ကာစီနိုအွန်လိုင်း

ဆောက်သန်တမ် Vs အာဆင်နယ် [23 Oct 22 - 19:30 hrs]

ကာစီနိုအွန်လိုင် အိမ်ရှင်ဆောက်သန်တမ်အသင်း အခြေနေသိပ်မကောင်းပါဘူး၊ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် အရှုံး ၄ ပွဲ တောင်ရသွားပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းပြသာနာက အခုထိပြန်မပြင်နိုင်သေးဘူး။ အဲ့ဒီ ၅ ပွဲထဲမှာ ဂိုး ၂ လုံးထဲပဲသွင်းနိုင်တယ်၊ သူတို့ရဲ့ခံစစ်ပိုင်းကလည်း ဒီနှစ်ထဲမှာ အခြေနေမကောင်းဘူး၊ ပွဲတိုင်းပဲ ဂိုးသွင်းခံထိတယ်။ ခံစစ်ပိုင်းက အရင်လိုမမာတော့ လက်ထဲမှာ ၈ မှတ်ထဲပဲရှိပြီး လိဂ်ရဲ့ အတန်းဆင်းမယ့် အဆင့် ၁၈ ဖြစ်နေတယ်။ ဒီပွဲ ဆောက်သန်တမ်တို့ အရှုံးရသွားရင်တော့ အသင်းနည်းပြရဲ့ထိုင်ခုံကျိုးသွားလောက်တယ်။ အခုလက်ရှိ ဆောက်သန်တမ်တို့ရဲ့ ဘောလုံးစတိုင်လ်က direct ပုံစံနဲ့ ခံစစ်ရှယ်ပိတ်ထားတယ်၊ လိုအပ်တဲ့ Position ကို ဝင်ဖြည့်ပေးတာလဲ အရမ်းနည်းတယ်။ ခံစစ်ပိတ်ကို ပိုဦးစားပေးတယ်။ ဂိုးဝင်သွင်းတဲ့နေရာကလည်း အဆင်မပြေဘူး၊ ဘောလုံးကောင်းကောင်းယူဆောင်နိင်မယ့်ကစားသမားမျိုးလည်းမရှိဘူး။ အရင်တုန်းက အားသာဖူးတဲ့ Set Piece ဟာ အခုနောက်ပိုင်း မကောင်းတော့ပါဘူး။

