်လေ အိမ်ကွင်းသီးသန့်ပဲကြည့်မယ်ဆိုရင်တော့ အရင်နှစ်ကတည်းက အိမ်ကွင်းနဲ့ နောက်ဆုံး ပွဲ ၂၀ စံချိန်မှာဆိုရင် အရှုံး ၄ ပွဲထဲပဲရဖူးတာဗျ။ မန်စီးတီးနဲ့တွေ့တဲ့ပွဲတုန်းက ဂိုး ၄ လုံးသွင်းခံထိခဲ့တာ သူတို့ညံ့လို့မဟုတ်ပါဘူး မန်စီးတီးကသာ ဂိုးခန့်မှန် လူသားမဆန်တာဗျ။ ချလ်ယ်ဆီးနဲ့တခြားစီပဲ ချယ်လ်ဆီးတို့က အခုတလော Form တွေ ကြောင်ပျောက်နေတယ် ကောင်းတဲ့ဘက်လည်း စိုက်မလာသေးပါဘူး။ အဲ့တော့ ခရစ်စတယ်ပဲလေစ့်တို့က အမှတ်ရဖို့ရှိပါတယ် ကစားသမားတွေကျတော့ ဒီပွဲ Zaha ကိုပဲ အားကိုးရလိမ့်မယ်။ ဒဏ်ရာရထားတဲ့ အဓိကကစားသမားတွေလည်းမရှိပါဘူး။

