ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး 

ဆရာဖူ Platinumclubmm မှ ၂၀၂၂ ခုနှစ်အတွက် position အားလုံးပေါင်းထဲက ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ၁၀ ဦးကို ဂိုးသမားကစ တိုက်စစ်မှူးအထိ ပေါင်းချုပ်ပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီ နဲ့ ရော်နယ်ဒိုတို့ ခေတ်ကုန်သွားရင်တော့ အရင်က ပြောခဲ့သလိုပဲ Ballon d’Or ဆုကို ဘယ်သူက ဆက်ခံမှာလဲ၊ ဘယ်သူဖြစ်မလဲ၊ တွေးနေတာ အတော်ကြာပြီ။ ဒီနေ့ ကမ္ဘာ့အဆင့်မီ ကစားသမား ၁၀ ယောက်အတွက် စီစဉ်ပေးလိုက်တယ်။

ကမ္ဘာ့အတော်ဆုံးဘောလုံးသမား

ဆရာဖူ Platinumclubmm မှ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး။

နံပါတ် ၁၀ –  Jordan Henderson

သူက ကြိုးကြာနီအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်ပြီး ကမ္ဘာ့အဆင့်ထဲမှာရှိပါတယ်။ Henderson က ဆန်းဒါးလန်းအသင်းရဲ့လူငယ်အသင်းကနေ တက်လာပြီး Coventry အသင်းဆီ အငှားစာချုပ်နဲ့ ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ရောက်သွားဖူးတယ်။ မကြာပါဘူး လီဗာပူးလ်က သူ့ကိုအသင်းထဲခေါ်သွင်းလိုက်ပါတယ်။ အတွေ့ကြုံတွေအများကြီးပဲ ကျော်ဖြတ်ခဲ့ပြီး နည်းပြတော်တော်များများ သူ့ကို အရံကစားသမားအနေနဲ့ပဲ ထားထားကြတာများတယ်။ ပြီးတော့မှ စတီဗင်ဂျရတ်နဲ့ တွဲကစားရပြီး ဂျရတ်နှုတ်ထွက်သွားတော့ ကျောနံပါတ် ၈ နဲ့ အသင်းကပ္ပတိန်ကို တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ သူက စိတ်ဖိအားတွေ အရမ်းထမ်းဆောင်ရပြီး တာဝန်တွေအရမ်းလေးတယ်။ အသင်းကပ္ပတိန်စစဖြစ်တုန်းက သူများတွေ သူ့ကိုမကြိုက်ကြပါဘူး။ အသင်းရဲ့ဖန်တွေတောင် သူ့နာမည်ပြောင် “ကိုပဲ့” လို့ မဲ့ပေးထားကြတယ်။ သူက ကွင်းထဲဆင်းကစားတိုင်း တစ်အယ်အယ်နဲ့ အသံကိုကြားရတတ်တယ်။ ဘောလုံးကို အရှေ့မတက်နိုင်ဘူး ဒါပေမယ့် သူ့မှာ ဘယ်လောက်ထိပဲ ပြောခံခဲ့ရပါစေ သူအရှုံးမပေးဘူး။ အရမ်းကြိုးစားပြတယ် လေကျင့်တယ် နောက်ဆုံး ကလော့ပ်ရဲ့လက်ထဲရောက်လာတော့မှ သူ့မှာ အခွင့်ရေးကောင်း ကြုံသွားပါတယ်။ ကလော့ပ်က သူ့ကို ရှယ်ပြုပြင်ပေးလို့ အန်ဖီးလ်ကွင်းရဲ့ သမိုင်းဝင်ကစားသမားတောင် ဖြစ်သွားပါပြီ။ ဒီအသင်းကပ္ပတိန်ကြီးက ကြိတ်ကြမ်းတဲ့ကစားသမားပါ။ သူက ခရာအသံမကြားမချင်း တစ်ပွဲလုံး မနားမတမ်းပြေးတယ်။ အသင်းဖော်တွေကိုလည်း အမြဲတိုက်တွန်းတယ်။ ဒါမှ အနီရောင်အင်ဂျင်လို့တောင်သတ်မှတ်လို့ရတယ်။ သူ့ရဲ့ကြိုးစားမှုက သူ့ရဲ့ထူးခြားချက်ပဲဗျ။ သူက အသင်းအတွက် hold ball ပေးနိုင်တယ်။ ကစားပွဲကို ခံစစ်ပိတ်ကစားခြင်းကနေ တိုက်စစ်ဆင်ပေးနိုင်တယ်။ အသင်းရဲ့ ဗဟိုကစားသမားဖြစ်ပြီး အသင်းရဲ့ အရှေ့အနောက်ညီဖို့ ထိန်းပေးတဲ့ကစားသမားပါ။ ဘောလုံးဖန်တီးမှုကလည်း တော်တော်တိကျတယ်။ အဝေးမှ ဘောလုံးပေးပို့မှုက သူ့ရဲ့ အားသာချက်ပဲဗျ။ အခု ပြောနေတာ “သုည”  ကနေစတင်ခဲ့တဲ့ အသင်းကပ္ပတိန်ပါနော်။ လီဗာပူးလ်အသင်းကို နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဆုဖလားကိုရအောင် ဦးဆောင်ခဲ့တဲ့သူပါဗျာ။