အာဆင်နယ်တို့ကျတော့ ဒီရာသီထဲမှာ အခြေနေရှယ်ကောင်းနေတယ်၊ ဒီရာသီ ၁၀ ပွဲကစားပြီး အနိုင် ၉ ပွဲတောင်လုပ်သွားနိုင်တယ်။ ကစားပုံကစားနည်းကလည်း အရမ်းကောင်းတယ်။ တိုက်စစ်ဆင်ကစားခြင်းကိုဦးစားပေးပြီး တိုက်စစ်ဆင်တဲ့အခါမှာ တစ်သင်းလုံးပဲ လှုပ်ရှားသွားပါတယ်။ ဘောလုံးမရှိတဲ့သူတွေတောင် လှုပ်ရှားမှုရှိတယ်။ ပွဲတိုင်းလိုလို တက်ကြွကြပါတယ်။ ပြိုင်ဘက်ဆီကဘောလုံးဝင်လုတာလည်း အရမ်းမြန်တယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်း ၃ ယောက်က တစ်ယောက်ပေါ်တစ်ယောက် ချိတ်တွယ်ကစားနိုင်ပြီး Form တွေရှယ်ကောင်းနေကြတယ်။ အဓိက Martinelli ဆိုရင် ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို တော်တော်တိုင်ပတ်အောင်လုပ်နိုင်တယ်။ သူ့အပြေးက မမြန်သလိုလိုနဲ့ တကယ့်တကယ်တော့ စောက်ရမ်းမြန်ပါတယ်။ Saka ဆိုသည်မှာလည်း အကွက်လေးနဲ့ ပြိုင်ဘက်ကို ကျော်တက်နိုင်တယ်။ အသင်းရဲ့ နောက်ဆုံး Jigsaw ဖြစ်တဲ့ Jesus မှာလည်း သူ့ Line up နဲ့သူ ခြေစွမ်းပြနိုင်နေတယ်။ ဒီလိုအခြေနေမျိုးဖြစ်တော့ ညံ့ဖျင်းနေတဲ့ ဆောက်သန်တမ်အပေါ် အေးအေးဆေးဆေး အနိုင်ရသွားလောက်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်က ပိုသာပါတယ်။ အခုနောက်ပိုင်း သူတို့နှစ်သင်းက တစ်ယောက်တစ်လှည့် အနိုင်ရယူတတ်ကြပေမယ့်၊ ဒီနှစ်မှာတော့ အာဆင်နယ်အသင်းက အရင်နှစ်ထက် အခြေနေပိုကောင်းနေပါတယ်။ ကစားပုံကစားနည်းက တော်တော်ကောင်းနေတယ်။ ဘောလုံးဖန်တီးပေးတဲ့ ညာဘက်နဲ့ ဘယ်ဘက်တောင်ပံတွေက ရှယ်ပဲ။ ဆောက်သန်တမ်တို့ကျတော့ အရင်လိုပဲဖြစ်နေတယ်။ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး နိုင်ပွဲမရှိတဲ့အပြင် အရှုံး ၄ ပွဲတောင်ရသွားသေးတယ်။ အာဆင်နယ်နဲ့တခြားစီပဲဖြစ်နေတယ်၊ အဲ့တော့ သူတို့အနိုင်ရဖို့နေနေသာသာ သရေတောင်ရဖို့မရှိပါဘူး။ အာဆင်နယ်အသင်းက စောက်ရမ်းကောင်းပြီး မန်စီးတီးထက် အမှတ် ၄ မှတ်သာနေပါတယ်။ အဲ့တော့ နံပါတ် ၁ နေရာ ဆက်လက်ထိန်းသိမ်းဖို့ စိတ်ဓာတ်တွေကောင်းပြီး ကစားသမားတိုင်းပဲ ယုံကြည်မှုရှိနေကြတယ်။ အာဆင်နယ်ရဲ့ လူငယ်က အားမကုန်နိုင်ပဲ တစ်ပွဲလုံးပတ်ပြေးနိုင်တယ်၊ အဲ့တော့ ဆောက်သန်တမ်အသင်းနည်းပြ ဒီပွဲမှာပဲ အလုပ်ပြုတ်ဖို့ရှိလောက်ပါတယ်။

11 Players

Southampton (4-4-2) – Bazunu – Salisu – Bella Kotc – Walker – Ward Prowse – Aribo – Elyounoussi – Diallo – Armstrong – Adams

Arsenal (4-2-3-1) – Ramsdale – Tomiyasu – Saliba – Gabriel – Xhaka – Partey – Martinelli – Odegaard – Saka – Jesus

Missing Players

Southampton FC – Tino Livramento (Cruciate Ligament Rupture)

Arsenal FC – Mohamed Elneny (Thigh Problems), Oleksandr Zinchenko(Calf Injury), Emile Smith Rowe (Groin Surgery)

အိမ်ရှင် ဝုလ်ဗာဟမ်တန်အသင်း ချယ်လ်ဆီးနဲ့ပွဲတုန်းက Costa ကို ပွဲဦးထွက်အနေနဲ့ ဆင်းကစားခိုင်းခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်အပေါ်အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ ၁-၀ ဂိုးနဲ့ ကပ်နိုင်လာပြီး ဂိုးသွင်းနိုင်တဲ့နေရာ open play ပြီးရလာတာတော့မဟုတ်ပါဘူး။ ဝုလ်ဗ်အသင်းရဲ့အားနည်းချက်က လိမ့်ဘောဖြစ်တဲ့အတွက် အသက်ကြီးနေတဲ့ Costa က ဘာမှသိပ်ပြီး တတ်နိုင်မှာမဟုတ်ပါဘူး။ အဲ့တော့ သူတို့လုပ်နိုင်တဲ့အလုပ်က ခံစစ်ပိတ်ကစားရမှာဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ ဂိုး ၄ လုံးထဲပဲသွင်းနိုင်တယ်။ လိဂ်ထဲက သွင်းဂိုးအနည်းဆုံးဖြစ်နေတယ်။ ခံစစ်ပိုင်းက ဂိုး ၁၂ လုံးသွင်းခံထိခဲ့တယ်။ အဲ့ဒီလိုညံ့တဲ့စံချိန်ကြောင့် အောက်ပိုင်းအဆင့်မှာ ရောက်ရှိနေပါတယ်။ ဝုလ်ဗ်တို့ရဲ့ အခြေနေက ပြန်ကောင်းအောင်ပြုပြင်ရတာတော်တော်ခက်နေပါတယ်၊ သူတို့က ကိုယ့်တိုက်စစ်ပိုင်းကို ဒီထက်ကောင်းအောင်မပြင်နိုင်ရင်တော့ ဒီနှစ် အတန်းဆင်းရမယ့်ထဲပါဖို့ရှိနိုင်တယ်။ ဒါပေမယ့်လည်း ဒီလိုပြသာနာမျိုးက နှစ်တိုင်းပဲမြင်ခဲ့ရပါတယ်။