ချယ်လ်ဆီးတို့ကျတော့ ရင်းနှီးလိုက်တဲ့ငွေမှောက်နဲ့ ထွက်လာတဲ့ခြေစွမ်းက တစ်ယောက်တစ်ပေါက်ဖြစ်နေတယ်။ အဲ့တော့ တူချယ်လ်က အလုပ်တန်းပြုတ်သွားတာပေါ့။ ကယ် ဒီနှစ်မှာ ဘယ်ကစားသမားအသစ်က စိတ်ဝင်စားစရာကောင်းလည်းအရင်ပြောမယ်။ လုံးဝမရှိဘူးဖြစ်နေတယ်။ အခုမှရောက်လာတဲ့ ဖိုဖာနာဆိုရင် ခြေစွမ်းမပြသေးတော့ မသိသေးပါဘူး။ Sterling ဆိုတဲ့တစ်ယောက်ကလည်း ကြည့်ဖို့လိုသေးတယ်။ သူက ကောင်းလိုက်ဆိုးလိုက်နဲ့ပဲ အတည်ယူလို့မရသေးပါဘူး။ Aubameyong ဆိုတော့လည်း အသက်ကမနည်းတော့ဘူး။ Cucurella မှာဆိုရင် ခံစစ်ပိုင်းအတွက် မေးစရာတွေရှိနေတုန်း။ ပြောမယ်ဆိုရင် အခုထိ စိတ်ဝင်စားဖို့ကောင်းတာ မတွေ့သေးပါဘူး။ အဲ့တော့ အသစ်ရောက်လာတဲ့ကစားသမားတွေက အသင်းရဲ့အဓိကဖြစ်နေတော့ ချိတ်တွယ်ကစားမှုပိုင်းကလည်း အားနည်းလိမ့်မယ်။ အတူတူမှမကစားဖူးသေးတာဗျာ မထူးဆန်းပါဘူး။ အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ကောင်းလို့နိုင်တာမဟုတ်ပါဘူး။ UCL ၂ ပွဲတုန်းက ကိုယ့်ထက်ညံ့တဲ့အသင်းနဲ့ တွေ့ခဲ့ရတာတောင် အနိုင်ရမလာဘူး။ သူတို့အသုံးပြုလိုက်တဲ့ငွေပမာဏက အရမ်းများပေမယ့် အဆင့်ဘီပဲရှိတဲ့ကစားသမားတွေကို ပိုင်ဆိုင်လာနေရသလိုပဲ။ စူပါနည်းပြ Pep ကိုလာအုပ်ချုပ်ခိုင်းရင်တောင် အဆင်မပြေနိုင်ပါဘူး။ အဲ့တော့ လက်ရှိနည်းပြကလည်း အလုပ်ပြုတ်ဖို့ရှိပါတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က အနိုင်အရှုံးနေရာမှာ ပိုသာပါတယ်။ ဒါပေမယ့် ပေါက်ကြေးနေရာပါထည့်တွက်ရင်တော့ မနိုင်မရှုံးလေး ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ ကြီးမားမှုကြောင့် အစစအရာရာက အိမ်ရှင်ထက်သာနေမှာပဲ။ အဲ့တော့ ချယ်လ်ဆီးဘက်က အကျော ၀.၇၅ ပေးထားတယ်။ ဖြစ်သင့်ပါတယ်ဗျာ။ ဘာလို့လည်းဆိုရင် ချယ်လ်ဆီးတို့က ခရစ်စတယ်ရဲ့အိမ်ကွင်းရောက်တိုင်း ကောင်းတဲ့ရလဒ်နဲ့ ပြန်သွားတတ်လို့ပါ။ ဒီ့အပြင် အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ ခရစ်စတယ်ဘက်က ၁၀ ပွဲစလုံးပဲ ရှုံးသွားပါတယ်။ ဒါပေမယ့်လည်း ခရစ်စတယ်တို့က ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေမှာကျတော့ ခြေစွမ်းထိန်းတတ်ပါတယ်။ တော်တော်ကောင်းတယ်လို့တောင် ယူဆနိုင်တယ်။ ကြီးမားတဲ့အသင်းတွေကို ခေါင်းရှုပ်အောင်လုပ်နိုင်တယ်ဗျ။ ပြီးတော့ ချယ်လ်ဆီးအသင်းက အရင်နှစ်တွေလိုမျိုး အခြေနေမကောင်းသေးပါဘူး။ အဲ့တာကြောင့် နည်းပြက အလုပ်ပြုတ်သွားတာပေါ့။ အသင်းနည်းပြအသစ်လက်ထဲရောက်လာတော့လည်း အခြေနေတန်းကောင်းမယ်မထင်ပါဘူး။ လက်ရှိချယ်လ်ဆီးအသင်းက ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့အတွက် အိမ်ကွင်းနဲ့အခြေနေကောင်းတတ်တဲ့ ခရစ်စတယ်ပဲလေစ့်အပေါ် အနိုင်မရလောက်သေးပါဘူး။

11 Players

Crystal Palace (4-3-3) – Guiata – Mitchell – Guehi – Anderson – Ward – Doucoure – Eze – Schlupp – Ayew – Zaha – Mateta

Chelsea (4-2-3-1) – Kepa – Cucurella – Fofana – Koulibaly – James – Kovacic – Jorginho – Sterling – Havertz – Mount – Aubameyong

Missing Player

Crystal Palace  – Jack Butland (Fractured Finger), Nathan Ferguson (Achilles tendon problems)