နံပါတ် ၉Declan Rice

အခုလက်ရှိ အင်္ဂလန်ကျွန်းထဲက ခြေစွမ်းအတက်ကြွဆုံး ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ သူကချယ်လ်ဆီးအသင်းရဲ့ လူငယ်ဖြစ်ပြီး ဝက်စ်ဟမ်းဆီ စာချုပ်ဖျက်ကြေးမရှိပဲ ရောက်ရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းထဲရောက်တော့ လူငယ်အသင်းထဲ တန်းဝင်ပြီး U23 ထဲ ပါသွားခဲ့တယ်။ ဝက်စ်ဟမ်းအသင်းကြီးနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက ဆင်းကစားပေးဖူးတယ်။ ဒါပေမယ့် ၁ ပွဲ ထဲပဲဖြစ်နေတော့ ဘာမှယူဆလို့မရခဲ့ပါဘူး။ ဒါပေမယ့် မကြာပါဘူး ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းမှာပဲ ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ ကွင်းလွယ်ပိုင်းမှာ ကျော်ကြားသွားပါတယ်။ သူ့အရပ်က ၁၈၈ စင်တီမီတာရှိပါတယ်။ သူ့မှာ တောင့်တင်းမှုရှိတဲ့အတွက် ဗဟိုခံစစ်မှူး Position ကိုလည်း အေးအေးဆေးဆေး တာဝန်ယူနိုင်တယ်။ အဲ့တုန်းက သူ့ရဲ့ ကစားပွဲအပေါ် အထင်မြင်မှုက အသက် ၁၉ နှစ်လို့တောင်မထင်ရဘူး။ အဲ့ကနေပဲ စပြီး ကောင်းတဲ့ Form မျိုးကို ဆက်လက်ထိန်းသိမ်းလာပါတယ်။ သူက နှစ်တိုင်းပဲ ခြေစွမ်းကောင်းအောင် ကစားနိုင်တယ်။ အခုလက်ရှိ အသက် ၂၃ နှစ်ရှိသွားပါပြီ။ အခု ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ် Top six ထဲရောက်နေတာ သူ့ကြောင့်ပါ။ သူက အသင်းအတွက် အရမ်းအရေးကြီးတဲ့ ကွင်းလယ်ခံစစ်မှူးပါဗျ။ သူ့ဘောလုံးစတိုင်လ်က ရိုးရိုးရှင်းရှင်းပါပဲ ပြိုင်ဘက်တိုက်စစ်မှူးရဲ့ ဘောလုံးကို ဝင်ဖျက်မယ်၊ အဝေးမှဘောလုံးပို့ပေးမှုလည်း တော်တော်တိကျတယ်။ သူက ကွင်းထဲ နေရာမှန် အချိန်မှန် ရောက်ရှိတတ်တယ်။ မတော်တဆမဟုတ်ဘူး သူက ကစားပွဲကို ကြိုခန့်မှန်းနိုင်လို့သာ ရောက်ရှိနေတာပါ။ သူက တူကြီးအသင်းရဲ့ အမိန့်ထုတ်သူပဲ။ သူ့မှာ ဒီလို Form မျိုး ပိုင်ဆိုင်ထားတော့ အခြားအသင်းတွေကို တော်တော်မြူဆွယ်နေတယ်။ အသင်းတော်တော်များများက အရင်နှစ်နွေရာသီဈေးကာလကတည်းက သူ့ကိုလိုချင်နေကြတယ်။ ဒါပေမယ့် ဘယ်ကမ်းလှမ်းမှုတစ်ခုမှ ဖြစ်မပေါ်ခဲ့ပါဘူး။ သူ့ကို ကြိုက်တဲ့အသင်းတွေထဲမှာ မန်ယူလည်းပါတယ်ဗျ။ တကယ်လို့ သူ့ကို ဝက်စ်ဟမ်းရင်ခွင်ကနေ ဆွဲထုတ်မယ်ဆိုရင် ယူရို သန်း ၁၀၀ ထက် မနည်းလောက်ဘူးဗျ။

နံပါတ် ၈Alisson Becker

ဒီဘရာဇီးလူမျိုးနဲ့ဂိုးသမားဟာ ကျွန်တော့်အမြင်နဲ့ဆိုရင် သူက ကမ္ဘာ့ရဲ့ နံပါတ် ၁  ဂိုးသမားဖြစ်ပါတယ်။ သူက တကယ့်ခက်တဲ့ ဂိုးသွင်းချက်မဟုတ်ရင် အကုန်ဖမ်းနိုင်တယ်။ သူက Internacional အသင်းနဲ့ ၂၀၁၂ ခုနှစ်မှာပဲ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၃ – ၂၀၁၆ ခုနှစ်အထိ အသင်းကြီးထဲ ပါသွားတယ်။ အဲ့ကနေပြီးတာနဲ့ ရိုးမားအသင်းက အီတလီစီးရီးအေဇာတ်ခုံထဲ ခေါ်သွင်းခဲ့တယ်။ ရိုးမားနဲ့ ၂ နှစ်ပဲနေပြီး လီဗာပူးလ်က အပိုင်ခေါ်ထားခဲ့ပါတယ်။ လီဗာပူးလ်အသင်း အဲ့အချိန်တုန်းက Position အသီးသီးတွေ လုံးဝအဆင်ပြေပြီး ဂိုးသမားနေရာမှာပဲ လိုနေတယ်။ အဲ့တော့ လီဗာပူးလ်အသင်းပိုင်ရှင်က ရိုးမားဆီ ကမ္ဘာ့စံချိန် ဈေးအကြီးဆုံးဂိုးသမား ပေါင် ၆၂.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး ၅ ရက်ထဲပဲ အဲ့စံချိန်က ကျော်ဖြတ်ခံခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းက ကေပါးကို ပေါင်သန်း ၈၀ နဲ့ ဝယ်ယူလိုက်လို့ပါ။ အဲ့ဈေးနှုန်းဟာ အဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာဈေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ Alisson က ကြိုးကြာနီအင်္ကျီဝတ်လိုက်တာနဲ့ ဖန်တွေကို တန်းစပရိုက်တိုက်သွားပါတယ်။ သူက လီဗာပူးလ်အတွက် အသက်ကယ်ပေးခဲ့တာမနည်းဘူး။ Alisson ရဲ့ထူးခြားချက်က ခြေထောက်နဲ့ By1 ကစားခြင်း၊ ကစားပွဲကိုအကဲခတ်ပြီး ဘောလုံးဝင်ဖြတ်ခြင်း၊ ဂိုးရှေ့မှာ ကိုက်ညီအောင် Position ချပြီးကာကွယ်ခြင်း၊ တန်ပြန်တိုက်စစ်လျင်မြန်စွာဆင်တတ်ခြင်း၊ သူ့ရဲ့တန်ပြန်တိုက်စစ်ကြောင့် လီဗာပူးလ်တို့ ဂိုးရသွားတာမနည်းဘူး။ တကယ့်အရေးကြီးတဲ့ ဂိုးတစ်ဂိုးကို ပြောမယ်ဆိုရင် The kop တိုင်းသိလောက်တယ်။ အဲ့တာ မိနစ် ၉၀+၄ မိနစ်ရှိသွားပြီဖြစ်တဲ့ ဝက်ဘရွန်းနဲ့ တွေ့တဲ့ပွဲမှာပဲဖြစ်ပါတယ်။ အဲ့ပွဲ သူက အနိုင်ဂိုးကို ခေါင်းနဲ့တိုက်ပြီး Top4 ရအောင် လုပ်ပေးတဲ့ပွဲဗျ။ ယူဖာချန်ပီယံလိဂ်ထဲ ပါအောင် သူအနိုင်ဂိုးသွင်းပေးတယ်။ ဒါ လီဗာပူးလ်ကို အောင်မြင်မှုအများကြီးရအောင် ယာဂင်ကလော့ပ်ရဲ့ နောက်ဆုံး ဂျစ်ဆော့တစ်ခုပဲဗျာ။