လက်စတာတို့လည်း အခြေနေမကောင်းပါဘူး။ ၁၀ ပွဲကစားပြီး အနိုင် ၁ ပွဲထဲပဲ လုပ်နိုင်တယ်၊ ကျန်တာ သရေ ၂ ပွဲနဲ့ အရှုံး ၇ ပွဲရရှိခဲ့ပါတယ်။ လက်ထဲမှာ ၅ မှတ်ရှိပြီး အဆင့် ၁၉ ရောက်ရှိနေပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းကမဆိုးပါဘူး။ တကယ့်ပြသာနာက ခံစစ်ပိုင်းပါ၊ တောင့်တင်းမှုမရှိလို့ဖြစ်နေတာပါ။ ဒီ ၁၀ ပွဲထဲမှာ တိုက်စစ်ပိုင်းက ဂိုး ၁၅ လုံးသွင်းနိုင်ခဲ့ပါတယ်၊ တစ်ပွဲကို တစ်လုံးကျော်ကျော်လေး သွင်းနိုင်နေကြပါတယ်။ မဆိုးဘူးဗျ၊ ဒါပေမယ့် သူတို့ခံစစ်ပိုင်းကျတော့ ဂိုး ၂၄ လုံးတောင်သွင်းခံထိခဲ့တယ်။ လိဂ်ထဲမှာ သွင်းခံထိတဲ့ဂိုးအရေအတွက် အများဆုံးဖြစ်နေပါတယ်။ လီဗာပူးလ်နဲ့တွေ့ပြီး ဂိုး ၉ လုံး သွင်းခံထိတဲ့ဘုန်းမောက်တို့တောင် သူ့တို့ထက် နည်းတယ်။ လက်စတာတို့ရဲ့ တစ်ပွဲ တစ်ပွဲမှာ ဂိုး ၂ လုံး ပုံမှန်သွင်းခံထိနေပါတယ်။ ထူးဆန်းတာကတော့ ရော်ဂျာမှာ ကစားစနစ်ကို ၄-၁-၄-၁ ကနေ ဘာမှပြောင်းလဲတာမတွေ့ရပါဘူး။ ဂိုးသမားကလည်း အရင်ကတစ်ယောက်ပဲ၊ အစစအရာရာက အရင်အတိုင်းဖြစ်နေတော့ အရင်က ညံ့သလို အခုလည်း ညံ့နေတယ်။ ဒါပေမယ့် အသင်းနည်းပြက အသင်းကိုတောင့်တင်းမှုရှိအောင် စီစဉ်ပေးရမှာပဲ၊ အဲ့တော့ ဒီပွဲထပ်ရှုံးရင် သိပ်ပြီး ကြည့်မကောင်းတော့ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ကြပါတယ်။ တစ်ယောက်တစ်လှည့်အနိုင်ရခဲ့ကြပါတယ်။ နောက်ဆုံးတစ်ပွဲမှာ အိမ်ရှင်ဘက်က အနိုင်ရသွားပါတယ်။ ဒါပေမယ့် အဲ့ပွဲမတိုင်ခင်တုန်းက သူတို့တွေ ဂိုးတစ်လုံးမှမသွင်းနိုင်ကြပဲ ကာစီနိုအွန်လိုင်သရေကျလာပါတယ်။ အဲ့တော့ ဒီပွဲ သွင်းဂိုးသိပ်မရှိပဲ သရေကျသွားလောက်ပါတယ်။ ဝုလ်ဗ်အသင်း ခံစစ်ပိတ်ကစားတဲ့နေရာ နာမည်ကျော်ကြားပြီးသားဖြစ်ပြီး လက်စတာအသင်းရဲ့ တိုက်စစ်ပိုင်းက ပြတ်သားမှုမရှိဘူးဖြစ်နေပါတယ်။ အဲ့တာနဲ့ပဲ အိမ်ရှင်ဘက်က နည်းနည်းပိုသာလိမ့်မယ်။ အများကြီးတော့မဟုတ်ပါဘူး၊ အိမ်ရှင်အသင်းက အမြဲလိုလိုမကောင်းသေးပါဘူး။ ဧည့်သည်အသင်းက အခုနောက်ပိုင်း Form တွေပျောက်ဆုံးနေတယ်။ ပထမဆုံးအနိုင်ပွဲရသွားကတည်းက အခုထိ ထပ်ပြီး အနိုင်ပွဲပေါ်မလာတော့ပါဘူး။ ရော်ဂျာရဲ့အနာဂတ်က မှောင်နက်နေပါပြီ။ ဒီပွဲ အရှုံးထပ်ရသွားရင်တော့ အလုပ်ပြုတ်ဖို့ရှိလောက်တယ်။ ဒါပေမယ့် အရှုံးရဖို့ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဝုလ်ဗ်တို့လည်း သူတို့လိုပဲ ညံ့ဖျင်းနေပါတယ်။