Chelsea FC – ကစားသမားအသီးသီး အဆင်သင့်ဖြစ်သည်။

အိမ်ရှင်လီဗာပူးလ်အသင်း ဒီနှစ် ရှက်စရာကောင်းတဲ့ရလဒ်နဲ့ စတင်သွားတာဖြစ်ပါတယ်။ သူတို့ရဲ့ Wing-Back ၂ ယောက်ရယ် ခံစစ်မှူး Joe Gomez ပြီးတော့ ကွင်းလယ်ပိုင်းတွေ အခြေနေမကောင်းဘူး။ ဒါပေမယ့် ကွင်းလယ်ပိုင်းက ဒဏ်ရာရထားတဲ့ အဓိက ကစားသမားတွေ ရှိနေလို့သာ အခြေနေမကောင်းတာပါ။ ဒါပေမယ့် အခုတလောတော့ နည်းနည်းပါးပါး ပြန်ရောက်လာနေကြပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက အေဂျက်စ်အပေါ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတယ် အဲ့ပွဲ သူတို့ ခြေစွမ်းတော်တော်ပြနိုင်ပါတယ်။ ကွင်းထဲမှာ Thiago ရှိတဲ့အတွက် အကျိုးအရမ်းပေးနိုင်တယ်။ တိုက်စစ်ပိုင်း အခွင့်ရေးအသီးသီး ပိုများလာတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကျတော့ နည်းနည်းလွယ်နေသလိုပဲ။ ဒါပေမယ့် အသင်းရဲ့ အစစအရာရာက အနီရောင်အင်ဂျင်ပြန်ဖြစ်နေပါပြီ။ ဒီပွဲ ကလော့ပ်က နယူနက်စ်အစား ဂိုးခန့်မှန် ဂျိုတာဆင်းခိုင်းလိမ့်မယ် ဘေးမှာ Diaz နဲ့ ဆာလက်ကို ထားထားလိမ့်မယ်။ ကွင်းလယ်ပိုင်းကတော့ ကပ္ပတိန် Henderson ကိုဦးဆောင်ခိုင်းပြီး Fabinho နဲ့ Thiago တို့အတွဲကို ခံစစ်ပိတ်ထားလောက်တယ်။ ဒီပွဲ Matip နဲ့ Van Dijk တို့ကို ပြန်တွဲလောက်တယ်။ ဂိုးသမားကျတော့ အပြောင်းလဲမရှိပါဘူး။ ဒီပွဲ လီဗာပူးလ်ဘက်က အဆင်သင့်တော်တော်ဖြစ်ပါတယ်။ အဲ့တော့ အမှတ် ၃ မှတ်ရဖို့အရေး စိတ်ပူစရာမရှိပါဘူး။