နံပါတ် ၇Joshua Kimmich

ဒီဂျာမနီလူမျိုးနဲ့ ကွင်းလယ်ကစားသမားဟာ ဂျာမနီဘွန်ဒက်လီဂါထဲက ကြီးမားတဲ့ ဘိုင်ယန်အသင်းဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒီကွင်းလယ်ကစားသမားက အသင်းအတွက် အရမ်းအသုံးဝင်ပါတယ်။ သူက ညာဘက်ခြမ်းခံစစ်မှူးကနေ ကွင်းလယ်ခံစစ် position လည်းကစားတတ်တယ်။ ပြီးတော့ box to box ကွင်းလယ်ကစားသမားလည်း လုပ်ပေးလို့ရတယ်။ သူက စတုဂတ်အသင်းနဲ့ ဘောလုံးလောကထဲရောက်လာပြီး ၂၀၁၅ ခုနှစ်မှာ လိုက်ပ်ဇစ်ဆီ ယူရို ၈.၅ သန်းနဲ့ ရွှေ့ပြောင်းသွားပါတယ်။ အခုလက်ရှိ ဒီကွင်းလယ်ကစားသမားရဲ့ဈေးနှုန်းက ယူရို ၈၅ သန်းလောက်ရှိမယ်။ သူက Position အစုံကစားတတ်တဲ့ ကွင်းလယ်ကစားသမားပါဗျ။ သူ့ရဲ့ဘော်လုံးစတိုင်လ်က box to box တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အလုပ်လုပ်ပေးတယ်။ ပြိုင်ဘက်နဲ့ ဝင်လုံးရမယ်ဆိုရင် သု့ကိုခေါ်လို့ရတယ်။ ဒါပေမယ့် Kimmich က ဝင်ပဲဝင်လုံးတတ်တာမဟုတ်ဘူး အဲ့တာပဲတတ်နိုင်ရင်တော့ ရိုးရိုးကစားသမားတွေနဲ့ မကွာပါဘူး။ Kimmich က ဘောလုံးနောက်ကနေပြေးလိုက်တတ်ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ကိုယ်ပိုင်စကေးလည်း တော်တော်ကောင်းပါတယ် ဘော်လုံးပို့ပေးမှုကလည်း အရမ်းတိကျတယ် ဘော်လုံးအဝေးမှပို့ပေးခြင်း၊ စည်းဘေးကနေ အရှေ့ပို့တာတို့ဘာတို့ ပြီးတော့ killer pass နေရာလည်း အရမ်းထိရောက်တယ်။ Kimmich က အခုလက်ရှိ အသက် ၂၆ နှစ်ရှိပြီး Top Form ဖြစ်နေတဲ့အရွယ်ဖြစ်နေတယ်။ Kimmich က ဘိုင်ယန်ရဲ့ အောင်မြင်မှုအသီးသီးရအောင် လုပ်ပေးတဲ့အဓိကကီမန်းပဲဗျ။ ဘိုင်ယန်ကနေထွက်ဖို့ရှိလားဆိုတော့ ရှိလောက်ပါတယ်။ ဒါပေမယ့် ယူရို သန်း ၁၅၀ လောက်ပေးနိုင်မယ့်အသင်း ရှိခဲ့ရင်ပေါ့လေ။

Platinumclubmm နဲ့ အွန်လိုင်းဘောလုံးလောင်းမယ်။ ၈၈၈ ဘောလုံးလောင်းမယ်။ အတွဲလိုက်ဘောလုံးလောင်းမယ်။ အတွဲလိုက်ဘောလုံးလောင်းနည်း။ ၇၇ ဘောလုံးလောင်းမယ်။ ၉၉ ဘောလုံးလောင်းမယ်။ ဘောလုံးလောင်းရန်အကောင့်ဖွင့်မယ်။ ၈၈ ဘောလုံးလောင်းမယ်။ ဘောလုံးလောင်းနည်း။ ဘောလုံးတိုက်ရိုက်လောင်းမယ်။ Sbobet ၈၈၈ အကောင့်ဖွင့်မယ်။ ufabet လောင်းကစားဝက်ဘ်ဆိုဒ်။