11 Players

Wolves (4-2-3-1) – Sa – Ait Nouri – Toti – Kilman – Otto – Moutinho – Neves – Traore – Matheus – Podence – Costa

Leicester City (4-1-4-1) – Ward – Justin – Faes – Amartey – Castagne – Soumare – Barnes – Tielemans – Dewsbury – Maddison – Daka

Missing Players

Wolverhampton Wanderers – Nathan Collins (Red card suspension), Raúl Jiménez (Hip problems), Chiquinho (Cruciate Ligament Injury), Pedro Neto (Ankle Injury), Sasa Kalajdzic (Cruciate Ligament Rupture)

Leicester City – Ryan Bertrand (Knee Surgery), Ricardo Pereira (Achilles tendon rupture), Caglar Söyüncü (Bruised Knee)

အိမ်ရှင်စပါးအသင်း လက်ထဲမှာ ၂၃ မှတ်ရှိပြီး အဆင့် ၃ မှာ ရောက်ရှိနေပါတယ်။ သူတို့ရဲ့ ၁၀ ပွဲစံချိန်ထဲမှာ အနိုင် ၇ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်တယ်။ အရှုံးရသွားတဲ့ပွဲတုန်းက အာဆင်နယ်နဲ့တွေ့ပြီး ရှုံးလာပါတယ်။ သူတို့အနိုင်ရသွားတဲ့ ၇ ပွဲထဲမှာ အိမ်ကွင်းနဲ့ ၅ ပွဲရှိပါတယ်။ အိမ်ကွင်းနဲ့ အနိုင် ၅ ပွဲမှာ ဂိုးပေါင်း ၁၅ လုံးသွင်းနိုင်ပါတယ်။ တစ်ပွဲကို ပုံမှန် ၃ လုံး သွင်းနိုင်နေတာဖြစ်တယ်။ အသင်းထဲက အဓိကကျတဲ့ကစားသမားမှာ  ဟယ်ရီကိန်းပဲဖြစ်ပါတယ်။ သူက ဂိုးသွင်းသူဖြစ်သလို Play Maker လည်းဖြစ်ပါတယ်။ သူက တာဝန်တော်တော်ကျေပါတယ်။ နောက် Son ဆိုတဲ့တစ်ယောက်ကလည်း ဒီရာသီထဲမှာ ထူးခြားချက်တွေ စတင်ပြသနေပါပြီ၊ စပါးအသင်း ဒီပွဲအတွက် တော်တော်အဆင်သင့်ဖြစ်ပါတယ်။ Kulusevski နဲ့ Tanganga လောက်ပဲအဆင်သင့်မဖြစ်ဘူး၊ ကျန်တာ အကုန်လုံးအသင့်ဖြစ်နေကြပါတယ်။ ဒီပွဲ ကွန်တီရှယ်ကြုံးဖို့ စီစဉ်ထားလောက်တယ်။

နယူးကာဆယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဂိုးမရှိပဲ မန်ယူနဲ့ သရေကျလာပါတယ်။ အဲ့ပွဲ ပထမပိုင်းမှာ သူတို့ဘက်က မန်ယူထက် ပိုသာပေမယ့် ဂိုးမသွင်းနိုင်တော့ တော်တော်နှမြောဖို့ကောင်းပါတယ်။ တိုင်ထိလိုက် ဘောင်လွဲလိုက်နဲ့ပဲ ပြီးသွားတယ်။ ထောင့်ကန်ဘောတိုင်း ရင်ခုန်ရပါတယ်။ သူတို့ရဲ့ Form က အခုနောက်ပိုင်း တော်တော်ကောင်းနေပါတယ်။ အဓိက တိုက်စစ်ပိုင်းပေါ့ ဖူဟမ်နဲ့ ဘရန့်ဖိုတ်တို့ကို ထုထောင်းခဲ့ဖူးပြီးပြီ။ ကြီးမားတဲ့အသင်းတွေနဲ့လည်း ခြေစွမ်းပြနိုင်ပါတယ်။ လီဗာပူးလ်ကိုရှုံးသွားတုန်းက အချိန်ပိုအတွင်းမှ ဂိုးသွင်းခံခဲ့လို့သာ ရှုံးလာတာပါ။ နယူးကာဆယ်တို့ အဲ့ပွဲ မရှုံးပဲနေရင် လိဂ်ထဲမှာ အရှုံးတစ်ပွဲမှမရှိပဲ ဖြစ်သွားနိုင်တယ်။ နယူးကာဆယ်အသင်းက ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် ပြန်လှန်တိုက်ခိုက်နိုင်နေကြပါတယ်။ ခံစစ်မှူးတွေက အကောင်ကြီးတော့ ခံစစ်ပိုင်းအားကောင်းနေတယ်၊ ပြိုင်ဘက်က မြောက်ဘောကစားရင် သူတို့ဂွင်ထဲ ကျရောက်နိုင်တယ်။ ကွင်းလယ်ပိုင်းဆိုလည်း အကုန်တောင့်တင်းမှုရှိတယ်။ လူတိုင်းနဲ့ဝင်လုံးနိုင်တယ်၊ Casemiro တောင် လွှင့်ဖူးပြီးပြီ။ ဒီပွဲ Pressing လျင်မြန်တဲ့ စပါးနဲ့တွေ့ရမှာဆိုတော့ သူတို့အတွက် ဒုက္ခရောက်နိုင်ပါတယ်။ စပါးတို့က အဝေးကနေလည်းဂိုးသွင်းတတ်ကြတယ်။ အဲ့တော့ နယူးကာဆယ်တို့ တော်တော်သတိထားရလိမ့်မယ်။ နယူးကာဆယ်တို့ စပါးနဲ့အမှတ်ခွဲယူသွားမယ့်ကိစ္စ တော်တော်မလွယ်ဘူးဗျ။

ကာစီနိုအွန်လိုင်း  အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အစစအရာရာကြည့်ပြီးပြောရင် မနိုင်မရှုံးလေးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၀ ပွဲကို ပြန်ကြည့်ပြီးပြောရင်တော့ စပါးဘက်က ပိုသာပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲမှာ စပါးတို့ အနိုင် ၇ ပွဲနဲ့သရေ ၂ ပွဲ လုပ်သွားနိုင်တယ်၊ အရှုံးတစ်ပွဲလေးပဲရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ ဒီအသင်းနှစ်သင်း အချင်းချင်းတွေ့တဲ့ပွဲတိုင်းမှာ သွင်းဂိုးတွေ များတတ်ပါတယ်။ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် ပိုးစိုးပက်စက်ဂိုးသွင်းယူသွားခဲ့ကြပါတယ်။ နှစ်သင်းစလုံးက တိုက်စစ်ဆင်ဖို့နည်းဗျူဟာ အသုံးပြုတတ်တာချင်းတူနေတော့ တော်တော်လေးကြည့်ကောင်းလိမ့်မယ်။ စပါးအသင်း ဒီပွဲအပီကစားဖို့ရှိပါတယ်။ ဧည့်သည်တို့ရောပဲပေါ့။ နှစ်သင်းစလုံးရဲ့ Form က ကောင်းတာချင်း တူတူပဲ၊ စပါးတို့က အာဆင်နယ်ကို ဖိအားလိုက်ပေးဖို့အနေနဲ့ အနိုင်အရမ်းလိုချင်နေပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းက လွယ်လွယ်လေးနဲ့ မရှုံးတတ်တဲ့အသင်းဖြစ်နေပါတယ်။ ဒီရာသီထဲမှာ အခုထိ တစ်ပွဲလေးပဲ ရှုံးနိမ့်ထားတယ်။ ဒါပေမယ့်လည်း အိမ်ရှင်အသင်းက အိမ်ကွင်းနဲ့ နာမည်ကျော်ကြားနေတဲ့အတွက် ဧည့်သည်အသင်းအပေါ် အနိုင်ရသွားလောက်ပါတယ်။