ဘရိုက်တန်တို့ကျတော့ အရည်အချင်းမြှင့်တင်ပေးတဲ့နည်းပြကို ဆုံးရှုံးသွားပါပြီ။ အဲ့တော့ ရောက်လာတဲ့အသင်းနည်းပြအသစ်က ဘာတွေကောင်းမလဲ ကြည့်ရသေးတယ်။ နည်းဗျူဟာ ပြောင်းကစားတာတို့ဘာတို့ ရှိမလားပေါ့ ဒါမှမဟုတ် ဒီအတိုင်းပဲ အရင်ကစားခိုင်းမလား။ ဆာဘီရဲ့အားသာတဲ့စနစ်က ၄-၂-၃-၁ လို့ သိရှိထားပါတယ်။ ဘရိုက်တန်အသင်း ဒီရာသီထဲမှာ ခံစစ်ပိုင်းကို ၃ ယောက်ပဲထားတာမြင်ခဲ့ရတယ်။ အဲ့တော့ ၄ ယောက်ပြောင်းထားလိုက်ရင် ဘယ်လိုနေမလဲမသိသေးဘူး။ ဘာလို့လည်းဆိုတော့ ကွင်းလယ်ပိုင်းမှာ ၆ ယောက်ကနေ ၃ ယောက်ထဲပဲ ဖြစ်သွားမှာမလို့ပါ။ အဲ့တော့ ကွင်းလယ်ပိုင်း အဆင်ပြေမလားမသိဘူး။ ပြသာနာတော့ တက်လောက်တယ်။ ဒါပေမယ့် ပြောလို့မရသေးပါဘူးလေ။ လေ့ကျင့်ဖို့အချိန် တော်တော်ရထားကြတော့ အဆင်ပြေချင်ရင် ပြေနိုင်ပါတယ်။ အဲ့တော့ ဒီအသင်းရဲ့ဖန်တွေ သိပ်ပြီးစိတ်ပူမနေနဲ့ပေါ့။ ဒါပေမယ့်လည်း ဒီပွဲရဲ့ပြိုင်ဘက်က ကြိုးကြာနီကြီးဖြစ်နေတော့ ဘယ်လိုမှထိန်းမနိုင်သိမ်းမနိုင်ဖြစ်မှာပဲ။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က အနိုင်အရှုံးပိုင်း ပိုသာပါတယ်။ ဒါပေမယ့် ပေါက်ကြေးတွေပါထည့်တွက်ရင်တော့ သရေကျရုံနဲ့ ပိုများပါတယ်။ ပြောမယ်ဆိုရင် အလှည့်ကျ စားနေရတာမျိုးပေါ့။ ဒီပွဲ လီဗာပူးလ်ဘက်က အခြေခံခြေစွမ်းမျိုးမရှိပဲ ရောက်ချလာတာတောင် ဌာနအသီးသီးတွေက အကျော ၁.၅ တောင် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် လုံးဝ ထူးဆန်းတာတော့မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်အသင်းက အခုတလော အနိုင်တွေအရမ်းလိုချင်နေကြလို့ပါ။ ပြီးတော့ အဓိက ကစားသမားတွေကလည်း တော်တော်များများ ပြန်လည်ရောက်ရှိလာနေပါပြီ။ Thiago တို့ ဂျိုတာတို့ အသင်းကပ္ပတိန်နဲ့ဟိန်ဒိုလည်းပြန်လာပြီ။ နောက်ပြီး ဘရိုက်တန်အသင်းနည်းပြဟောင်း သတ်မှတ်ထားတဲ့စနစ်က နည်းပြဆာဘီရဲ့စနစ်နဲ့ ထိခိုက်မှာပဲ။ ‌ဒီနည်းပြကို တည့်တည့်ပြောရင် သူ့ကိုမသိပါဘူး သူ့ရဲ့အောင်မြင်မှုလည်းမမြင်ဖူးသေးဘူး။ ပြီးတော့ အင်္ဂလန်ကျွန်းမှအသင်းနဲ့ သူ မတွေ့ဖူးသေးပါဘူး။ အဲ့တော့ ဒီလိုလက်သစ်ကြီးနဲ့ နည်းပြဖြစ်ပြီး လီဗာပူးလ်နဲ့တွေ့ရမှာဆိုတော့ လီဗာပူးလ်ကို ဘယ်လိုမှခံနိုင်မယ်မထင်ဘူး။ လီဗာပူးလ်ဘက်က ပြန်ကြမ်းမယ်လို့တော့မပြောပါဘူး ဒါပေမယ့် ဧည့်ကြိုအနေနဲ့ အသိပြုရုံလောက်ပဲရှိမယ်။ အန်ဖီးလ်ကွင်းထဲက အားပေးသံတွေ ရှယ်ကြားရလိမ့်မယ်။ လီဗာပူးလ်ရဲ့ ခြေစွမ်းကောင်းကစားသမားတွေ ပြန်လည်ရောက်ရှိလာနေကြပြီဆိုတော့ ဒီပွဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Liverpool (4-3-3) – Allison – Matip – Van Dijk – Robertson – Trent Arnold – Henderson – Fabinho – Thiago – Salah – Diaz – Jota

Brighton (4-2-3-1) – Sanchez – Dunk – Webster – Estupinan – Lamptey – Mac Allister – Caicedo – Trossard – Mwepu – GroB – Welbeck

Missing Players

Liverpool FC – Alex Oxlade-Chamberlain (Hamstring Injury), Fábio Carvalho(Muscular problems), Naby Keïta (Hamstring Injury), Curtis Jones (Stress response of the bone)

Brighton & Hove Albion – Adam Lallana (Calf Injury), Jakub Moder (Cruciate Ligament Rupture)