နံပါတ် ၆Andrew Robertson / Trent Alexander Arnold

သူတို့နှစ်ယောက်က လက်ရှိကမ္ဘာ့အကောင်းဆုံး wingback အတွဲပါဗျ။ အချင်းချင်း ဘောလုံးအပေးအယူတိကျမှုရှိပြီး Position အစားထိုးပေးတဲ့နေရာလည်း အချိန်တော်တော်မှန်တယ်။ ဖန်တွေက သူတို့အတွဲရဲ့ heavy metal ကို တော်တော်သဘောကျနေကြတယ်။ ဟိုးအရင်တုန်းက Arnold ကိုပြန်ကြည့်မယ်ဆိုရင် Arnold က ဂျရတ်ရဲ့လက်ကိုကိုင်ပြီး ဥမင်လိုဏ်ခေါင်းမှ ထွက်လာဖူးတဲ့ကလေးလေးပါဗျ။ သူက လီဗာပူးလ်ရဲ့ တကယ့်ဒေသခံ Scouser လေးပါ။ အဲ့တုန်းကပြန်ကြည့်ရင် ကမ္ဘာ့ထိပ်တန်းဖြစ်သွားမယ်လို့ ဘယ်သူမှမထင်ခဲ့ပါဘူး။ Andrew Robertson လည်းတူတူပဲ သူကျတော့ QPR အသင်းနဲ့ ကစားသမားဘဝကိုစတင်ခဲ့တယ်။ ပြီးရင် ဟူးလ်စီးတီးအသင်းနဲ့ ၃ နှစ်တိတိ သွားနေတယ်။ နောက်ဆုံး လီဗာပူးလ်အသင်းက ကလော့ပ်ရဲ့လက်ထဲရောက်လာတော့မှ ကလော့ပ်က သူ့အပေါ် ထူးခြားတာမြင်လို့ အန်ဖီးလ်ကွင်းထဲ ပေါင် ၈ သန်းနဲ့ ဝယ်သိမ်းထားလိုက်ပါတယ်။ ဟူးလ်စီးတီးအသင်းက အတန်းဆင်းတဲ့ ရိုးရိုးတန်းတန်းအသင်းတွေလိုပါပဲ ဒါပေမယ့် ကလော့ပ်က ကိုယ့်အမြင်နဲ့ လက်အောက်ရဲ့အမြင်ကို ယုံကြည်တော့ Robertson ကို ဝယ်ယူထားလိုက်ပါတယ်။ Robertson က သူတို့ကို အရှက်မခွဲပါဘူး သူက တောင့်တင်းမှုပြပြီး လီဗာပူးလ်ရဲ့ အဓိကဘယ်ဘက်ခြမ်းခံစစ်မှူးနေရာကို အပိုင်ယူသွားနိုင်ပါတယ်။ ပြီးရင် စကော့တလန်နိုင်ငံအသင်းရဲ့ အသင်းကပ္ပတိန်ပါ ဖြစ်သွားတယ်။ Robertson နဲ့ Arnold တို့အတွဲရဲ့ တူညီသောအရည်အချင်းက ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့နေရာအထိ ဘော်လုံးဖြတ်ယူသွားတတ်တဲ့နေရာပဲ ဖြစ်ပါတယ်။ မိနစ် ၉၀ လုံးလုံး Position အသီးသီးကို အလွတ်မထားပဲ အစားထိုးဝင်နေတတ်တယ်။ Set Piece နေရာမှာလည်း တော်တော်တိကျတယ်။ ဒီရာသီအတွင်း ပရီးမီးယားလိဂ်ထဲမှာ သူတို့နှစ်ယောက်ရဲ့ အကူညီက ၁၇ လုံးရှိသွားပါပြီ။ ပြီးတော့ နောက်အဓိကကျတဲ့တစ်ခုက သူတို့မှာ လီဗာပူးလ်ဖြစ်မှု အရမ်းများတယ်။ ကြိုးစားမှုနဲ့ အရှုံးမပေးမှုလည်း ခရာသံမကြားမချင်း လျော့မသွားတတ်ဘူး။ အဲ့တာကြောင့် သူတို့အတွဲက ဒီလိုမျိုး အောင်မြင်နေတာ။