11 Players

Tottenham Hotspur (3-4-2-1) – Lloris – Dier – Romero – Davies – Bentancur – Hojbjerg – Perisic – Doherty – Son – Richarlison – Kane

Newcastle United (4-3-3) – Pope – Burn – Botman – Schar – Trippier – Guimaraes – Willock – Joelington – Murphy – Almiron – Wilson

Missing Players

Tottenham Hotspur – Japhet Tanganga (Knock), Dejan Kulusevski (Thigh Problems)

Newcastle United – Karl Darlow (Ankle Injury), Allan Saint-Maximin(Hamstring Injury), Alexander Isak (Thigh Problems), Emil Krafth (Cruciate Ligament Rupture)

အိမ်ရှင်ဘာစီလိုနာအသင်း ဒီနှစ်ထဲမှာ အခြေနေတော်တော်ကောင်းပါတယ်၊ အနိုင်ပွဲတွေ တော်တော်ရပြီး သွင်းခံထိခဲ့တဲ့ဂိုးတွေ နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ပွဲတုန်းက ရီးရဲလ်နဲ့တွေ့ပြီး ရှုံးလာတဲ့အတွက် Clean sheet စံချိန်ကို ၆ ပွဲဆက်တိုက်မှာပဲ ပြီးသွားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ပွဲတုန်းက အရှုံးရသွားပေမယ့် ကစားပုံကစားနည်းကတော့ ဆိုးမနေပါဘူး၊ ဘောလုံးပိုင်ဆိုင်မှုက ရီးရဲလ်ထက်တောင်များသေးတယ်။ ဒါပေမယ့် ရီးရဲလ်တို့က အကျောရအောင် ဂိုးသွင်းထားပြီးပြီမို့လို့လည်းပါပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ပြသာနာက အခွင့်ရေး ခန ခနရပြီး ဂိုးမသွင်းနိုင်ဘူးဖြစ်ပါတယ်။ ပြီးတော့ ရီးရဲလ်တို့ရဲ့ နံပါတ် ၂ ဂိုးသမားက အလိုလို ကောင်းနေရော၊ ဘာစီတို့ဒီခေတ်ထဲမှာ အစစအရာရာတော်တော်အဆင်ပြေပေမယ့် တင်းကျပ်မှုသိပ်မရှိပါဘူး၊ ဒါပေမယ့်လည်း လာလီဂါခရီးစဉ်က ဝေးပါသေးတယ်။ လီဝန်ဒေါ့စကီးရယ်၊ de Jong နဲ့ Pedri တို့က ဘာစီအတွက် အောင်မြင်မှုတက်ခူးပေးရဦးမှာပါ၊ ဒီပွဲ ဘီဘာအိုနဲ့တွေ့ရတာဆိုတော့ မလွယ်ပါဘူး။ ဒါပေမယ့် အမှတ် ၃ မှတ်ရသွားမယ်လို့တော့ ယုံကြည်ထားပါတယ်။