အိမ်ရှင်ဆောက်သန်တမ်အသင်း ပြီးခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းသိပ်မပြနိုင်ကြပါဘူး။ ပြောမယ်ဆို ၃ ရက်ကောင်းပြီး ၄ ရက်ပြန်ဆိုးတာမျိုး။ နောက်ဆုံး ၂ ပွဲတုန်းက ၂ ပွဲစလုံး ဂိုးမသွင်းနိုင်ပဲရှုံးလာတယ်။ စွမ်းဆောင်ရည်ညံ့နေရင်းနဲ့ အိမ်ကွင်းနဲ့ပွဲတွေမှာဆို ပိုဆိုးတယ်။ အိမ်ကွင်းနဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာဆိုရင် အနိုင် ၃ ပွဲထဲလုပ်နိုင်တယ်။ ဒီလိုမျိုးဖြစ်နေတော့ လက်တွဲချင်စရာမကောင်းပါဘူး။ အသစ်ဝယ်ထားတဲ့ကစားသမားတွေကလည်း နေသားမကျသေးဘူး။  ဂိုးခန့်မှန် ဒါပေမယ့် ဂေါ့ချက်ဆိုတဲ့တစ်ယောက်ကတော့ မဆိုးဘူးရယ် သူ့မှာ ကြီးထွားပြီး ဘောလုံးကောင်းကောင်းဝင်ဖြတ်တတ်တယ်။ ရှယ်ကောင်းမယ့် ခံစစ်မှူးဖြစ်ဖို့ရှိတယ်။ တိုက်စစ်ပိုင်းကျတော့ အားကိုးရာမတွေ့သေးပါဘူး။ Ward Prowse က ဒီထက်ကြိုးစားဖို့လိုသေးတယ် Adams ဆိုတဲ့တစ်ယောက်ကလည်း ဂိုးသွင်းဖို့အချိန်ဆွဲတတ်တယ်။ ဒီလိုအဆင့်မျိုးနဲ့အသင်းက အခွင့်ရေးကြုံလာတာနဲ့ ဂိုးတန်းသွင်းရမှာကို အချိန်ဆွဲနေသေးတယ်။ အခွင့်ရေးက ခန ခန မရပါဘူး။ အဲ့တော့ ဒီပွဲ သရေကျရုံနဲ့ပြီးဖို့များပါတယ်။