နံပါတ် ၅Robert Lewandowski

ထိုင်းစကားပုံတစ်ခုလိုပေါ့ သင့်မှာအရမ်းကြမ်းနေရင် တုတ်ချောင်းကိုင်ထားတာတောင် လှံလိုမျိုး ထိုးသတ်နိုင်မှာပဲ။ Lewandowski လည်းအဲ့လိုပဲဗျ သူက ဘယ်လိုမျိုးပဲ ကစားနေပါစေ ရိုးရိုးရှင်းရှင်းလုံးဝ ဖြစ်တဲ့နေရာကိုတောင် ချက်ချင်း အန္တရာယ်ပြုနိုင်တယ်။ ဘောလုံးက သူ့ခြေထောက်ပေါ်စိုက်ရောက်တာနဲ့ ဘာမဆိုဖြစ်သွားနိုင်တယ်။ ဒီကစားသမားဟာ ဒေသထဲက သေးငယ်တဲ့အသင်းကနေ စတင်ခဲ့ပါတယ်။ အဲ့နိုင်ငံထဲကပဲ ဟိုအသင်းပြောင်း ဒီအသင်းရွှေ့လိုက်နဲ့ ၅ နှစ်ပြည့်သွားပါတယ်။ ၂၀၁၀ ခုနှစ်ရောက်တော့ သူ့မှာ အသက် ၂၁ နှစ်ရှိပြီး ယာဂင်ကလော့ပ်ဆိုတဲ့လူကြီးက ဒေါ့မွန်အသင်းထဲ ခေါ်သွင်းခဲ့ပါတယ်။ သူ့ရဲ့ ဒေါ့မွန်နဲ့ ပထမနှစ်မှာ စကေးမြှင့်တင်တဲ့အနေနဲ့ပဲ ပြီးသွားပါတယ်။ အဲ့ရာသီ ၃၃ ပွဲဆင်းကစားခဲ့ပြီး ဂိုး ၈ လုံး သွင်းနိုင်တယ်။ သူက အလုပ်အရမ်းကြိုးစားတော့ ၂၀၁၁-၂၀၁၂ ခုနှစ်မှာပဲ ကျော်ကြားသွားပါတယ်။ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးက ငါပဲဆိုပြီး တက်လာပါတယ်။ အဲ့ရာသီ တစ်ရာသီလုံးလုံးမှာ ဂိုး ၂၂ လုံး သွင်းနိုင်တယ်။ ပြီးရင် ဒေါ့မွန်ကို ချန်ပီယံ ၂ နှစ်ဆက်တိုက် ယူပေးတယ်။ ဒါပေမယ့် အဲ့ကနေပြီးနောက် ဒေါ့မွန်အသင်း ကြေကွဲခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ချန်ပီယံ ၂ နှစ်ရပြီးနောက် နောက်လာတဲ့နှစ်တွေကတော့ ဒုတိယနဲ့ပဲ ပြီးသွားတတ်တယ်။ အသင်းက နံပါတ် ၁ မရပေမယ့် သူ့ခြေစွမ်း ညံ့မသွားပါဘူး။ ၂၀၁၅ ခုနှစ်ရောက်တော့မှ သူ စာချုပ်ဖျက်ကြေးမရှိပဲ ဒေါ့မွန်ကနေ ထွက်သွားပြီး ဘိုင်ယန်ဆီရောက်သွားပါတယ်။ သူက ဘိုင်ယန်အတွက်ပဲ ကြိုးစားပြီးကစားပေးတယ်။ သူက ဘိုင်ယန်ထဲရောက်လာတော့ သူ့ဘဝထဲမှာ အအောင်မြင်ဆုံးအချိန်ပဲဖြစ်သွားပါတယ်။ ဂိုးတွေ ရှယ်သွင်းနိုင်တယ်။ ရာသီတစ်ခုနဲ့တစ်ခုတွေမှာ မထင်မှတ်တဲ့ အံ့ဖွယ်ရာတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်။ နှစ်တိုင်းမှရခဲ့တဲ့ ဂုဏ်သရေဆုတွေ သူ့ဟောခန်ထဲ ပုံပုံလာတယ်။ ၉ မိနစ်ထဲနဲ့ ဂိုး ၅ လုံးသွင်းနိုင်တာလည်းသူပဲ။ ကွင်းထဲက ဘယ်နေရာကနေပဲ ဂိုးသွင်းပါစေ ဂိုးဖြစ်ဖို့များတယ်။ ကျော်နံပါတ် ၉ နဲ့ကစားသမားရဲ့နာမည်ဟာ Robert Lewandowski ပဲလို့ မိတ်ဆက်ပေးချင်ပါတယ်။

နံပါတ် ၄Bernado Silva

ဒီပေါ်တူဂီ play maker နဲ့ကွင်းလယ်ကစားသမားဟာ ကိုယ့်မွေးရပ်မြေထဲက ဘင်ဖီကာအသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ သူက ၂၀၀၇ ခုနှစ်အတွင်း အသက် ၁၃ နှစ်ထဲနဲ့ U15 အသင်းထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းက သူ့မှာ အကောင်သေးသေးလေးပဲ။ သူက ဘင်ဖီကာအသင်းကြီးထဲ ပါအောင်ကြိုးစားခဲ့တာ ၇ နှစ်တိတိ ကြာသွားပါတယ်။ ပြီးတော့မှ မိုနာကိုက သူ့ကိုအငှားစာချုပ်နဲ့ ခေါ်သွားလိုက်တယ်။ သူက မိုနာကိုနဲ့ ခြေစွမ်းအရမ်းပြနိုင်တော့ ၂၀၁၄-၂၀၁၅ ခုနှစ်မှာပဲ ဘင်ဖီကာအသင်းကနေ ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ယူရို ၁၅.၇၅ သန်းနဲ့ ရွှေ့ပြောင်းသွားပါတယ်။ မိုနာကိုအသင်းကနေ ရီးရဲလ်မက်ဒရစ်ဆီ ရွှေ့ပြောင်းသွားတဲ့ James Rodriguez နေရာကို ဝင်အစားထိုးခဲ့ရပါတယ်။ သူက မိုနာကိုအသင်းနဲ့ ပွဲပေါင်း ၁၄၇ ပွဲ ဆင်းကစားခဲ့ပြီး အသင်းရဲ့အဓိက ကစားသမားဖြစ်သွားပါတယ်။ ဖန်တွေကလည်း သူ့ကို တော်တော်ချစ်ခင်ကြပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က ရိုးရိုးရှင်းရှင်းနဲ့ ဖန်တီးမှုရှယ်မိုက်နေတော့ မိုနာကိုအသင်းကို ဦးဆောင်ပြီး PSG ကို ကျော်တက်ပြီး ချန်ပီယံတက်ယူသွားဖူးတယ်။ အဲ့ဒီလိုနဲ့ပဲ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ မန်စီးတီးက သူ့ကို ယူရို သန်း ၅၀ နဲ့ အသင်းထဲခေါ်သွင်းလိုက်ပါတယ်။ အခုအချိန်အထိ သူ မန်စီးတီးနဲ့ ၅ ရာသီတိတိ နေလာခဲ့ပါပြီ။ Bernado Silva က သူ့ရဲ့ ဘောလုံးအဆင့်အတန်းကို ပြသနိုင်တယ်။ ကွင်းထဲမှာ ဖန်တီးမှုအမျိုးမျိုး ဖန်တီးပေးနိုင်ပြီး ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကိုလည်း ဦးဆောင်နိုင်တယ်။ သူ့မှာ ကွင်းလယ်ကလွဲပြီး အခြား တောင်ပံ Position နဲ့ false 9 Position ရော ကစားနိုင်ပါတယ်။ သူက ပွဲတိုင်းလိုလို အရည်အချင်းပြနိုင်တယ်။ ဘောလုံးက သူ့ခြေထောက်ပေါ်စိုက်ရောက်တာနဲ့ ပြိုင်ဘက်ကို မှော်စွမ်းမိသလိုမျိုး ဝင်လုလို့မရအောင် ထိန်းနိုင်တယ်။ လှည့်ပတ်ဖို့နေရာ နည်းနည်းပဲရှိနေပေမယ့် သူ့ကိုယ်ပိုင်းစကေးနဲ့ အဆင်ပြေအောင် လုပ်နိုင်တယ်။ By1 နေရာမှာလည်း အရမ်းကောင်းနေလို့ ကမ္ဘာ့ထိပ်တန်းဖြစ်နေပါတယ်။ မန်စီးတီးမှာ Kevin De Bruyne ကမှ ဖန်တီးရှင်လို့ပြောရင် မမှားပါဘူး ဒါပေမယ့် Bernado Silva ကိုလည်း မရှိလို့မဖြစ်ပါဘူးနော်။