အက်သလက်တီကို ဘီဘာအိုတို့ကျတော့ အခြေနေတွေ ဆက်တိုက်ကောင်းနေကြတုန်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အက်သလက်တီကိုမက်ဒရစ်ကိုရှုံးလာပေမယ့် အဲ့ပွဲ သူတို့ဘက်က ဘောလုံးပိုပိုင်ဆိုင်နိုင်ပြီး ဂိုးသွင်းဖို့အခွင့်ရေးပါ ၁၃ ကြိမ်တောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြတ်သားမှုမရှိတဲ့အတွက် အခွင့်ရေး ၃ ကြိမ်ထဲရတဲ့ အက်သလက်တီကိုမက်ဒရစ်ကို ရှုံးသွားပါတယ်။ ဘီဘာအိုတို့ရဲ့အားသာချက်က Team work ပါပဲ။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် ကောင်းတယ်။ ဒီရာသီထဲမှာ အဝေးကွင်းနဲ့ ၃ ပွဲကစားပြီး အနိုင် ၂ ပွဲတောင် လုပ်နိုင်ခဲ့ပါတယ်။ သရေ ၁ ပွဲလေးနဲ့ သွင်းဂိုး ၉ လုံးတောင် လုပ်သွားနိုင်ပါတယ်။ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းတွေ ကောင်းတဲ့ထဲရှိတယ်။ ဒီပွဲ ဘာစီနဲ့တိုက်ခိုက်ရမှာဆိုတော့ ခက်မှန်းသေချာပြီးသားပါ။ ဘာစီတို့က အရှန်နဲ့ Pressing ကိုကစားရင်တော့ ဘီဘာအိုတို့ တော်တော်ဒုက္ခရောက်နိုင်တယ်။ အဲ့တော့ ဘောလုံးဖြတ်ယူလို့ရတာနဲ့ လျင်မြန်စွာတိုက်စစ်ဆင်ဖို့လိုလိမ့်မယ်။ သူတို့ရဲ့ တောင်ပံကစားသမားနှစ်ယောက်က လျင်မြန်ပြီးသားဆိုတော့ အဲ့ဒီဟာကိုယူပြီး အကျိုးရှိရှိအသုံးပြုရမယ်။ ဒါပေမယ့် အဲ့လိုကစားမယ်ဆိုလည်း ခံစစ်ပိုင်းက ခံနိုင်ရည်ရှိမှသာ အဆင်ပြေမယ်။ ဘာစီရဲ့လီဝန်ဒေါ့စကီးက ဂိုးသွင်းဖို့စောင့်နေပြီးသားမို့လို့ပါ။

ကာစီနိုအွန်လိုင်အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာပါတယ်။ အဓိက လိဂ်ပွဲစဉ်ထဲက နောက်ဆုံး ၅ ပွဲထဲမှာဆိုရင် ဘာစီတို့ ဘီဘာအိုကို တစ်ပွဲမှမရှုံးဖူးသေးပါဘူး။ အချင်းချင်းတွေ့ဖူးတဲ့နေရာမှာ စွမ်းဆောင်ရည်အမြဲကွာဟနေပြီး ဒီရာသီထဲက Form ချင်း ယှဉ်ကြည့်တဲ့အခါမှာလည်း ဘာစီဘက်က ပိုသာနေပါတယ်။ နှစ်သင်းစလုံးရဲ့ Position အသီးသီးချင်း ယှဉ်ကြည့်ရင် ဘာစီဘက်ကပဲ ပိုသာနေတယ်။ ဘာစီတို့က အခုမှရှုံးလာပေမယ့် ဒီပွဲအတွက် ဘာမှတော့ မထိခိုက်လောက်ပါဘူး။ အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေနေကြလောက်တယ်။ ဧည့်သည်အသင်းတို့လည်း ဒီရာသီကို ကောင်းကောင်းစတင်နိုင်ပါတယ်။ ဂိုးတွေသိပ်မပေးရဘူး၊ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်နေကြပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဂိုးမသွင်းနိုင်ပေမယ့် အစစအရာရာကတော့ ကောင်းတဲ့ထဲရှိပါတယ်။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အဆင်ပြေတယ်။ ဒီပွဲတော်တော်ကြည့်ကောင်းပြီး နောက်ဆုံး ဘာစီတို့ပဲ အနိုင်ရသွားမယ်ထင်ပါတယ်။

11 Players

Barcelona (4-3-3) – ter Stegen – Balde – Garcia – Kounde – Roberto – Busquet – de Jong – Pedri – Fati – Raphinha – Lewandowski

Athletico (4-3-2-1) – Simon – Lekue – Martinez – Alvarez – de Marcos – Vesga – Sancet – Berenguer – Muniain – Inaki Williams – Nico Williams

Missing Players

FC Barcelona- Memphis Depay (Thigh Problems), Héctor Bellerín (Muscular problems), Andreas Christensen (Sprained ankle), Ronald Araújo (Adductors avulsion)

Athletic Bilbao – Yuri Berchiche (Heel pain)