အဲဗာတန်တို့ကျတော့ ပြိုင်ဘက်နဲ့ မိတ်ဖွဲ့တတ်ပါတယ်။ ပြိုင်ဘက်နဲ့ အမှတ်မျှယူတတ်တယ်။ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ အနိုင်ရလာပြီဗျာ။ အဲ့ပွဲ ဝက်စ်ဟမ်းအပေါ် ကပ်နိုင်လာတယ်။ အဲ့ပွဲ အဲဗာတန်ရဲ့ ကစားပုံကစားနည်းက ကြည့်ကောင်းတယ်။ အဓိက Iwobi ပဲ သူ့ကို တောင်ပံတိုက်စစ်ကနေ ကွင်းလယ်နေရာပြောင်းလိုက်တော့ ခြေစွမ်းတော်တော်ပြနိုင်ခဲ့ပါတယ်။ နောက်တစ်ယောက်ကျတော့ မပြောလို့မဖြစ်ဘူး အသက် ၂၁ နှစ်နဲ့ Gordon ပဲ ဖြစ်ပါတယ်။ သူက အဓိက တိုက်စစ်မှူးအနေနဲ့ တိုက်စစ်ပိုင်းရဲ့အားကိုးဖြစ်နေတယ်။ ဒီလိုကြည့်လိုက်တော့ အဲဗာတန်မှာ အကန့်သတ်တွေရှိနေတယ်။ နည်းဗျူဟာကလည်း အစုံမရှိဘူး။ အဲ့တော့ ဒီပွဲ အမှတ် ၃ မှတ်ရဖို့အရေးကလည်း တော်တော်ခဲယဉ်းပါတယ်။ ဂိုးသမားက ဖစ်ဖိုတ်ဖြစ်နေလို့သာအဆင်ပြေနေတာနော် နို့မို့ဆို ဒီထက်ဆိုးပါတယ်။ ဒီပွဲ တစ်ယောက်တစ်မှတ်ရဖို့များပါတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အဲဗာတန်ဘက်က ပိုသာခဲ့ဖူးပါတယ်။ ကွင်းထဲက ပွဲရလဒ်ပဲသာတာမဟုတ်ပါဘူး ပေါက်ကြေးနေရာတွေမှာလည်း ပိုသာပါတယ်။ နည်းနည်းပါးပါးပေါ့။ ဒီနှစ် နှစ်သင်းစလုံးရဲ့ အစပြုခြင်းမှာ အတူတူပါပဲ ဒါပေမယ့် Form ပိုင်းကိုကြည့်ပြီးပြောရင်တော့ အဲဗာတန်ဘက်က ပိုကြည့်ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီပွဲ ဆောက်သန်တမ်အိမ်ကွင်းဖြစ်နေတော့ အိမ်ရှင်ဘက်က အကျောပေးထားတယ်။ ဆောက်သမ်တန်တို့ရဲ့ တိုက်စစ်ပိုင်းက ထင်သလောက်ကြောက်ဖို့မကောင်းပါဘူး။ ခြေစွမ်းကောင်းတိုက်စစ်မှူးကိုလည်း ဆုံးရှုံးထားတယ်။ နဂိုက ဂိုးသွင်းရတာခက်နေရင်းနဲ့ အခုဆို ပိုဆိုးနေပါပြီ။ ဂိုးမသွင်းနိုင်တာ ၂ ပွဲဆက်တိုက်ရှိပြီး ခံစစ်ပိုင်းက အရင်လိုလည်း မမာတော့ဘူး။ ဒီနှစ် သူတို့ရဲ့အခြေနေက တကယ်ဆိုးပါတယ်။ အဲဗာတန်တို့ကျတော့ အခုမှအနိုင်ရလာတော့ ဒီရာသီအတွင်း ပထမဦးဆုံးအနိုင်ပွဲ ပါကင်ဖောက်သွားပြီဖြစ်ပါတယ်။ အဲ့ပွဲ ဝက်စ်ဟမ်းအပေါ် ၂-၀ ဂိုးနဲ့ ကပ်နိုင်လာပါတယ်။ ပြီးတော့ အဲ့ထက်ကောင်းတာ အဲဗာတန်အသင်းမှာ အရှုံးပွဲမရှိတာ ၆ ပွဲတောင် ရှိသွားပါပြီ။ အရှုံးမရှိပဲ သရေကျသွားတာများတယ်။ အဲ့တော့ ဒီပွဲ ဂိုးတွေအများကြီးထွက်ပေါ်လာမယ်မထင်ဘူး။ အကောင်းဆုံးဖြစ်နေတာတောင် ဂိုးတစ်ယောက်တစ်လုံးထက်မပိုပါဘူး။ ဒီပွဲကတော့ သရေကျရုံနဲ့ပဲ ပြီးသွားလောက်တယ်။  ဂိုးခန့်မှန်း

11 Players

Southampton (4-2-3-1)  – Bazunu – Perraud – Salisu – Bella Kotch – Walker Petersen – Diallo – Ward Prowse – Djenepo – Armstrong – Elyounoussi – Adams

Everton (4-3-3) – Begovic – Mykolenko – Tarkowski – Coady – Patterson – Gueye – Iwobi – Onana – Gordon – Gray – Maupay

Missing Players

Southampton FC – Tino Livramento (Cruciate Ligament Rupture), Roméo Lavia(Hamstring Injury)

Everton FC – Andy Lonergan (Knee Problems), Jordan Pickford (Thigh Problems), Andros Townsend (Cruciate Ligament Injury), Mason Holgate (Knee Injury), Abdoulaye Doucouré (Hamstring Injury), Yerry Mina (Ankle Injury), Ben Godfrey (Fibula Fracture)