နံပါတ် ၃Kevin De Bruyne

သူက ကမ္ဘာ့ထိပ်တန်းကွင်းလယ်ကစားသမားပါ။ သူက တကယ့်စစ်မှန်တဲ့ထဲကတစ်ယောက်ပါ။ သူ့ရဲ့ဖန်တီးမှုက ရိုးရှင်းမလိုလိုနဲ့ မရိုးရှင်းပါဘူး။ သူ့ကို အားကိုးရတာ အားရဖို့ကောင်းတယ်။ သူ့မှာ ကစားဖို့နေရာသာရလို့ကတော့ ပြိုင်ဘက်အတွက် ကြွေကွဲဖို့ပြင်ထားတော့။ De Bruyne ဟာ ဘယ်လ်ဂျီယံနိုင်ငံထဲကအသင်းတွေနဲ့ ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ အဲ့တုန်းက သူ့မှာ အသက် ၁၃-၁၄ နှစ်လောက်ပဲရှိပါတယ်။ သူက လူငယ်အသင်းအမျိုးမျိုးထဲပါခဲ့တယ်။ U17၊ U19၊  ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ပြီးတော့မှ အသင်းကြီးထဲ ပါသွားပါတယ်။ သူ့ကိုဝယ်သွားတဲ့အသင်းက ချယ်လ်ဆီးအသင်းပါပဲ။ ယူရို ၈ သန်းနဲ့ ဝယ်ယူသွားပါတယ်။ ချယ်လ်ဆီးထဲရောက်တဲ့အချိန်တုန်းက De Bruyne မှာ အသက် ၂၀ ထဲပဲရှိပါသေးတယ်။ ဒါပေမယ့် သူက ဘယ်လ်ဂျီယံဆီ ၁ ရာသီလောက်တော့ အပို့ခံခဲ့လိုက်သေးတယ်။ Werde Bremen အသင်းပါပဲ သူ့ကိုအငှါးစာချုပ်နဲ့အရင်ခေါ်ပြီး ယူရို ၂၂ သန်းနဲ့ အပြတ်ဝယ်ယူသွားပါတယ်။ သူက အသက် ၂၂ နှစ်ထဲနဲ့ Werde Bremen အသင်းထဲရောက်သွားပြီး ခြေစွမ်းတွေအရမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ကတည်းက သူ့ကို ကမ္ဘာ့ကွင်းလယ်နံပါတ် ၁ ဖြစ်လောက်တယ်လို့ ချီးကျူးခံခဲ့ရနေပြီ။ အဲ့ကနေစပြီး အခုထိ ၈ နှစ်ကြာသွားပါတယ်။ အခုသူ့မှာ တကယ့် ကမ္ဘာ့ကွင်းလယ်နံပါတ် ၁ ဖြစ်နေရော။ သူက ၂၀၁၅-၂၀၁၆ ခုနှစ် Manuel Pellegrini လက်ထဲက မန်စီးတီးအသင်းထဲ ရောက်လာပါတယ်။ ပြီးတော့မှ Pep Guardiola လက်ထဲ‌ရောက်လာတော့ ပတ်က သူ့ကို အမြင်ပိုကျယ်အောင်လုပ်ပေးခဲ့ပါတယ်။ De Bruyne ရဲ့ Form က ပထမရာသီကတည်းက အခုထိ အမြဲတိုးတက်နေပါတယ်။ မန်စီးတီးနဲ့ ပွဲပေါင်း ၂၈၇ ပွဲ ဆင်းကစားပြီး ဂိုး ၇၄ လုံး သွင်းနိုင်တယ်။ ပြီးတော့ Assist ၁၁၁ လုံး ဖန်တီးပေးနိုင်တယ်။ အခု သူ့မှာ အသက် ၃၀ ပဲရှိနေသေးတော့ သူ့စံချိန်က ဒီမှာပဲရပ်မနေသေးပါဘူး။ သူ့အတွက်ရဖို့ ဆုဖလားတွေအများကြီးရှိသေးတယ်။ သူ့အရည်အချင်းက ကမ္ဘာ့နံပါတ် ၁ ပဲ ပြိုင်ဘက်ရဲ့ အနောက်တန်းကို ဘောလုံးဖြတ်ထိုးပေးတာက အရမ်းထူးခြားတယ်။ ပင်နယ်တီစည်းအတွင်းမှ ဝင်စားပေးတဲ့နေရာကလည်း အချိန်မှန်ကန်စွာလုပ်နိုင်တယ်။ အဝေးမှဘော်လုံးပေးပို့မှုကလည်း တော်တော်တိကျတယ်။ အဝေးမှဂိုးသွင်းနိုင်စွမ်းရှိတယ်။ ဒါမှ စစ်မှန်တဲ့ play maker ပါဗျာ။ Platinumclubmm နဲ့ အွန်လိုင်းဘောလုံးလောင်းမယ်။

နံပါတ် ၂Virgil van Dijk

ဒီဟော်လန်လူမျိုးနဲ့ ခံစစ်မှူးဟာ ကြိုးကြာနီလီဗာပူးလ်ရဲ့ အားကိုးရာပဲ။ သူက ယာဂင်ကလော့ပ်ရဲ့ အောင်မြင်မှုဂျစ်ဆော့ပါဗျာ။ ဒါပေမယ့် သူ့ဘဝက ဒီနေရာမရောက်ခင် ကျော်ဖြတ်ရတာမနည်းပါဘူး။ ဗန်ဒိုက်ဟာ ဟော်လန်နိုင်ငံထဲက ဘရက်ဒါမြို့မှာမွေးဖွားခဲ့ပါတယ်။ အသက် ၁၀ နှစ်ရောက်တော့ Willem II စင်တာမှာ သွားရောက်လေ့ကျင့်တယ်။ ၂၀၀၆ ခုနှစ်ရောက်တော့ အသက် ၁၅ နှစ်နဲ့ U17 အသင်းထဲ ပါသွားတယ်။ အဲ့ကနေ ၄ နှစ်ကြာပြီး ဟော်လန်ထဲက နာမည်ကြီး Groningens အသင်းဆီ ရွှေ့ပြောင်းသွားပါတယ်။ အဲ့အသင်းရဲ့ လူငယ်အသင်းထဲ ၁ နှစ်တိတိ နေခဲ့ရပါတယ်။ သူ့ရဲ့ကြီးထွားမှုနဲ့ အတွေးအခေါ်ဝေါ်က ကလေးမဆန်တဲ့အတွက် အသင်းကြီးထဲ လုံးဝအပြီးပိုင် နေသွားခဲ့ရပါတယ်။ ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ၂၀၁၃-၂၀၁၄ ခုနှစ်ရောက်တော့ စကော့တလန်လိဂ်ထဲက နာမည်ကြီး ဆဲလ်တစ်အသင်း သူ့ရဲ့တောင့်တင်းမှုကိုမြင်တော့ ယူရို ၂.၇၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ဗန်ဒိုက်က အသက် ၂၁-၂၂ နှစ်ထဲနဲ့ ဆဲလ်တစ်အသင်းရဲ့ အဓိက ကစားသမားတန်းဖြစ်သွားပါတယ်။ သူ ဆဲလ်တစ်အသင်းနဲ့ ၂ နှစ်နေပြီး အင်္ဂလန်ကျွန်းပေါ်ရွှေ့ပြောင်းလာပါတယ်။ ၂၀၁၅/၂၀၁၆ ခုနှစ်မှာပဲ ဆောက်သန်တမ်အသင်း ဝယ်ခဲ့ပါတယ်။ အဲ့ရာသီ ဆောက်သန်တမ်အသင်းက လိဂ်ရဲ့ နံပါတ် ၈ နဲ့ပြီးသွားပြီး ဒုတိယမြောက်ရာသီရောက်တော့ ဗန်ဒိုက်မှာ အသင်းကပ္ပတိန်ဖြစ်သွားပါတယ်။ သူ့ရဲ့အရည်အချင်းက အရှေ့အနောက်အမြဲညီနေတော့ ကြီးမားတဲ့ အသင်းတော်တော်များများဆီက စိတ်ဝင်စားမှုတွေ ခံခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ ဗန်ဒိုက်ကို အပြီးပိုင်ဆိုင်သွားတဲ့အသင်းက လီဗာပူးလ်အသင်းပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက သူ့ကို ကမ္ဘာ့စံချိန် ယူရို ၈၄.၆၅ သန်းနဲ့ ဝယ်ယူထားတယ်။ ဒါပေမယ့် ဒီဈေးနှုန်းကို နောက်လာတဲ့ရာသီမှာပဲ ကျော်ဖြတ်ခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ ခံစစ်မှူးက ဟယ်ရီ မက်ဂွိုင်းယားပဲ ဖြစ်ပါတယ်။ ဗန်ဒိုက်က လီဗာပူးလ်အတွက် ရောက်ရောက်ချင်း အသင်းအခြေနေကောင်းအောင် တန်းပင့်ပေးနိုင်တယ်။ အချိန်ဘယ်လောက်မှမကြာခဲ့ပါဘူး သူက လီဗာပူးလ်ရဲ့ခံစစ်ပိုင်းကို ဦးဆောင်ပေးတယ်။ အဲ့တော့ ခံစစ်ပိုင်းမှာ ဗန်ဒိုက်ရှိနေတဲ့အတွက် တိုက်စစ်ပိုင်းကလည်း လုံးဝစိတ်ချလို့ရတယ်။ သူက လီဗာပူးလ်အတွက် မရှိလို့မဖြစ်တော့ပါဘူး။

နံပါတ် ၁Mohamed Salah

ကမ္ဘာ့အတော်ဆုံးဘောလုံးသမား ဆာလက်ကို ဒီအချိန်မှာ မသိတဲ့သူမရှိကြလောက်ပါဘူး။ သူက အီဂျစ်ရဲ့ဖါရောပါဗျ။ အာဖရိကတိုက်မှ ကမ္ဘာ့နံပါတ် ၁ တိုက်စစ်မှူးရှိမယ်လို့ပြောရင် တော်တော်များများရယ်မောနေကြလောက်တယ်။ အထင်သေးတာတော့မဟုတ်ပါဘူး အဆင်ပြေမှူကိုသာပြောတာပါ။ ဒါပေမယ့် ဆာလက်က အဲ့ဒီအပြောအဆိုတွေကို ကျော်ဖြတ်နိုင်တယ်။ သူက El Mokarun ဂရပ်မှာ လေ့ကျင့်ဖို့ နေ့စဉ် ၉ နာရီကြာ ကားစီးခဲ့ဖူးပါတယ်။ အသင်းကြီးထဲ ၂ နှစ်တိတိနေခဲ့ပြီးတော့ ဘေဆယ်အသင်းက သူ့ကိုခေါ်သွင်းလိုက်ပါတယ်။ ဒါပေမယ့် သူက ဘေဆယ်အသင်းနဲ့သွားနေရတာ တန်းပြီးအဆင်မပြေပါဘူး။ အစစအရာရာ နေသားကျအောင်အရင်လုပ်ရတယ်။ အဲ့တော့ အသင်းသေးထဲအရင်နေခဲ့ရပြီးမှ ဖြည်းဖြည်းချင်း အသင်းကြီးဆီတက်လာခဲ့ရပါတယ်။  ဘေဆယ်အသင်းနဲ့ ပထမပွဲဆင်းကစားပြီး ဘေဆယ်ဘက်က ၃ ဂိုး ၁ ဂိုးနဲ့ Thun အသင်းအပေါ် အနိုင်ရသွားပါတယ်။ ဆာလက်က အမြဲမကစားရသေးပါဘူး Rotation အနေနဲ့ပဲ နေခဲ့ရပါတယ်။ အခွင့်ရေးကြုံလာတော့ ယူဖာချန်ပီယံလိဂ်ထဲပါဝင်ကစားခဲ့ပြီး ချယ်လ်ဆီးကြိုက်သွားပါတယ်။ အဲ့အချိန်မှာ လီဗာပူးလ်နဲ့လည်း သတင်းဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် နောက်ဆုံး သူက ချယ်လ်ဆီးကိုပဲ ရွေးချယ်လ်လိုက်တယ်။ ဒီဖြစ်ရပ်က ဆာလက်ရဲ့ တကယ့်ခုံပျံကျော်လွှားမှုပဲဗျ ဒါပပေမယ့် မျှော်လင့်ထားတဲ့အတိုင်းမဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဓိကနေရာတွေ ပြည့်နေပြီမို့လို့ပါ။ ချယ်လ်ဆီးအသင်းဟာ အဲ့အချိန်တုန်းက ရှယ်ကောင်းတဲ့သူတွေချည်းပဲဗျ။ ကောင်းလွန်းလို့ ဆာလက်နေရာတောင်မရှိဘူး။ အဲ့ဒီလိုနဲ့ပဲ ချယ်လ်ဆီးကိုနှုတ်ဆက်ပြီး အငှါးစာချုပ်နဲ့ ဖီအိုရင်တီးနားဆီရောက်သွားပါတယ်။ ဖီအိုရင်တီးနားတို့ စာချုပ်ထဲက option ပါတဲ့အတိုင်း အပြတ်ဝယ်ဖို့ကြိုးစားပေမယ့် ရိုမားဆီက ဆက်သွယ်မှုရခဲ့တော့ ဆာလက်က ဖီအိုရင်တီးနားကို မရွေးခဲ့ပါဘူး။ သူက ချယ်လ်ဆီးမှာပဲဆက်နေပြီး ရိုးမားအသင်းဆီ အငှါးစာချုပ် + အပြတ်ဝယ် option လေးနဲ့ ထပ်ရောက်သွားပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဆာလက်က ရိုးမားနဲ့ ၃၄ ပွဲဆင်းပြီး ဂိုး ၁၄ လုံးနဲ့ Assist ၇ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ပဲ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းနဲ့ အပြီးပိုင်ရောက်ချသွားပါတယ်။ ရောက်ရောက်ချင်းရာသီမှာ ၃၁ ပွဲ ဆင်းပြီး ဂိုး ၁၅ လုံးနဲ့ Assist ၁၃ ကြိမ်တန်းလုပ်နိုင်တယ်။ အဲ့ဒီခြေစွမ်းမျိုးနဲ့ ယာဂင်ကလော့ပ်ရဲ့မျက်ဝန်းထဲရောက်သွားပါရော။ အဲ့အချိန် လီဗာပူးလ်အသင်းက ပြန်တည်ဆောက်နေတဲ့အချိန်ဆိုတော့ ကွက်တိပဲ။ နောက်ဆုံး လီဗာပူးလ်အသင်းက ဆာလက်ကို  ယူရို ၄၂ သန်းနဲ့ ခေါ်သွင်းခဲ့လိုက်ပါတယ်။ ဆာလက်ရဲ့ဈေးနှုန်းက အခုလက်ရှိ ယူရိုသန်း ၁၀၀ ထက်မနည်းဘူး။ လီဗာပူးလ်အတွက် ဘာဆုတွေခူးပေးဖူးလည်းဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံ၊ ယူဖာချန်ပီယံလိဂ်ဖလား၊ စူပါဖလားချန်ပီယံ၊ World Club Football Championship ဖလား ပြီးတော့ လိဂ်ရဲ့ တစ်နှစ်သာ ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမား ၂ ခါရဖူးတယ်။ ဒီဆုဖလားတွေနဲ့ ဆာလက်ကို တကယ့်တောင်ပံတိုက်စစ်ဖြစ်မှန်း ပြသခဲ့ပါတယ်။ လျင်မြန်မှုနဲ့ ပြန်သားမှုက သူ့ရဲအားသာချက်ပဲ။ စိတ်ရှည်တည်းခံမှုနဲ့ ကြိုးစားမှုရှိတာလည်းသူပဲ။ သူက ကွင်းထဲမက ကွင်းပြင်ပါ အတုယူစရာကောင်းပါတယ်။ သူဟာ အလ္လာဟ်အရှင်မြတ်ထံ ဝိညာဉ်များကို ရောင်းစားသောသူပဲ။ သူဟာ တန်းတူညီမျှမှုကို ပြသတဲ့သူပါ။ ဒါမှ ကွင်းထဲကော ကွင်းပြင်ပါ ကမ္ဘာ့နံပါတ် ၁ ဖြစ်နေတာ။